@buddhadhamma93: ကာမ ကိစ္စကျတော့အရင်က လုပ်ခဲ့ဘူးတော့ ဒီ ဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်တတ်ပါ့ ဗျာ ။ စျာန်ကိစ္စ ကျတော့ဆရာ ပြတာတောင် သဘောပေါက်ရဲ့လား - မလုပ်ခဲ့ဘူး ဆိုတာ သေချာတယ် ထင်သဗျာ ။ ဒီလိုဆို ကိလေသာကို ရှို့ မြိုက် ဖျက်ဆီးပြီး ဆန်ပြီး ဆန်ပြီး တက်ဖူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့တော့ တော်တော် ခဲရင်းလိမ့်မယ်။ နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ ရောက်ဖူးမှာပေါ့လေ ။သူ့တော့ ရောက်ဖူးတယ် ပြောရမှာပေါ့ ။ လူ့ဘုံကတော့ မကြာမကြာ လောက်တော့ ရောက်ဖူးတယ် ထင်တယ် ။ အမြဲလား မကြာမကြာ လား - မကြာမကြာလောက်တော့ ဖြစ်မှာပါ ။ အမြဲတော့ မဖြစ်နိုင်ပါဘူး ။ * ဘာဖြစ်လို့တုန်း ။ တစ်ရက်အတွင်း ဖြစ်နေတဲ့ စိတ်ကို သုတေသန ပြုကြည့် ။ မောဟက တိရစ္ဆာန် သွားမှာကွဲ့။ အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာ စိတ်တုန်း ဟေ့ မောဟ ထင်တယ် ။ အိပ်ပျော်နေတုန်း လိုချင်တာ ရှိလား ။ မုန်းတာတွေ ဒေါသတွေ ရှိလား ။ ကဲ မောဟ ဗျာ့ ။ ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံ သွားတာ ထင်တယ် ။ သူလည်း မျော လိုက်သွားတာ ထင်တယ် ။ - ဆန် တက်သလား - မျော လိုက်သလား မျော လိုက်တာပါ ။ နိုးတဲ့ အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့နေမှာပါ ။ * လိုချင်တာလေး တစ်ခု ရှိမှ လောဘက လာတာ ။ ၂၄- နာရီမှာ - မောဟ က - တိရစ္ဆာန် ဖြစ်မယ့် မျိုးစေ့က ဘယ်လောက် ရှိမယ် ထင်တုန်း - အများဆုံး ပါ ။ သူသည် ပထမ ဇော ထင်တယ် ။ လောဘ က လိုချင်တဲ့ စိတ် ။ လိုချင်တာလည်း တစ်နေ့တာ လုံးလုံး - လယ်လည်း လယ်မို့ - ယာလည်း ယာမို့ - ဒို့ မြို့မှာလည်း အရောင်းအဝယ် မို့ ရုံးမှာ မို့ သူ လိုချင်တာလေး လည်း ဒုတိယတော့ လိုက်လိမ့်မယ် ။ - လိုချင်တာ မရတဲ့ အချိန်ကျမှ ဒေါသက လာလိမ့်မယ်.လိုချင်တာ လက်လွှတ် ဆုံးရှုံးတဲ့ အခါမှ ဒေါသက လာလိမ့်မယ် ။ လူ့ဘဝ ရောက်တုန်း ကောင်းမှု ပြုမယ်ဆို ဆွမ်းတော် ကပ်ဖူးလား ။ ဒါတောင် သြကာသ ရလို့ဆိုတာဗျ ။ မောဟ နယ်ထဲက ဆိုနေတာ ။ - ကိုယ့် စိတ်နဲ့ကိုယ် ဆိုနေတာလား - ရလို့ဆိုနေတာလား ရလို့ဆိုနေတာပါ ။ သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလား ဟေ့ - အမယ် ကောင်းမလား လို့ ဆွမ်း ထွက်လောင်းတော့လည်း ဘုန်းကြီး သပိတ်နဲ့ကိုယ့် စိတ်နဲ့တည့်သလား - တည့်မှာ မဟုတ်ပါဘူး ။ ကောင်းတာ လုပ်တာတောင် မောဟ ကင်းလား ဗျ ။ ကောင်းမှု လုပ်တဲ့ ထဲလည်း မောဟ က နှုတ်ဦးမှာပါဗျ ။ ဒါတောင် များများကြီး မလုပ်နဲ့- ဒီလောက်ဆို တော်ရောပေါ့ တဲ့ ။ အထက် တက်မှာ စိုးလို့ဗျ ။ မောဟ က များများကြီး လုပ်ခွင့် ပြုလား ။ * ဒီလိုဆို မောဟ သည် တိရစ္ဆာန် ဖြစ်မှာဆိုတော့ တိရစ္ဆာန်ရဲ့ ဉာဉ် ကတော့ ကြိုက် ကြိုက်သလို လိုက်တော့တာဘဲ ။ ခွေး ကြည့် - မြွေ ကြည့် - ကျား ကြည့်ပါ - သူတို့ကြိုက် ကြိုက်သလိုဘဲ ။ စောင့်စည်းသေး လား ။ အော် ငါ ဒီလို လိုက်လို့ သူ့ခမျာ ကြောက်လို့ပြေးရှာတာဘဲ ဆိုပြီးနား နေရစ်သလား ဟေ့ - * ဒီ စိတ်တွေသည် တိရစ္ဆာန်တွေ ဆီက ပါလာတဲ့ စိတ်တွေ ။ ဒို့ စိတ် မဟုတ်သေးဘူး ။ လူစိတ် စစ်စစ် ဟုတ်သေးလား ဟေ့ - တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ လူ တစ်ဘဝ ပြန်ရသတဲ့ ။ ဘာလို့ ဆိုတော့ - ဟိုဘက်က မောဟ က အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး အားနည်းပြီ ဆိုမှကောင်းတဲ့ ကံလေး ထပြီး အလှည့်ကျခွင့် ရသတဲ့ ဗျာ ။ တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ လူ တစ်ခေါက် တစ်ခေါက် ဆိုတော့ လူ့ပြည်က ဧည့်သည် ဖြစ်နေတယ် တဲ့ ။ တိရစ္ဆာန် ပြည်က ကိုယ့်အိမ် ဖြစ်နေတယ် ။ * ရှာဖွေတဲ့ ပစ္စည်းတွေ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာ ဖြစ်ဖြစ် အရူးလည်း အရူးနဲ့ထိုက်တန်တဲ့ ပစ္စည်းလေးတော့ နှမျောတာဘဲ လိုချင် တာဘဲ ခင်မင်တာဘဲ ဗျ ။ ဒုတိယ ခင်မင်စိတ် လိုက်တဲ့ အတွက် ပြိတ္တာဖြစ်တာ ဒုတိယ လိုက်တယ် ။ အိမ် စွဲ အိမ်နားက မကျွတ်ဘူး ။ သား စွဲ သားနား သမီး စွဲ သမီးနား မကျွတ်မလွတ် ပေါ့ဗျ ။ စွဲတဲ့ နေရာ ငြိတာဘဲ ။ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ - စွဲရင် ငြိတာဘဲ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ ။ တန်ဘိုး ကြီးမှ စွဲမှာလား ကြီးသည် ဖြစ်စေ မကြီးသည် ဖြစ်စေ ခင်မင်စိတ်က အဲ့ နေရာမှာ စွဲအဲ့ နေရာမှာ ငြိတယ် ။ ပြိတ္တာသည် ဒုတိယ အဖြစ်များဆုံး ထင်တယ် ငရဲ ကတော့ အလွန်ကို ဒုစရိုက်မှု ကျူးလွန်နေပြီး ဘာမှ မသိတက်တဲ့ ဟာမျိူ း ။ လူ့တိရစ္ဆာန် ခေါ်မှာပေါ့ ။ * တိရစ္ဆာန် ဘုံကနေပြီး ကောင်းမှုကုသိုလ် တစ်ခုကြောင့် လူ့ဘဝ ရောက်လာပြန်တော့လည်း တိရစ္ဆာန် ဉာဉ် မပျောက်ကြဘူး ။ ခက်ခက်ခဲခဲ ကြားက ရလာတဲ့ `လူ ရယ်လို့ဆိုရမယ် ။ လူ မှ လူ လူ မှ နတ် လူ မှ ဗြဟ္မာ လူ မှ အရိယာဘုံ ထိ သွားခွင့် ဟာ ဒီမှာဘဲ ရှိတယ် ။ အဆင့် တက်နိုင်ရင် အဆင့် တက်ခွင့် ခေါ်မလား ။ တက်ချင်ရင် တက်ခွင့် ခေါ်မှာပေါ့ ။ ရောက်မယ် ပြောတာ မဟုတ်ပါဘူး ။ တက်ချင်ရင် တက်ခွင့် ရှိတယ် ။ ဒါ `လူ့အခွင့်အရေး ဘဲ ။ ဘာဖြစ်လို့တုန်း ဆိုတော့ ကိုယ် နဲ့စိတ် ကောင်းကံ ပြုနိုင်တာ လူ့ဘုံဘဲ ရှိတယ

Dhamma တရားတော်များ
Dhamma တရားတော်များ
Open In TikTok:
Region: AE
Tuesday 19 May 2026 15:36:59 GMT
39255
5367
158
153

Music

Download

Comments

yeaung8882
ko ye :
သာဓုသာဓုသာဓုပါအရှင်ဘုရား
2026-05-26 07:01:55
0
kiki495tiktok.com
kiki :
အလွန်မွန်မြတ်သောတရားများကိုရိုသေစွာနာယူရပါတယ်ဘုရားသာဓုသာဓုသာဓု
2026-05-21 01:35:16
0
youok1121
You :
ကြည်ညို ကန်တော့ပါဧ။် ဘုရား သာဓု သာဓု သာဓု
2026-05-20 16:29:56
0
may.moe932
May Moe :
🙏🏻🙏🏻🙏🏻 သာဓု သာဓု သာဓုပါဘုရား
2026-05-22 02:46:46
0
meenge2winmay
Mee Nge :
၊🙏🙏🙏ပါဘုရား
2026-05-22 04:13:55
0
user63152193815842
မြတ်မိခင် :
🙏🏻🙏🏻🙏🏻
2026-05-20 05:34:11
0
u.aung.moe843
U Aung Moe :
🙏🙏🙏🙏🙏🙏🙏🙏
2026-05-19 17:25:47
0
bornfrojimin1
M☘️ :
သာဓု သာဓု သာဓု ဘုရား🙏🙏🙏
2026-05-22 03:25:40
0
khaingsoe7214
Khaingsoe :
သာဓုသာဓုသာဓုပါဘုရား
2026-05-22 07:01:19
0
thantun3139
thantun :
🙏🙏🙏သာဓု🙏သာဓု🙏သာဓု🙏ပါဘုရား🙏🙏🙏
2026-05-22 02:09:52
0
arkar.phyowai2
Arkar Phyowai :
သာဓု သာဓု သာဓု
2026-05-22 00:09:09
0
kthargyibk.ru
[email protected] :
ကျေးဇူ့တင်ပါတယ်ဗျာ
2026-05-25 07:08:00
0
kyaw.thu9688
Kyaw Thu :
🙏🙏🙏 သာဓု သာဓု သာဓုပါဘုရား
2026-05-21 15:00:02
0
htetghk.tyogj
Htetghk Tyogj :
သာဓုသာဓုသာဓုပါဘုရား
2026-05-20 03:14:10
0
ukuwayr
ပုညအရှင်(မြောင်) :
မျှဝေခွင့်ပြုပါ
2026-05-21 17:11:00
0
htet21011
Ⓗⓣⓔⓣ :
ကူးယူပူဇော်ခွင့်ပြုပါ🙏🙏🙏
2026-05-21 04:23:36
0
user375464741
Mar Mar :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-06-06 00:29:16
0
htarthakhinmdy
Htar Tha Khin beauty Saloon :
🙏🙏🙏
2026-06-04 17:33:31
0
htayminaung60
HTAY NiM AULG :
🙏🙏🙏
2026-06-02 15:35:54
0
hyag78
ယောနသံ :
🙏🙏🙏
2026-06-01 13:53:43
0
redmi96565
Daw Aye Mya Thu :
🙏🙏🙏
2026-06-01 10:26:52
0
yeeyeem5
YeeYeeM :
🙏🙏🙏
2026-06-01 11:37:41
0
phyo.kyi.eng.lang
Phyo & Kyi Eng Language School :
🙏🙏🙏🙏🙏
2026-06-01 10:18:16
0
u.soe.win1955
U Soe Win :
🙏🙏🙏
2026-06-01 04:15:13
0
myo.min.thu.p.k.p
Myo Min Thu ( p.k.p) :
🙏🙏🙏🥰🥰🥰🙏🙏🙏
2026-05-19 16:00:52
0
To see more videos from user @buddhadhamma93, please go to the Tikwm homepage.

Other Videos


About