@documentarypage: Prowler & Growler ****************** စစ်ပွဲဆိုတာနဲ့ သေနတ်တွေ၊ ဗုံးတွေ၊ တင့်ကားတွေကိုပဲ ပြေးမြင်ကြမှာပါ။ ဒါပေမဲ့ တကယ့် ခေတ်သစ်စစ်ပွဲတွေမှာ ပိုပြီးကြောက်စရာကောင်းတာက "မျက်စိနဲ့မမြင်ရတဲ့ စစ်ပွဲ" (Electronic Warfare) တွေဖြစ်ပါတယ်။ ဒီရုပ်သံမှာတော့ ✈️ ရန်သူ့ရေဒါတွေကို ဖြတ်တောက် (Jam) ပြီး ကိုယ့်ဘက်က လေယာဉ်တွေကို အလွတ်ရုန်းထွက်နိုင်အောင် ကူညီပေးတဲ့ EA-6B Prowler နဲ့ EA-18G Growler လေယာဉ်တွေရဲ့ အမိုက်စား စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာပါ။ 🤯 အံ့သြစရာ အကောင်းဆုံးကတော့... အီရတ်စစ်ပွဲမှာ မြေပြင်ကနေ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲမယ့် IED ဗုံးတွေကို ကောင်းကင်ပေါ်ကနေ ရေဒီယိုလှိုင်းတွေနဲ့ ကြိုတင် ဖြတ်တောက်ပြီး အမေရိကန်စစ်သားတွေရဲ့ အသက်ကို ဘယ်လို ကယ်တင်ခဲ့လဲဆိုတာဖြစ်ပါတယ်။ ⚡ ကျည်ဆန်တွေထက် ရူပဗေဒနဲ့ လျှပ်စစ်သံလိုက်လှိုင်း နည်းပညာတွေက သေရေးရှင်ရေး တိုက်ပွဲတွေမှာ ဘယ်လောက်တောင် အရေးပါလဲ? ⚡ ရန်သူ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ဘယ်လို ထိုးဖောက် ဝင်ရောက်ခဲ့လဲ? စစ်လက်နက်နည်းပညာ ဝါသနာရှင်တွေ၊ လေကြောင်းတိုက်ပွဲတွေကို စိတ်ဝင်စားသူတွေအတွက် လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ကောင်း တစ်ကားဖြစ်လို့ DocMM ကနေ အထူး ညွှန်းဆိုလိုက်ပါရစေ။ #DocMM #AirWarriors #EA18GGrowler #EA6BProwler #ElectronicWarfare

DocMM
DocMM
Open In TikTok:
Region: MM
Sunday 24 May 2026 01:50:43 GMT
2241
105
2
4

Music

Download

Comments

kenn2972026
🥑Káűñĝ Ŝãțț Líññ🥑 :
🥰🥰🥰
2026-05-24 01:58:14
1
To see more videos from user @documentarypage, please go to the Tikwm homepage.

Other Videos


About