@eikhaingphyo004: #ကံနိမ့်၊ ကံညံ့သူများအတွက် ကံချေကန်တော့ ကံတွေညံ့နေတဲ့သူတွေ၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့သူတွေနဲ့ သံသရာတစ်လျှောက် ပြုခဲ့ဖူးတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့အတွက် ကံချေကန်တော့ခြင်း အဓိဋ္ဌာန်ကို ပြုလုပ်ပါ ▪️ကံချေကန်တော့ခြင်းဆိုတာ ဘာလဲ▪️ 💥ကံဆိုးမှုတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာ ယုံကြည်မှုအပေါ်မူတည်ပြီး ဆုတောင်းခြင်း၊ နည်းလမ်းတကျ ကန်တော့ခြင်းတို့ကို ပေါင်းစပ်ထားတဲ့ နည်းလမ်းတစ်ခုပါ။ မကောင်းတာတွေကို ဖြတ်တောက်ပြီး ကံကောင်းဖို့ စိတ်ထားတတ်သူတွေနဲ့ လမ်းသစ်ဖွင့်ဖို့ ရည်ရွယ်သူတွေအတွက် ဒီနည်းလမ်းဟာ အလွန်ကောင်းမွန်ပါတယ်။ 🔺ပြုလုပ်ပုံ အဆင့်ဆင့်🔺 💥ဒီ post ကို တွေ့ပြီး ၄၈ နာရီအတွင်း ပြုလုပ်နိုင်ပါတယ်။💥 ▪️စတင်မပြုလုပ်ခင် ၇ ကြိမ်မှ ၈ ကြိမ်ခန့် အသက်ကို ဝဝရှူပြီး စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။ ပတ်ဝန်းကျင်က အသံနဲ့ မြင်ကွင်းတွေကို လျစ်လျူရှုထားပါ။ ▪️မျက်လွှာချပြီး ဖုန်းကို မြင်ရုံလေးသာဖွင့်ထားကာ အောက်ပါအတိုင်း စတင်ရွတ်ဆိုနိုင်ပါပြီ။ ▪️နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (၃) ကြိမ် ▪️ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ 🔺တောင်းပန်ခန်း🔺 ▪️အရှင်ဘုရား၊ တပည့်တော်သည် ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ ယနေ့ယခုဘဝ ယခုအချိန်ထိ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီးဆယ်ပါးနှင့် မပြစ်မှားထိုက်သောသူတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံတို့မှတစ်ပါးသောကံတို့ဖြင့် မသိစိတ်နှင့်ဖြစ်စေ၊ သိစိတ်နှင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိသည်များ ရှိခဲ့ပါလျှင် တင်ရှိနေသော ဝဋ်ကြွေးသံသရာ ဒုက္ခများကို ယခုကန်တော့ရခြင်းမှ ရရှိသော အကျိုးကျေးဇူးများကြောင့် ကင်းစင်ကျေပျောက်ရပါလို၏ အရှင်ဘုရား။ 🔺မိမိကိုယ်ကို မေတ္တာပို့ခြင်း🔺 ▪️အရှင်ဘုရား၊ တပည့်တော်သည် ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ ယနေ့ယခုဘဝ ယခုအချိန်ထိ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီးဆယ်ပါးနှင့် မပြစ်မှားထိုက်သောသူတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံတို့မှတစ်ပါးသောကံတို့ဖြင့် မပြုခဲ့မိသော် ကောင်းမှုကံစေတနာ ပါရမီအရှိန်အဟုန်တို့သည် ယနေ့ယခုဘဝ ယခုအချိန်တွင် ခံစားရပြီး ဖြစ်ပေါ်နေသော ဒုက္ခဝဋ်ဆင်းရဲများမှလည်း ကင်းစင်ကျေပျောက်ရပါလို၏။ ▪️ငါ့ခန္ဓာနှင့် ငါ၏ ကိုယ်စောင့်နတ်လည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ပါစေ။ မကောင်းသောစိတ်၊ မကောင်းသောအကြံအစည်၊ မကောင်းသော ပတ်ဝန်းကျင်၊ မကောင်းသော မိတ်ဆွေယုတ်များနှင့် မကောင်းသောအိပ်မက်ဆိုးများမှလည်း ကင်းဝေးပါစေ။ 🔺မိမိအိမ်သူအိမ်သားများအား မေတ္တာပို့သခြင်း🔺 ▪️ဤအိမ်တွင်ရှိသော ခုနစ်ရက်သားသမီးနှင့် ခုနစ်ရက်သားသမီးအပေါ် စောင့်ကြပ်နေသော ကိုယ်စောင့်နတ်များလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ပါစေ။ မကောင်းသောစိတ်၊ မကောင်းသောအကြံအစည်၊ မကောင်းသောပတ်ဝန်းကျင်၊ မကောင်းသော မိတ်ဆွေယုတ်များနှင့် မကောင်းသောအိပ်မက်ဆိုးများမှလည်း ကင်းဝေးပါစေ။ 🔺အိမ်တွင်ရှိသော (၃၁) ဘုံသားများအား မေတ္တာသီးသန့်ပို့ခြင်း🔺 ▪️ဤအိမ်တွင်ရှိသော အိမ်စောင့်နတ်များ၊ နတ်ကောင်းနတ်မြတ်များနှင့် မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ်များ၊ မြင်အပ်၊ မမြင်အပ်၊ ကြားအပ်၊ မကြားအပ်၊ သိအပ်၊ မသိအပ်သော (၃၁) ဘုံသားအားလုံးတို့သည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ 💥(ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ မိမိပြုခဲ့သော ကောင်းမှုကံပါရမီတို့နှင့် လူတကာတို့ ပေးဝေငှနေသော မေတ္တာဘာဝနာများကို သိမြင်ကြားသိ သာဓုခေါ်နိုင်ပြီး ဤဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ ဤထက် များစွာမြင့်မြတ်သော ဘုံဘဝသို့ ရောက်ရှိပါစေ။ နေစရာမရှိသူများလည်း နေစရာရပါစေ၊ စားစရာမရှိသူများလည်း စားစရာရပါစေ၊ ဝတ်စရာမရှိသူများလည်း ဝတ်စရာရပါစေ။ ဤဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ လူ့ဘဝသို့ အမြန်ဆုံးရောက်ရှိပြီး သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ကာ နိဗ္ဗာန်ရောက်ရာ လမ်းကြောင်းများကိုလည်း အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ကြပါစေ။)💥 🔺အကျဉ်းကျခံနေရသူ သတ္တဝါအားလုံးတို့အား သီးသန့်မေတ္တာပို့ခြင်း🔺 ▪️ဤကမ္ဘာပေါ်တွင်ရှိသော အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ထောင်၊ အချုပ်ခန်းများနှင့် မည်သည့်နေရာတွင်မဆို အကျဉ်းကျ၊ အချုပ်အနှောင်ခံနေရသူများသည် သူတစ်ပါး၏ ထောင်ချောက်၊ အချုပ်အနှောင်မှ ကျွတ်လွတ်၍ ကျန်ရှိ သည့်လူ့ဘဝတစ်လျှောက်လုံး သူတော်ကောင်းတရားနှင့် နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ကြပါစေ။

Sayarma Eikhaingphyo
Sayarma Eikhaingphyo
Open In TikTok:
Region: MM
Friday 22 May 2026 00:00:19 GMT
706746
61129
594
6836

Music

Download

Comments

pinkcrazy14
pinkcrazy :
🙏🙏🙏နေ့စဉ်ကန်တော့ပါတယ်
2026-05-22 15:19:03
45
mwdonlineshop
Online-Shop(မြဝတီ) :
စာသားလေးမန့်မှချပေးပါလား ကူးယူချင်လို့ပါ
2026-06-01 02:24:11
12
daw.myo242
Daw Myo :
ကျေးဇူးပါ အခုမှနားလည်ပြီဖတ်ရလို့
2026-07-08 01:08:06
0
pyaephyo9189
kyi zin koko :
ပို့တင်တဲ့လူတွေလဲစိတ်ချမ်းသာကိုယ်ကျန်းမာနေနိုင်ပါစေ
2026-07-03 18:18:23
2
khin.hnin116
khin.hnin116 :
စာသားလေးပေးပါ့လားနော်🙏🙏🙏🙏🙏
2026-05-24 11:29:47
3
998384tt
TK👍tecno-2024 :
နတ်လူသာဓုခေါ်ပါစေသောဝ်။ သာဓု သာဓု သာဓု ပါ ဘုရား။🙏🙏🙏
2026-05-22 22:29:19
12
uzawzawmin01
Survival is fleeting. :
ကောင်းသောအလုပ်ကောင်းသောကုသိုလ် ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေ...မေတ္တာတရား ရဲထဲရှိနေသ၍ ကုသိုလ် က ရရှိနေပြီးသားပါ ။ကိုယ့်စိတ်လေးက အမြဲခွင့်လွတ်ခြင်း နားလည်ပေးခြင်းကလည်း စိတ်ချမ်းသာမှု အစစ်အမှန်ရရှိစေပါတယ် ကိုယ့်အတွက်လည်း အကုသိုလ် ဖြစ်စေတဲ့ အရာတွေ နည်းသထက်နည်းလာပါတယ် ..သတ္တဝါတွေ အားလုံးပေါ်မှာ မေတ္တာစိတ်ကို ရှေ့ထားပြီး ကိုယ်ချင်စာနာစိတ်နဲ့ နားလည်ပေးတတ်ရင် တကယ်အေးချမ်းမှုရပါတယ်ဗျာ...ပိုစ်တင်သူအား အထူးကျေးဇူးတင်ရှိတယ် ..အသိတရားတွေ ဖုံးကွယ်ခံနေရလို့ အမြင်မှန်လမ်းမှန်ကို လျှောက်လှမ်းနိုင်ကြပါစေဗျာ...
2026-05-24 12:37:44
9
user317518213
Moe Moe :
နေ့တိုင်ကတော့နေပါတယ် စိတ်တွေလဲ အေားချမ်းလာပါပြီး အရင်ကနဲ့မတူသောဘူး အခုဆို စိတ်တွေ အရမ်းအေားချမ်လာပါတယ် ကျေးဇူပါရှင့် 🙏🙏🙏
2026-05-24 03:31:09
11
pai_chess_page
Pai Zay Yar Ko :
မျှဝေခြင်းအတွက် ကျေးဇူးတင်ပါတယ် ကုသိုလ် အလွန်တရာ ကြီးစွာ ရပါစေ ပို့စ်ပိုင်ရှင်ရေ
2026-05-24 07:14:21
6
nge.lay72442
😘nge lay🥰 :
ကျေးဇူးတင်ပါ၏ရှင်🙏🙏🙏🙏🙏
2026-05-24 05:53:37
1
miko282351
Miko💕💋 :
နေ့စဉ်ပူဇော်ပါတယ်ကန်တော့ပါတယ်ရှင်🙏🙏🙏
2026-06-15 11:54:44
1
tun.win5862
Tun Win :
သာဓုသာဓုသာဓု
2026-05-22 22:34:12
6
cherrytheinmyint5
Cherry :
ရှာနေတာကြာပါပြီ အခုမှတွေ့တယ် postတင်ပေးတဲ့သူ ကျေးဇူးတင်ပါတယ်
2026-06-01 02:51:13
3
daw.san.san.win650
Daw San San Win :
နေ့စဉ်ရွတ်ပါတယ်ရှင့်တစ်လအဓီဌာည်ပါတယ်
2026-06-15 14:18:30
1
thandar.myatmin
Thandar Myatmin Abundance :
ကျေးဇူးတင်ပါတယ်ရှင့်
2026-05-28 05:04:44
1
laminsanda925
ပန်းသီးလေးမေမေ :
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
2026-05-30 17:04:59
1
user9816068238392
phyuphyu :
🙏🙏🙏ပါ
2026-05-30 05:42:41
1
chawchaw8255
ကောက်ရစ် :
သာဓု သာဓု သာဓုပါ အရှင်ဘုရား
2026-05-23 08:56:21
5
daw.parathi
Daw Parathi :
သာဓုသာဓုသာဓု👏👏👏
2026-05-24 00:42:08
2
user8840351651771
sss :
ကျေးဇူးအနန္တပါရှင် ။ကျေးဇူးတင်ပါတယ်ရင့်။
2026-05-25 06:20:55
3
cho12255
Cho :
သာဓုပါဘုရား
2026-05-27 04:48:38
1
lmar97801gmail.com0
🍹ယိုးဒယားချစ်သူ🍜 :
2026-05-24 07:00:06
1
thawthawhan54gmail.com
Thaw Thaw Han :
🙏🙏🙏ကန်တော့ပါတယ်အရှင်ဘုရား
2026-05-27 00:34:29
1
plumeria620
plumeria :
နေစဉ်ကန်တော့နေပါတယ်🙏🙏🙏
2026-05-26 17:50:55
1
user7497637853631
ဘုန်းမြင့်ကျော် :
သက်ရှည်ကျန်းမာ၍စိတ်ချမ်းသာ လူချမ်းသာ၍လူချစ်လူခင်ပေါပါစေ ဘုန်းတန်ခိုးအာနုဖော်ကြီးပါစေ🥰
2026-06-10 05:23:23
2
To see more videos from user @eikhaingphyo004, please go to the Tikwm homepage.

Other Videos


About