@yehtetaung1342005: Relationship တစ်ခုကို တည်ဆောက်တဲ့နေရာမှာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် တိုးတက်အောင် စီမံနိုင်တဲ့ partner တွေ ဖြစ်ဖို့လိုတယ်.. တစ်ယောက်နဲ့တစ်ယောက် စိတ်မရှုပ်စေရဘူး.. အပြန်အလှန် နားလည်မှု ရှိရမယ်.. အပြန်အလှန် support လုပ်ပြီး တိုးတက်စေရမယ်.. နှစ်ယောက်အတူတူ ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိအောင် အပြန်အလှန် support လုပ်ပေးသွားနိုင်တဲ့သူ ဖြစ်ဖို့ လိုအပ်တယ်.. လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်အရည်အချင်းတွေ၊ သူ့အရည်အချင်းတွေ ဆုတ်ယုတ်သွားပြီး နှစ်ယောက်အတူတူ ချစ်ဝဲဂယက်မှာပဲ တူပျော်တူပျော် လုပ်နေလို့မရဘူး.. ချစ်တာက ချစ်ပါ.. ဒါပေမဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကိုလည်း မေ့ထားလို့မရဘူး.. နှစ်ယောက်အတူတူ တိုးတက်လိုစိတ်ရှိပြီး အရည်အချင်းတွေ ပြည့်မီနေအောင် အပြန်အလှန် support လုပ်ပေးနိုင်ရမယ်.. ချစ်တယ်ဆိုတဲ့နေရာမှာ အချိန်ပြည့် အချိန်ပေးနေမှ မဟုတ်ပါဘူး.. အမြဲတမ်း ချစ်တယ်ဆိုတဲ့စကားတွေ ထုတ်ပြောနေမှ မဟုတ်ပါဘူး..ချစ်တယ်ဆိုတဲ့ ခံစားချက်လေးတွေ၊ သူနဲ့အတူတူ ရှိနေရခြင်းတွေက နွေးထွေးလိုက်တာဆိုတဲ့ ခံစားချက်လေးတွေ နှစ်ဦးသား ခံစားသိရှိနေရင် ရပါပြီ။ အချိန်ပြည့် ချစ်ကြောင်းတွေပြောနေမှ မဟုတ်ဘူးနော်... သူလည်း သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေ၊ သူ့ရဲ့ပန်းတိုင်တွေကို အရောက်သွားရလိမ့်မယ်..ကိုယ်လည်း ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေ၊ ပန်းတိုင်တွေ ရှိတယ်..အဲဒီအချိန်မှာ အပြန်အလှန် တိုးတက်ရာ တိုးတက်ကြောင်းအတွက် support လုပ်ပေးနိုင်ဖို့လိုတယ်.. ချစ်တဲ့စိတ်တစ်ခုတည်းမှာပဲ ဘဝတွေကို နှစ်ထားလို့မရဘူး.. ကိုယ့်အရည်အချင်းတွေကို မြှင့်တင်နေဖို့ နှစ်ယောက်အတူတူ ကြိုးစားနေရမှာ.. နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ထောင်တဲ့အခါ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲ ရေရှည်သွားလို့မရတာ သိထားဖို့ လိုတယ်.. ကိုယ့်ဘဝထဲမှာ လူတစ်ယောက်ကို ခေါ်ထားနိုင်တဲ့ အရည်အချင်းမျိုး ရှိနေဖို့အတွက် skills တွေကို သင်ယူနေမှ ရမယ်.. crd-#ခဲတံ #healthyrealtionship #improvetogether #fypシ
Ye Htet Aung ...💢
Region: MM
Tuesday 19 May 2026 10:11:12 GMT
Music
Download
Comments
Kaung7🇲🇲 :
အမှန်ပဲ
2026-06-04 12:27:18
2
ヮィ🌻☘️ :
ကိုယ်လဲ ပိုင်ဆိုင်ထားတယ် love you luu gyi yay💛🌻
2026-06-13 02:49:18
0
Hnin :
စာသားလေးပေးပါ🥰
2026-05-20 18:50:37
2
🎗️Ame san💫✨ :
အဲ့rsကိုရထားတယ်🥰🤭
2026-06-12 19:22:10
0
thithinaing885 :
၏
2026-05-22 04:28:10
1
phyu. Lay :
စာသားလေးပြန်တင်ပါရစေရှင့်🤭🥰
2026-05-31 11:31:46
1
Saw Thar Htun♋ :
ဟုတ်ကဲ့🙆😚
2026-06-11 04:11:00
0
Aung Nge :
ဟုတ်တာပေါ့😊😘
2026-05-22 11:29:36
2
👑👑👑Emily👑👑👑 :
@Kaungz ❤️❤️
2026-05-27 09:11:49
2
Saw Mon Myat 🇲🇲(Kyaiklat) :
@Dar Dar 🥰🥰🥰
2026-05-27 03:26:46
1
Enough :
@Thinzar🍃🫧
2026-06-03 23:47:47
1
Thara Phi Moe :
@Arkar Min 🥰🥰
2026-06-11 16:44:30
1
Naing :
🥰
2026-06-12 02:58:04
0
To see more videos from user @yehtetaung1342005, please go to the Tikwm
homepage.