@nyanavara3: (((ဦးသဲဖြူ -သဲဖြူဆရာတော်သည် ငါတို့အောက် အရောက်နောက်ကျသော ရဟန်းဖြစ်နေ၏။ သို့တစေလည်း ငါတို့သည် ရှေ့ရောက်နောက်ရောက်ကိုသာ အဓိကမထားဘဲ ငါတို့ကြောင့် တစ်ဖက် ဦးသဲဖြူနှင့်အပေါင်းအပါများ စိတ်ငြိုငြင်နေမှုကိုသာ အလေးထား၍ သည်နေရာက ငါ ထွက်ခွာပေးသင့်သည်အကြံဖြစ်ပွားစေခဲ့ခြင်းပင်။)))) ◾မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘာကြောင့် မဟာမြိုင်တောကြီးကို စွန့်ခွာတော်မူခဲ့ရသလဲ ❝ သည်သို့ မဟာမြိုင်၌ စာရေးရင်းကျင့်၊ ကျင့်ရင်းစာရေးဖြင့် နေလာခဲ့ရာ••• ခုနှစ်အားဖြင့် ၁၃၆၅ မှ ၇၂ သို့တိုင်ခဲ့ပြီ။ နေနှစ် အားဖြင့် ၈ နှစ်တိုင်ခဲ့ပြီ။ ဤ ၇၂ ခုနှစ်အရောက်တွင် ငါတို့ ဦးခေါင်းထက်သို့ ကျောက်ခဲတစ်လုံး ပြုတ်ကျလာခဲ့ပြီ။ ယင်းမှာ•••၊ ❝ မဟာဗောဓိမြိုင်ဆရာတော် ပျံလွန်တော်မူပြီဆိုတာ ဟုတ်သလား ❞ သတင်းလွှင့်ခြင်းပင်။ ထိုသတင်းကို ငါတို့အနီးနေ ချက်မရေ ဦးသဲဖြူက လွှင့်သည်။ ဦးသဲဖြူသည် ရန်ကုန်နေ ဗိုလ်မှူးမြသန်းစံထံ ထိုအတိုင်းဖုန်းခေါ် မေး၏။ ဦးမြသန်းစံက သည်ဘက်မကြားပါဖြေ၍ မောင်သွေးချွန် ဘက် လှမ်းမေး၊ မောင်သွေးချွန်ကလည်း သည်ဘက်မကြားပါဖြေ၍ ခွေးမသား(မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးဖြစ်သူ ဦးမြတ်သူအား ဆရာတော်ကြီးမှ ခေါ်ဆိုသောအမည်) ဘက်လှမ်းမေး၊ ခွေးမသားကလည်း သည်ဘက်မကြားပါ ဖြေ၍ ရွှေဘိုနေ ဒေါက်တာအိုကေဆီ လှမ်းမေး••• သို့ဖြင့် မသာသတင်း ကောလာဟလ ပြန့်စေခဲ့ပြီ။ ထိုသတင်း ဘယ်အချိန်က စတင်ပျံ့နှံ့နေသည် မသိ။ ငါတို့ထံကား ၇၂ ခုနှစ်၏ နတ်တော်၊ ပြာသိုလောက်အရောက်တွင် ကြားရ၏။ နဂိုချွန်၏ နဘယံမဂ္ဂဇင်းကြီးထဲမှနေ ကြားရခြင်းဖြစ်၏။ ထိုစဉ် ကပင် သည်နေရာ ငါမနေသင့် ဆုံးဖြတ်လိုက်၏။ နောက်တစ်ဖန်•••၊ မဟာဗောဓိမြိုင်နာမည်နှင့် ထောင်များ၌ ပေါ်တာဆွဲနေသတဲ့။ ချက်မရေရောက် ထောင်သားတိုင်းက မဟာဗောဓိမြိုင်ပေါ်တာ ဆွဲလို့ချည်းဖြေသတဲ့။ သည်ဘုရားဘယ်သူတည်သလဲမေး၊ မဟာဗောဓိမြိုင်တည်တာ ချည်းဖြေကြသတဲ့။ ထိုသတင်းများလည်း နားသို့ဝင် တံကျင်လျှို လေကုန်သည်။ နောက်တစ်ဖန် ဦးသဲဖြူက ❝ မဟာမြိုင် ❞ နာမည် ခံယူလိုက်သတဲ့။ ငါတို့ ဉေယျဓမ်အရောက်မှာ (၁၃၇၄ ခုနှစ်ရောက်မှ) ကြားလိုက်ရ သည်ကား ယင်းဦးသဲဖြူက မဟာမြိုင်နာမည်ဖြင့် မုံရွာ၌ တရားဟောရန် ကြေညာသည်။ မဟာဗောဓိမြိုင်စွဲများ သွားရောက် တရားနာရန်ဟန်ပြင်ရာ မဟာဗောဓိမြိုင်အစစ် မဟုတ်သဖြင့် (တရားမနာတော့ဘဲ) နောက်ပြန်ဆုတ်လာခဲ့ကြကြောင်း သတင်းပါ ကြားရသေး၏ သို့ .. မဟာမြိုင်နှင့် မဟာဗောဓိမြိုင် ပုံမှားရိုက်ခြင်း။ မဟာမြိုင်နာမည်ဖြင့်ပင် အတင်းပင်တိုးခြင်း။ ထိုသတင်းများကား တောင်ပြိုအလား ကျောက်တုံးများစွာ ဦးခေါင်းပေါ်သို့ ပြုတ်ကျလာရာ သည်နေရာ ငါလုံးဝမနေသင့် အပြီး ဆုံးဖြတ်လိုက်တော့သည်။ သို့ဖြင့် ပြောင်းရမည့်နေရာရွေးချယ်ရာ ချောင်ကျခေါင်ကျလဟဲ့ ဆိုကာ မိုးမိတ်ကို ရွေးချယ်လိုက်၏။ ထိုမှနေ လိုက်ပို့မည့်(ခြေလုံ နှုတ်လုံ) ဒကာများ စောင့်ဆိုင်းနေရတော့အံ့။ ❞ ဆရာတော်ကြီးဟာ မဟာမြိုင်မှာ ဆက်ပြီး သီတင်းသုံးသင့်မသင့်ကို စဉ်းစားတော်မူရာမှာလည်း ဆရာတော်ကြီးရဲ့ စဉ်းစားဆုံးဖြတ်မှုတွေဟာ များစွာ ကြည်ညိုဖွယ်ကောင်းတာကို တွေ့ရပါတယ်။ ရှေ့တိုးနောက်ဆုတ်စာတမ်းမှာ မဟာမြိုင်တောကြီးမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းကို အခုလိုရေးသားထားပါတယ်။ ❝ ငါတို့ခေါင်နန်းပလ္လင်တည်နေရာသည် ထိုအရှင်မြတ်လာရောက် နေထိုင်ရာ၏ ခေါင်းရင်းအနီးမှာသာ တည်ရှိ၏။ သတင်းလာမေး၊ အခုချက်ချင်း သိနိုင်၏။ လာမမေးလည်း ထိုရှင်မြတ်နေသော စခန်း မှ နံနက် ၉ နာရီတိုင်း ဆွမ်းလာလောင်းသူများ နေ့စဉ်မပြတ်ရှိနေသဖြင့် အလိုလိုပင် သိနိုင်၏။ သို့စဉ်လျက် အဝေးလူကြုံ ရန်ကုန်သို့ ဖုန်းလှမ်းဆက်၍မေးခြင်းသည် သူ့၌အကြံတစ်မျိုး စိတ်ဝယ်ထိုးကျင့်နေပြီးဖြစ်ကြောင်း သိနိုင်၏။ ထိုစဉ်•••၊ ငါ့ကြောင့် တစ်ဖက်စိတ်မဆင်းရဲစေသင့်။ ငါ့ကြောင့် တစ်ဖက်အကျိုးမယုတ်စေသင့်။ ငါကား အသက် ၇၀ ကျော်ပြီဖြစ်သဖြင့် နေခွင့်ရရက်များ နည်းပါးလာနေပြီ။ သို့ကြောင့် စိတ်ဆင်းရဲစရာရှိ ငါပဲ ဆင်းရဲခံတော့မည်။ အကျိုးဆုတ်ယုတ်စရာရှိကလည်း ငါပဲ အဆုတ်ယုတ်ခံ တော့မည်။ နောက်တစ်ဖန် တွေးမိသည်မှာကား••• သူကား အများအတွက်ရည်ရွယ်ကာ ဘုရားတည်နေသဖြင့် မြင့်မြတ်၏။ ငါကား တစ်ပါးတည်း တရားအားထုတ်နေသူဖြစ်သဖြင့် တစ်ကိုယ်ကောင်းဆန်၏။ သို့ကြောင့် တစ်ကိုယ်ကောင်းဆန်သော ငါ သည်နေရာနှင့် မထိုက်တန်•••။ သို့ ဆုံးဖြတ်ကာ မဟာမြိုင်မှ ထွက်ခွာရန် ဟန်ပြင်ရတော့သည်။ ❞ တစ်ခါ၊ အသွားမတော်တစ်လှမ်းစာတမ်းမှာလည်း မဟာမြိုင်က စွန့်ခွာရခြင်းကို အခုလို မှတ်တမ်းတင်တော်မူခဲ့ပါတယ်။ ❝ ငါ့ကြောင့် သူတစ်ဖက်သားများ အကုသိုလ် မပွားစီးကြရန် ငါ သည်နေရာမှ စွန့်ခွာပေးသင့်၏ အကြံဖြစ်ပေါ်စေခဲ့သည်။ ၁။ ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရကား ထိုနေရာ ငါမနေ။ ၂။ ဘယ်နေရာရောက်ရောက် လူရှုပ်၊ လာဘ်ပေါ၊ ကျော်စော၊ ခြွေရံ ဤလေးတန် အခံရှိနေက ထိုနေရာ ငါမနေ။ ၃။ ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများတွေ့လာရက ထိုနေရာ ငါမနေ။ ဤ ❝ ငါမနေ (၃) ချက် ❞ တွင် အမှတ်(၁) ငါမနေနှင့် ငြိနေ၍။ ထိုနေရာ၌ ဦးသဲဖြူသည် ငါတို့အောက် အရောက်နောက်ကျသော ရဟန်းဖြစ်နေ၏။ သို့တစေ
Nyana
Region: LK
Wednesday 20 May 2026 13:03:15 GMT
Music
Download
Comments
ဆရာမ မေခွန်းချို :
အဆက်လေး တင်ပေးစေချင်ပါတယ်ဘုရား🙏🙏🙏
2026-05-21 01:19:41
4
May Moe :
🙏🙏🙏 မေတ္တာကြီးမားလှပါသောဘုန်းဘုန်းကြီးအားမြတ်နိုးစွာပူဇော်ပါ၏ဘုရား
2026-05-21 00:58:30
3
ko ye :
သာဓုသာဓုသာဓုပါအရှင်ဘုရား
2026-05-26 06:50:32
2
Sone Tet :
🙏🙏🙏
သာဓု သာဓု သာဓုပါ ဘုရား
2026-06-12 15:27:25
1
စျာန်နူးချမ်း :
မကျီးပင်ကဘာလဲသိပါသလား
2026-05-21 10:42:11
2
user4731061834242 :
သာဓု သာဓု သာဓုပါဘုရား
2026-05-21 16:10:43
2
Ko Ko Win :
2026-05-25 14:40:18
1
ဝင်းဝင်းထက် :
ကြည်ညိုလေးစားပါ၏ဘုရား
2026-05-22 09:34:56
1
ပန္းသေဆ :
သာဓုပါဘုရား
2026-05-21 05:11:06
2
🧸 :
သာဓုသာဓုသာဓု
2026-06-10 02:46:37
1
Lin Htet :
ဆရာ တော် တရား တွေက အကုန်သိ နေတာ ငြိမ်းချမ်း အေးချမ်း စေပါတယ်...
2026-05-21 10:06:31
1
Umin :
🙏🙏🙏🙏🙏ရှိခိုးကန်တော့ပါ၏ဘုရား
2026-05-21 03:45:17
1
🌿🌷🌿 :
[စတစ်ကာ]
2026-05-21 02:27:51
1
DawTM :
ကြည်ညိုမဆုံးဖြစ်ရပါတယ်ဘုရား
2026-05-21 06:51:49
1
@Butterfly :
သာဓု သာဓု သာဓု ပါအရှင်ဘုရား🙏🙏🙏
2026-05-23 12:36:08
1
U Win Lay :
မှန်လှပါ ဘုရား သာဓု သာဓု သာဓုပါဘုရား
2026-05-24 01:01:03
1
San :
တင်ပေးတာကျေဇူတင်ပါတယ်
2026-05-21 03:56:44
1
Hnin Ei Phyu :
သာဓု သာဓု သာဓုပါဘုရား
2026-05-21 03:51:33
1
အရဟံ :
အခုမှအကြောင်းစုံသိရပါတယ်
2026-05-27 23:05:26
0
Engle :
သာဓုသာဓုသာဓုပါဘုရား
2026-05-24 15:25:37
0
U Thein :
သာဓု သာဓု သာဓုပါဘုရား
2026-07-01 19:15:11
0
အရဟံ :
အဆက်လေးသိပါရစေ
2026-05-27 23:06:06
0
KK :
သိခွင့်ရလို့ ကျေးဇူးပါဘုရာ့🙏🙏🙏
2026-05-28 00:33:17
0
Ruby queen(Aries ) :
ငယ်စဥ်ထဲကလေးစားကြည်ညိုခဲ့ရသော ဘုန်းဘုရားကြီး ပါ🙏🙏🙏
2026-05-22 14:17:47
0
To see more videos from user @nyanavara3, please go to the Tikwm
homepage.