@aries.5222: #ဂုဏ်တော်၉ပါးကိုဂြိုဟ်သက်အလိုက်ပုတီးစိပ်နည်း ဘုရားဂုဏ်တော် (၉) ပါး ဖြင့် ဂြိုဟ်တိုင်ခွင်ဘုရား များအား ပုတီးစိတ် ပူဇော်ပုံ ဖြစ်ပါသည်။ ၁။ တနင်္ဂနွေနေ့ “အရဟံ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၆)ပတ် စိတ်ပါ။ ၂။ တနင်္လာနေ့ “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၅)ပတ် စိတ်ပါ။ ၃။ အင်္ဂါနေ့ “ဝိဇ္ဇာစရဏသမ္ပန္နော” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၈) ပတ် စိတ်ပါ။ ၄။ ဗုဒ္ဓဟူးနေ့ (နံနက်) “သုဂတော” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၇) ပတ် စိတ်ပါ။ ၅။ ဗုဒ္ဓဟူးနေ့ (ညနေ) “လောကဝိဒူ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၂) ပတ် စိတ်ပါ။ ၆။ ကြာသပတေးနေ့ “အနုတ္တရောပုရိသဓမ္မသာရထိ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၉) ပတ် စိတ်ပါ။ ၇။ သောကြာနေ့ “သတ္တဒေဝမနုဿနံ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၂၁) ပတ် စိတ်ပါ။ ၈။ စနေနေ့ “ဗုဒ္ဓေါ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။ ၉။ စနေနေ့ (အခြားအချိန်) “ဘဂဝါ” ဂုဏ်တော်ဖြင့် ဂြိုဟ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။ ပုတီးစိတ်နည်းနှင့် ဆုတောင်းပုံ ----------------------------- ဘုရားတပည့်တော်သည် ဤနေ့၊ ဤရက်(တနင်္ဂနွေ) နေ့မှစ၍ စနေနေ့ တိုင်အောင် (၇) ရက်တိတိ ဘုရားဂုဏ် တော် (၉)ပါးကို နေ့စဉ် ဂြိုဟ်သက်အလိုက် ပွားများ အားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။ ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့် လောကတွင် ဆရာတစ်ဆူဖြစ်၍ လိုအပ်သော ဆန္ဒများ တလုံးတဝတည်း ပြည့်စုံရပါလို၏ ဘုရား (သို့မဟုတ်) မိမိလိုရာဆိုတောင်းပါ။ ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အား ရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုဟ်သက် အလိုက် (၆)ပတ်” ပုတီးစိတ်၍ ပူဇော်ပါမည် ဘုရား။ ဤသို့ပူဇော်ရသောအကျိုးအားကြောင့်….. (၁) (တနင်္ဂနွေ)ဂြိုဟ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင် ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။ (၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော်မြတ် အပေါင်းတို့က စောင့်ရှောက်ပါစသေတည်း။ (၃)(တနင်္ဂနွေနေ့ဖွား) ယောကျ်ား၊ မိန်းမအပေါင်းနှင့် သတ္တဝါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။ (၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအဝ၀ အောင်မြင်ပါစေသတည်း။ ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုဟ်အလိုက်/ ဂြိုဟ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိတ်ပါ။ ဥပမာ-တနင်္လာနေ့တွင်စိတ်လျှင် ဂြိုဟ်မှာ တနင်္လာဂြိုဟ်ဖြစ်ပြီးတော့၊ ဂြိုဟ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက် ကြောင့် (၁၅) ပတ်စိတ်ရပါမည်။ ဂုဏ်တော်အားဖြင့် “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြစ်ပါသည်။ အကျိုးကျေးဇူး --------------- (၇)ရက် (၇)ကြိမ်၊ စုစုပေါင်း(၄၉)ကြိမ် ပြီးမြောက်ပါက ပါရမီ အနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအဝယ်စသည်များ စတင်ထူးခြားမည်။ ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီ အနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။ (အမြဲစိတ် သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့် ပြည့်စုံခြင်းတို့ဖြစ်မည်။) တရားကုသိုလ်မျှဝေပါတယ်။ မူရင်းတင်သူကို လေးစားစွာဖြင့် Credit ပေးပါတယ်ရှင်🙏🏻 စိတ်ရောကိုယ်ပါ ချမ်းသာရာ ရကြပါစေ🙏💚 #ချမ်းသာရာ နိဗ္ဗာန်ကုန်နှင့် လောကီချမ်းသာ အထောက်အပံ့ပစ္စည်းများ ရန်ကုန် #ဂုဏ်တော်ကိုးပါး #ပုတီးစိပ်ခြင်း #ကုသိုလ်ယူ

Hsu 🍀♈
Hsu 🍀♈
Open In TikTok:
Region: MM
Tuesday 19 May 2026 21:33:18 GMT
1012457
53129
2
6061

Music

Download

Comments

chae08756
chae :
🥰🥰🥰
2026-05-20 04:10:55
9
To see more videos from user @aries.5222, please go to the Tikwm homepage.

Other Videos


About