@bae78893: ပင်ပန်းလာတဲ့အခါ အရာရာကို လွှတ်ချလိုက်ဖို့တွေးတယ် ... တော်ရုံတန်ရုံပင်ပန်းရုံလောက်နဲ့တော့ သည်းခံပေးလိုက်လို့ ရတယ်လေ ပြီးတော့ ဝဲနေတဲ့မျက်ရည်ကို သုတ်ပြီး အဆင်ပြေပါတယ်လို့ ခပ်တည်တည် ဖြေလိုက်လို့လဲ ရတယ် ဒါပေမယ့် ပင်ပန်းလွန်းမက ပင်ပန်းလာတဲ့အခါကျရင်တော့ ကိုယ်ဘယ်လောက်တွယ်တာမိတဲ့အရာပဲ ဖြစ်ဖြစ် လွှတ်ချလိုက်မိမှာပါ ။ လူတစ်ယောက်လေ ... ခံစားချက်တွေရှိတယ် ။ မြိုသိပ်ထားမယ်ဆိုရင် ဘယ်လောက်များ မြိုသိပ်ထားနိုင်မှာမို့လို့လဲ အဆင်ပြေပါတယ်လို့ညာရင် မပြေတဲ့ရက်တွေချည်း ဖြတ်သန်းလာရတဲ့အခါ အဆင်ပြေလား လာမမေးနဲ့ ငါပြေမနေဘူးဆိုပြီး ဘယ်သူမဆို ပေါက်ကွဲမိမှာပါပဲ တစ်ခါလောက် ကျေးဇူးပြုပြီးတော့ ငါ့ဖက်ကိုကြည့်ပါဆိုတဲ့ စကားလုံးတွေလဲ ထပ်ပြီး မသုံးချင်တော့ဘူး ။ ငါမောနေပြီ ... မသေချာတဲ့အရာတွေကို မျှော်လင့်နေပြီး တစ်ရက်တစ်ရက် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာာတွေကိုလဲ မုန်းမိလာပြီ ။ တစ်ခုပြောပြခဲ့ချင်တယ် ... လူတစ်ယောက်က ချစ်တယ်ဆိုတိုင်း ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်နေမှာပဲလို့လဲ မတွေးပဲ ဘယ်တော့ဖြစ်ဖြစ် သိပ်ချစ်နေမှာပဲလို့လဲ မတွေးစေချင်တော့ဘူး ချစ်ခြင်းမေတ္တာမှာ တစ်ခါတစ်လေကျတော့ အသွားအပြန်တွေ လိုပါတယ် ကိုယ်ကသွားပြီး ကိုယ်တစ်ယောက်တည်း ပြန်လာရတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ထွေးပိုက်စရာတွေဆိုလို့ နာကျင်ခြင်းတွေရယ် အထီးကျန်ခြင်းတွေပဲ ရှိနေတဲ့ ဘ၀လေ ။ ငိုရတဲ့ ညတွေ လွန်ချင်ပြီ ကြင်နာရတဲ့မင်းကိုလဲ မေ့ချင်ပြီ ဆုတွေလဲ မတောင်းတော့သလို လွှတ်ချရဲတဲ့ သတ္တိတွေပဲ မွေးပါတယ် ။ နောက်ဆုံး အရင်လိုပြန်မဖြစ်နိုင်တော့တဲ့အခြေအနေတွေမှာ တစ်နေ့နေ့တော့ ပြောင်းလဲလာမှာပါဆိုတဲ့စိတ်နဲ့ မပြောင်းလဲခြင်းတရားတွေမှာ စိတ်ကောလူကော နစ်ထားရတာဟာ သိပ်ကိုပင်ပန်းတယ် ... ကိုယ့်ကို မချစ်တဲ့သူကို ချစ်နေရတာဟာ တော်တော်လေး ပင်ပန်းတယ် ။ ကိုယ်သည်းခံနိုင်တာထက် ပိုလာတဲ့အခါ ပေါက်ကွဲမိသလို စိတ်ကောလူကော ပင်ပန်းလွန်းမက ပင်ပန်းလာတဲ့အခါ ဘယ်အရာကိုမဆို လွှတ်ချလိုက်ဖို့တွေးပါတယ် ... ကိုယ်ဘယ်လောက်တွယ်တာတဲ့ အရာပဲ ဖြစ်ဖြစ် သေလောက်ချစ်တဲ့ မင်းပဲ ဖြစ်ဖြစ်လေ ... ဘ၀ဆိုတာ တိုတယ်လေ ... အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားရဦးမယ် ။💜🌿🍂 #ကျေးကို

ညို 🤎
ညို 🤎
Open In TikTok:
Region: SG
Friday 22 May 2026 08:50:32 GMT
496388
35744
158
1576

Music

Download

Comments

17.5.20211
💙ကောက်စိန်လေး💙(မိုးညှင်းသူ) :
စာသားလေးချပေးပါလား
2026-05-22 09:37:53
14
usera9sarmylbj
khing khing :
မှန်တယ်
2026-06-06 15:48:20
1
shwengwe46
Daw Moe(တိုင်းရင်းသူ) :
right 💗
2026-05-27 10:40:20
1
htethtet71336
🌻❤🧡💛💚💙💜🤎🖤🌹🌼🌷🌸🥀 :
ပြန်တင်ပါရစေရှင့်😊
2026-05-25 09:48:03
1
ice....40
ICE စာတို. :
yes
2026-05-25 06:20:13
1
smile898980
🐿🐿ä kĥõöń🐿🐿 :
☺ဟုတ် ပါတယ်
2026-05-25 19:21:29
1
p.i.l24
WaiGyi🤍💥 :
ပြန်တင်ခွင့်ပေးပါနော်🥰🥰
2026-05-25 13:51:49
1
minkonaing697
Po Po :
ဟူး😭😭
2026-05-25 15:55:39
1
freya34172
🦋န၀ရှီး🦋လားဟူ :
crd🥰
2026-05-25 05:43:59
1
eikay_283
Ei Kay Khaing🌻 :
ပြန်တင်ပါရစေရှင့်😘
2026-05-25 12:37:23
1
apont196
🌷🍓ĈĥŏĶő🍪🌻 :
ပြန်တင်ခွင့်ပြုပါ🥰
2026-05-25 14:42:12
1
hninwuttyee365
Hnin Wutt Yee :
စာသားယူပါရစေ
2026-05-27 12:24:19
1
zero14557
zero :
မှန်လိုက်တာဘဝနဲထက်တူကြလို့ပါ
2026-05-27 15:53:26
1
user39686308862230
user39686308862230 :
ပြန်တင်ပါရစေရှင့်
2026-05-25 14:49:30
1
paneicho316
🪼🫧 :
လွမ်းတယ်😢
2026-05-25 21:13:47
1
dawayeayesan96
San San Aye 007 :
ဒါပေမယ့် စိတ်ပင်ပန်းစေမယ့်အရာတွေ ခဏ ခဏ မလာပါနဲ့
2026-05-27 17:45:41
1
matheint961
@သား🤵ဘုန်းခန့်လေး^မားမား 👸💫 :
ပြန်တင်ခွင့်ပြု ပါရှင့်
2026-05-27 08:58:35
2
nawehwahpoe
🍓🍓Ablelina🍓🍓 :
ဟုတ်တာပေါ့
2026-05-25 23:19:59
1
eimyatmon712
Daw Ei Myat Mon :
ငါ့ကိုငါသိပ်သနားတာပဲ🥺
2026-05-23 05:26:52
1
phyuzinoo2616
phyu zin oo :
ပြန်တင်လိုက်ပီရှင့်
2026-05-26 04:47:04
1
wayy2346
WAYYY :
အမှန်ဘဲေပျာ်ေအာင်ေန
2026-05-26 17:10:23
1
joy00000000002
꧁༒༺ Ma ༻༒꧂ :
စာသားလေးချပေးပါလား ရှင်ြ♥️♥️
2026-05-23 03:13:09
1
malayssd3
Zina Pajamas Collection :
copyယူခွင့် ပေးပါ နော်🥰🥰🥰
2026-05-22 11:39:27
1
saung.thiri.aung
Saung Thiri Aung :
ပြန်တင်ပါရစေရှင့်🥰
2026-05-22 12:31:25
2
hsumyat2476
Âh Hsú(Official)✅👑♌ :
စာသားလေးယူသုံးပါအုံးမယ်ရှင့်🥰
2026-05-26 23:24:29
1
To see more videos from user @bae78893, please go to the Tikwm homepage.

Other Videos


About