@hermaryverse: တချို့က ထင်ကြတယ်... ဒီကိစ္စလေးတစ်ခုတည်းနဲ့ ဘာလို့ အဲ့လောက်ထိ ဖြစ်သွားရတာလဲ၊ အဲ့လောက်ထိ ဆက်ဆံရေးတစ်ခုလုံး ဖြတ်တောက်ဖို့အထိ လိုလို့လားဆိုပြီး မေးခွန်းထုတ်ကြတယ်။ ဒါပေမဲ့ သူတို့ မသိတာက... အဲ့ဒီနောက်ဆုံးကိစ္စမတိုင်ခင်အထိ ကိုယ်က အခွင့်အရေးတွေ ဘယ်လောက်တောင် ပေးခဲ့လဲဆိုတာပဲ။ တကယ်က... နောက်ဆုံးဖြစ်သွားတဲ့ အဲ့ဒီကိစ္စကြီးကြောင့် မဟုတ်ဘဲနဲ့ "မဖြစ်လောက်ပါဘူး" ဆိုပြီး ကိုယ့်ဘာကိုယ် လိုက်ပြီး ခွင့်လွှတ်ပေးခဲ့တဲ့ ကိစ္စသေးသေးလေးတွေ တဖြည်းဖြည်း ပုံလာလို့ပါ။ "ငါကပဲ sensitive ဖြစ်လွန်းနေတာပါ" ဆိုပြီး မသိချင်ယောင်ဆောင်ခဲ့ရတဲ့ ကိုယ့်အပေါ် မငဲ့ညှာခဲ့တဲ့ အကွက်တွေ။ ကိုယ့်ကို ဖယ်ထားသလို ခံစားရပေမဲ့လည်း "ငါပဲ အတွေးလွန်နေတာပါ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖျောင်းဖျခဲ့တာတွေ။ အားလုံးကို ပြန်သုံးသပ်ကြည့်မှပဲ ကွက်ကွက်ကွင်းကွင်း မြင်လာရတဲ့ ကိုယ့်အပေါ်ထားတဲ့ မနာလိုမှုတွေနဲ့ တိတ်တဆိတ် မကျေနပ်မှုတွေ။ ပြန်တွေးမိတဲ့အချိန် ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက... အဲ့ဒီပတ်သက်မှုကို ဆက်ထိန်းထားဖို့အတွက် ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်နှစ်ခါတောင် မြိုသိပ်ပြီး နေခဲ့ရလဲဆိုတာ ပြန်သိလာရတာပဲ။ ဘာလို့လဲဆိုတော့... ရင်ထဲမှာ အလိုလို သိနေခဲ့ပြီးသားမို့လို့ပါ။ ကိုယ်တိုင်ကပဲ လက်မခံချင်သေးတာ။ အဲ့ဒီ "ဘာမှမဟုတ်တဲ့ ကိစ္စလေး" ဆိုတာကလည်း... ရင်ထဲမှာ မြိုသိပ်ထားသမျှ အရာအားလုံးကို ဆက်ပြီး မသိချင်ယောင်ဆောင်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်တစ်ခု ရောက်သွားလို့ပါပဲ။ ဒါကြောင့် ကျွန်မကိုယ်တိုင်ဖြတ်တောက်ခဲ့တဲ့ဆက်ဆံရေးတွေက “အဲဒီကိစ္စ”တစ်ခုတည်းကြောင့် ဘယ်ုတ်းကမှ မဟုတ်ခဲ့ပါဘူး။ #friendshipbreakup #HealingJourney #emotionalhealing #selfreflection #finalstraw

hermaryverse
hermaryverse
Open In TikTok:
Region: TH
Wednesday 20 May 2026 14:02:24 GMT
148871
11805
28
1516

Music

Download

Comments

dear.chitthaw
✮ 🎧 chitthaw_wav🎀 ✧˖ :
မှန်လိုက်တာ"ဒီကိစ္စ လေး ကြောင့်"လို့ မဟုတ်ဘဲ စုခံရတဲ့ အစိုင်အခဲ တွေ တဖြည်း"များလာလို့ လေ နောက်ဆုံး တော့ တွေးမိသွားတယ် ပတ်၀န်းကျင်မှာ ကော ကိုယ်နဲ့အဖြစ်တူ တွေ မြင်ဖူးလာ တော့ ဒီအရွယ် တွေမှာ friendshipနဲ့ ပတ်သက်လို့ စိတ်ဓါတ်ချင်းမတူတာ, အတွင်းက jealousy ,သုံး ယောက်ရှိရင် တစ် ယောက်ကို ဖယ်ထားတာ ဒါမျိုး တွေဖြစ်ပြီး ေ၀းကွာသွားကြတာ တွေကဖြစ် နေကျပဲ ငါတစ် ယောက်တည်း မဟုတ်ပါလားလို့ တွေးလိုက် တော့မှ စိတ်ထဲ နေလို့အဆင် ပြေသွားတယ် ဘ၀ကဒီမှာ ရပ် နေမှာမှ မဟုတ်ဘဲနဲ့ တကယ်စိတ်တူကိုယ်တူ သူငယ်ချင်း ရှိလာမယ်လို့လဲ ယုံတယ် လေ နော်❤️‍🩹
2026-05-21 13:46:17
85
kitt25421
Kitt (Bambi) :
စာဖတ်နေရင်းပြုံးမိသွားတယ် တချိန်က ကိုယ်ဟာ အဲတာလေးကြောင့်လား ဆတ်ဆတ်ထိမခံဖြစ်နေတာပဲလို့ ခေါင်းစဥ်တပ်ခံခဲ့ရသူပေါ့ ၃နှစ်ကြာခဲ့ပါပြီလေ🥰
2026-07-13 16:56:21
1
emma.hsu1
HSU :
စာလေးပေးလို့ရမလားအမ🫶🏻
2026-05-20 14:56:33
0
nickni020
Moe🎀🍀🏡 :
ကိုယ်တိုင်တောင်မသိလိုက်ဘဲကိုယ့်အပေါ်ထားတဲ့အငြိုးတေးတွေး...မှန်လိုက်တာ💗
2026-05-21 06:07:42
11
eithuzaraung21
🦋ÊÎ ŤĦÛ ŽÂŘ ÂÛŇĞ🐙 :
မပွင့်မလင်းရှိခဲ့တာမျိုးမဟုတ်ပဲ ထုတ်မပြောဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့် ကိုယ့်အနာနဲ့က်ိုယ် နာကျင်နေခဲ့တာပါပဲ အခုတော့လည်း…..
2026-08-30 13:15:05
0
htet_tinzar_aung
I am JANE DOE :
story လေးတင်မယ်နော်ရှင့်
2026-05-21 03:43:26
1
hannah_ot2
Luv_Han :
ကိုယ့်ရဲ့လက်ရှိအခြေအနေပေါ့
2026-08-08 10:22:56
0
shwe.yee3853
Shwe Yee :
ဟုတ်တယ်ကိုယ်ကဘယ်လောက်စေတနာသဒ္ဒါထားထား သည်းခံပေးလည်း သူတို့ကကိုယ့်အပေါ်စေတနာမရှိကြဘူး။ အပြတ်ပဲလှည့်ကိုမကြည့်ချင်တာ
2026-05-22 05:14:04
2
su_pyae_snow
snow🍓 :
အဲလိုအချိန်ကြီးကအရမ်းခက်ခဲလွန်းလို့ဘယ်လိုဖြတ်ကျော်ခဲ့လဲဟင်
2026-05-22 03:46:33
1
itsmedrizella
𝐒𝐡𝐚𝐰𝐰_𝐊𝐨𝐧𝐧🪼 :
repost ချင်တာ တအား
2026-05-25 03:23:53
1
yinminmyatnerio
♡ Nerio ♡ :
ကိုယ့်ကိုမိကောငါးဖခင်သားသမီးလားလို့မေးရက်တဲ့သူ့ဘဲက်ု သူကမေးခွင့်ပေးလိုက်တဲ့အပြင်မတောင်းပန်ဘူး။ သူဘာမှားလဲပါမသိချင်ယောင်ဆောင်ထားတယ်
2026-07-27 10:32:16
0
user874056069
MayHninPhyu🍀💖💰 :
အမှန်ဘဲပေါ့
2026-05-21 14:13:28
1
jey_nne5
Jeynne :
စာလေးပေးလို့ရလားဟင် creditပေးပါမယ်
2026-05-21 11:07:02
0
winthandaraung02
T :
ကိုယ်နဲ့ဘာကိစ္စမှမရှိဘဲနဲ့ ကိုယ်ကိုယ့်ပယ်ထားတယ်ဆိုရင်ရော🥀💔
2026-05-25 04:32:50
3
user18762675829514
တုတု :
ဟုတ်ပါတယ်နဲနဲချင်းစုလာတာနောက်ဆုံးကျဆပ်ဆံရေးကိုရပ်စဲလိုက်တယ့်စသဘောပါ
2026-05-22 03:24:23
1
aola.bunny
Aola Bunny :
အဆိုဆုံးကတော့ဖယ်ထားခံရတာပဲ
2026-06-09 09:00:33
2
pinkycherrydawhoneyko.a1
Lady :
သာယာလိုက်တာ....စိတ်ကူးထဲက နေရာလေး.........
2026-07-16 07:11:44
0
thirilwin150
Thiři Lwiñ :
ကိုယ့်ရဲ့စိတ်ကအဲ့လူကိုယ့်အပေါ်ချိုးတဲ့အချိုးတေကိုသိနေပေမယ့်နေ့စဥ်မြင်တွေ့ဆက်ဆံနေရတော့ဖြည့်တွေးနေရတယ် ဒါပေမယ့်အရမ်းမွန်းကျပ်တယ်ဒီအလုပ်ကနေမထွက်သေးနိုင်တော့စိတ်အရမ်းထိန်းရတာ
2026-06-29 01:41:45
0
kvirrze6693
Mayy. :
အဲ့တာကိုကလေးဆန်လိုက်တာတဲ့
2026-06-02 02:53:58
0
is_me_oraa
Liloraa. :
တစ်ခါလောက်မကောင်းပေးနိုင်ခဲ့ရင်ဆယ်ခါလောက်ကောင်းပေးခဲ့တာလဲအရာမထင်တတ်တာ လူ့သဘာဝမလို့ ဘယ်သူ့အပေါ်မှာမှ အများကြီး မမျှော်လင့်တော့ဘူး
2026-06-02 15:00:55
1
thetphoomay71
🍅ဒို့ခေတ်🍅ပွဲရုံ(အောင်ပန်း). :
🥺🥺🥺
2026-05-26 03:00:16
0
To see more videos from user @hermaryverse, please go to the Tikwm homepage.

Other Videos


About