@kaunghein380: #ယုံကြည်ချက်ကို မစွန့်လွှတ်လိုက်ပါနဲ့ တခါတုန်းက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက်တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲ့ဒီလင်းယုန်ငှက် အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီးလေးလုံး ရှိနေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အတော်အသင့် ပြင်းအားရှိတဲ့ ငလျင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်။ ကြက်တွေဟာ သူတို့သဘာဝရဲ့ အသိကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ ကြက်မကြီးက တာ၀န်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီး အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ်။ လင်းယုန်ငှက်ကလေးဟာ ကြက်မကြီးကို သူ့အမေလို့ပဲ ထင်မှတ်တာပေါ့။ ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့် ပေးခြင်း ခံရပါတယ်။ လင်းယုန်ငှက်ကလေးဟာ ကြက်ကလေးတွေကဲ့သို့ပဲ ပြုမူနေထိုင်ပါတယ်။ ပင်ကိုယ် ဇာတိအရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်၀န်းကျင်ကြောင့် မိမိကိုယ်ကိုယ်လည်း ကြက် တစ်ကောင်အဖြစ်သာ ထင်မှတ်လို့ နေပါတယ်။ လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ပဲ ချစ်ခင် တွယ်တာပါတယ်။ သို့သော်လည်း တခါတရံမှာ သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့လေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်။ တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကောင်းကင် အမြင့်မှာ ဝဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်။ ဒီတော့ သူက "အိုး.. သူတို့လို ငါလည်း ပျံတတ်ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်" လို့ပြောလိုက်ပါတယ်။ ဒါက လင်းယုန်ငှက်ရဲ့ မူလစိတ်ခံလေး ပေါ်လာတာပါ။ သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ဝိုင်းပြီး လှောင်ရယ်ကြပါတယ်။ " ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလည်း မင်းက ကြက်လေ။ ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ဝိုင်းပြောကြပါတယ်။ လင်းယုန်ငှက်ကလေးဟာ သူ့အမျိုးအဆွေတွေ ပျံသန်းသွားရာကို ကောင်းကင်ယံထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်းလိုက်ပါသွားလိုတဲ့ စိတ်ကူးအိပ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ် ဖြစ်ပေါ်လာတိုင်းလည်း ဘေးက ကြက်တွေ ဝိုင်းပြောကြတဲ့ "မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ "ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်။ ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်းနိုင်တဲ့ ငှက်မျိုးဖြစ်ပါလျှက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆက်ပြီး မကြိုးစားတော့ပဲ ရပ်တန့်ပစ်လိုက်ပါတယ်။ နောက်ဆုံးတော့ သူရဲ့ဘ၀အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အကျင့်စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ ေ,သဆုံးသွားပါတော့တယ်။ သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ။ ကြက်တွေလို ဘေးက လူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့။ ဘေးပတ်၀န်းကျင်က စကားဟာ ကိုယ့်ကို ယုံကြည်မှုကင်းမဲ့တဲ့စိတ်ကို တိုးပွားစေပါတယ်။ ယုံကြည်မှု ကင်းမဲ့တဲ့စိတ်ဟာ စွန့်စားလိုစိတ်၊ ကြိုးစားလိုစိတ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်။ မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ။ ကိုယ်ဟာ ဘယ်ပတ်၀န်းကျင်၊ ဘယ်အသိုင်းအဝိုင်းမှာ ရောက်နေတယ် ဆိုတာကို မစဉ်းစားပါနဲ့။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာ ဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ်ချက်နဲ့ ကြိုးစားသင့်ပါတယ်။ ပုံပြင်ထဲက လင်းယုန်ငှက်လေးလို့ ယုံကြည်ချက်ကို ဘယ်သောအခါမှ မစွန့်လွှတ်လိုက်ပါနဲ့..... ။ #motivation #fypシ゚viral🖤tiktok
kyaw
Region: KR
Thursday 21 May 2026 03:34:55 GMT
Music
Download
Comments
💫W.Y.K💦💦 :
ကျေးဇူးပါ။
2026-06-11 01:19:13
4
٩(ˊ〇ˋ*)و~ငပျင်းလေး😌😌 :
စကားလုံးလေးတွေကိုအရမ်းကြိုက်တရ်ဗျာ...
2026-07-13 13:18:06
1
winwinaye0363 :
ဟုတ်ကဲ့ ကျေးဇူးပါရှင့်
2026-07-19 12:38:45
0
Kyaw Lwinoo :
2026-07-10 09:22:58
0
Phyo Phyo :
🥰🥰ဟုကဲ့ကျေးဇူးပါ
2026-07-15 10:24:13
0
S.K😘😘🥰🥰 :
ကျေးဇူးပါ
2026-07-18 13:31:50
0
Ko Naing. Phyo🤪 :
🥰🥰
2026-07-13 14:18:21
0
Μĝ Čĥâñ Μÿäë :
copy လေးပေးပါလား🙂
2026-07-16 10:59:54
0
Myo min ko :
ပြန်တင်ခွင်ပြုပါ🙏🥰
2026-05-23 01:43:12
0
Wai Htoo Layan. jR :
သိပ်ကောင်းတည်စာသား🥺🥺
2026-05-22 08:25:45
0
Myo Htet :
ဟုတ်ကဲ့ပါ🥰
2026-06-25 09:21:15
0
💔💔ဒဿ💔💔 :
🥰🥰🥰🥰မှန်လိုက်တယ်စာသာဘေး
2026-07-07 03:18:31
0
kozin :
ဟုကဲ့ပါဗျ
2026-06-29 02:04:42
0
😎ꋬꉣꋬꋊ😎 :
စာသားလေအရမ်းကြိုက်တယ်ဗျကျနော်တိုရဲပက်ဝန့်ကျင်ဂရူစိုက်နေရင့်ပန်းတိုင့်ဆိုတာရောက်လာမှမဟုတ်ဘူးဆိုတဲ့အရာတွေကလေးအနာဂတ်ပေျာက်က်ဆုံးကြမှပဲလေး
2026-05-21 15:44:31
0
Naing lin Htun :
🥰🥰🥰🥰GOOD
2026-05-23 03:49:35
0
🍁 D☘️ :
💗💗💗
2026-07-07 13:57:20
0
Aung gyi :
🥰🥰🥰
2026-07-03 01:35:36
0
Ko. Min :
🥰🥰🥰
2026-07-07 15:59:18
0
🥀RiLey🥀 :
🥰🥰
2026-07-02 15:20:29
0
Zwe Naing :
🥰🥰
2026-07-12 07:22:24
0
14/မချစ်(နိုင်) :
😍😍😍
2026-07-03 10:22:14
0
ထိုင်းရောက်အရာတော်သားလေး :
🥰🥰
2026-07-04 14:18:08
0
︎꧁☆❤️❀Ꮋทíท❀❤️☆꧂👀 :
🥰🥰🥰🌹🌹🌹🌹🌹
2026-05-21 03:52:06
0
To see more videos from user @kaunghein380, please go to the Tikwm
homepage.