@khunhlahtun00: လူတွေဟာ သူတိုနဲ့ ပုံစံတူတဲ့ လူတွေနဲ့ပဲ အတူရှိသွားကြတာပါပဲ။ တကယ်တော့လေ ကောင်းတာ၊ ဆိုးတာ၊ မှားတာ၊ မှန်တာ ခွဲခြားဖို့ထက် တူရာ တူရာ စုသွားကြတာက သဘာဝပဲနော်။ မကောင်းတာ လုပ်တဲ့သူဟာ မကောင်းတာ လုပ်တဲ့သူကိုပဲ ပေါင်းတယ်။ သူများ အတင်းအဖျင်း ပြောရတာ ကြိုက်တဲ့သူဟာ အတင်းအဖျင်း ပြောလို့ရမဲ့သူနဲ့ပဲ ပေါင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တူညီမှုတွေ ရှိနေလို့။ မတူတာတွေ များရင်သာ ညှိနှိုင်းရခက်တာ။ တူနေရင်တော့ သိပ်ညှိစရာ မလိုဘူးလေ။ နောက်ပြီး တူနေတဲ့သူ အချင်းချင်းဆို အပြစ်ပြောတာတွေ နည်းတယ်။ မြွေမြွေချင်း ခြေမြင်တယ်။ တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်။ ဒါကြောင့်မိုလို့ ကြည့်ကြည့်လိုက်လေ။ လူမှုရေးဖောက်ပြန်သူ အချင်းချင်းဟာ အပြစ်မပြောကြဘူး။ လူမှုရေး ဖောက်ပြန်သူတွေရဲ့ အပေါင်းအသင်းကိုလည်း ကြည့်လိုက် လူမှုရေး ဖောက်ပြန်တာကို ထမင်းစား၊ ရေသောက်သလို normalize လုပ်ထားကြတဲ့ သူတွေများတယ်။ ကိုယ့်ရဲ့ သူငယ်ချင်း မကောင်းတာ လုပ်နေတာကို တားရကောင်းမှန်းလည်း မသိဘူး။ သူတို့ကိုယ်တိုင် အလိုတူ အလိုပါ ဝိုင်းမြှောက်ပေးကြတာတွေလေ။ အဲ့ဒါကြောင့်လေ အခုနောက်ပိုင်းမှာ သေသေချာချာ သိလာတာ တစ်ခုက လူတွေဟာ သူတို့နဲ့ ပုံစံတူတဲ့ လူတွေနဲ့ပဲ အတူရှိသွားကြတယ် ဆိုတာပါပဲ။ ကိုယ့်မှာတော့ ကောင်းပေးလိုက်ရတာ၊ ဖြည့်ဆည်း ပေးဆပ်လိုက်ရတာ အချိန်တန်တော့ ကိုယ့်ကို ခြေစုံကန်ပြီး ထွက်သွားလို့၊ ထားခဲ့ခံရလို့၊ ဖောက်ပြန်ခံရလို့ဆိုပြီး စိတ်မကောင်း မဖြစ်နဲ့နော်။ လူတွေဟာ တူရာ တူရာ စုကြတာ။ တန်ရာ တန်ရာ ပေါင်းကြတာပါ။ လမ်းချင်းမတူလို့ လူချင်းမတွေ့တာ။ အချိန်တွေ အကြာကြီး ဝမ်းနည်းခံစားနေစရာ အကြောင်းမရှိပါဘူး။ အဲဒီအစား ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်ပဲ ရွေးချယ်ရမှာ။ ကိုယ့်နားမှာ ထားမဲ့လူ၊ အတူရှိသွားချင်တဲ့ လူတွေကို ကိုယ်တိုင်ပဲ ရွေးချယ်ရမှာ။ ဘဝကို ပိုပြီး အောင်မြင်ချင်တယ်မလား ဘဝကို ကြိုးစားနေထိုင်နေတဲ့ သူတွေနဲ့ပေါင်း၊ မလိုအပ်တဲ့ အတင်းအဖျင်းတွေ၊ Drama များတဲ့ သူတွေကို ရှောင်။ ဘဝကို ပိုပြီး တည်ငြိမ် အေးချမ်းချင်တယ်မလား အေးချမ်းငြိမ်သက်တဲ့ သူတွေနဲ့ပေါင်း။ Energy ကောင်းချင်ရင် Energy ကောင်းတဲ့ နေရာမှာ နေမှပဲရမှာ။ ဘဝမှာ လူတစ်ချို့ ကိုယ့်ဘဝထဲက ထွက်သွားတာတွေနဲ့ ပတ်သက်လို့ သိပ်ပြီး ဝမ်းမနည်းနဲ့။ လူတစ်ချို့အတွက်ဟာ ကိုယ့်အတွက် မဟုတ်လို့၊ ကိုယ်နဲ့ မကိုက်ညီလို့၊ အကျင့်စရိုက် မတူလို့၊ brain level မတူလို့။ အဲဒီအစား ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့လူတွေကို ပိုဂရုစိုက်၊ များများချစ်ပေး။ ကောင်းမွန်တဲ့လူတွေ၊ ငြိမ်သက်အေးချမ်းတဲ့လူတွေရှိတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုမှာ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ ရှင်သန်ခွင့်ရတာကိုက ဘာနဲ့မှ လဲမရတဲ့ ကံကောင်းမှုနော်။ 😊 - စူးရှမေ
ᴋʏᴀᴡ:
Region: TH
Friday 22 May 2026 22:49:22 GMT
Music
Download
Comments
ဂေါ့"👀 :
တန်ရာ"နဲ့ပျော်နေလိုက်တာများ ငါဆိုတာမရှိခဲ့သလိုဘဲ
2026-05-23 15:06:21
49
𝙴𝚃𝙷𝙰𝙽ツ :
ခဗျားစကားအရဆို ကျုပ်လည်းကျုပ်နဲ့ပုံစံတူအကျင့်စရ်ုကါတူအမျိုးသမီးနဲ့ဆုံတွေ့ရချင်ပါတယ်
2026-05-23 05:05:46
34
🌿ဒေါ်ရွှေရည်🌿 :
ပြန်တင်လိုက်မယ်နော်ရတယ်မလားဟင်
2026-05-23 05:32:46
5
ᶜˡᵒᵘᵈ♬ :
first 🙂🙂🙂
2026-05-22 22:51:25
2
🇲🇲Liser 🇸🇬🇸🇬 :
စာသားလေးခိပေးပါလားရှင့်☺️
2026-05-23 14:22:49
2
🤍Ḧṅïṅ⚘️ :
စာသားလေးချပေးပါလား😳
2026-05-23 10:12:32
2
FREEN🐰BECKY🦦 :
ဟုတ်ပါတယ်လေ😔
2026-05-23 00:12:57
2
M :
စာသားလေးပေးလားရှင်
2026-05-25 01:34:09
2
phyoe_the little :
စာသားလေး ပြန်တင်ပါရစေဗျ..
2026-05-29 08:54:20
1
Oggy :
စာသားလေပေးပါလာbro crdပေးပါ့မယ်
2026-05-28 08:46:28
1
🎸kongo🎸 :
စာသားလေးပြန်ယူသုံးချင်လို့copyချပေးလို့ရမလာဗျာ
2026-06-12 16:26:34
1
P :
စာသားလေးပေးပါလား
2026-05-23 11:49:59
2
Lat 💚☘️ :
ဟုတယ်🥺
2026-05-23 03:30:50
2
July🖤 :
စာသားလေးရမလားရှင့်
2026-05-26 14:59:10
1
Z :
ကိုယ်နဲ့တူတဲ့လူကိုစောင့်နေတာထင်ပါရဲ့
2026-05-23 00:31:13
2
YOON ❤ :
ပျော်နေလိုက်ကြတာများ 😊
2026-05-25 05:48:53
1
T♋ :
story tin tar tl na😞💕
2026-05-23 09:42:36
1
🍯honeyy♍️ :
အင်း
2026-05-23 10:25:50
1
btsfangirl💜💜💜💜💜💜💜 :
သူတို့နဲ့တန်ရာတန်ရာပျော်ကြတာဘဲ ပျော်ပါစေ😌
2026-05-25 12:57:52
1
Khit Yoon San Fashion :
ဟုတ်ပါတယ်လေ😔
2026-05-23 03:22:39
1
…… :
စာသားလေးပေးပါလား
2026-05-23 18:45:25
2
💙🦋🍃☸️🕊️Sumi💙🦋🍃☸️🕊️♋️ :
မှန်တယ်🕊️
2026-05-23 02:32:03
1
Chuu Khat Khaing ❤️♋❤️ :
စာ သားလေး မန့်မှာချပေးပါလားရှင့်🥰
2026-05-23 03:24:00
2
Zentisu's :
စာလေးချပေးပါလားရှင့်
2026-05-23 02:07:12
0
To see more videos from user @khunhlahtun00, please go to the Tikwm
homepage.