@monica.monica914: #၁နှစ်ကျော်လောက်တွဲပြီး လမ်းခွဲပြီးတဲ့နောက်မှာ အရာရာဟာ ယောင်ချာချာပါဘဲ ။ ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်လို့ သူငယ်ချင်းတွေ က ၀ိုင်းအားပေးကြတယ်။ ကျနော်လည်း ငိုမနေခဲ့ပါဘူး။ ဒါပေမယ့် စကားလည်းမပြောနိုင်ခဲ့ဘူး။ မနက်ဖြန်တွေကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပုံမှန်၀င်နေကျစာဟာရောက်မနေခဲ့ဘူး။ ဖုန်းကိုခဏခဏစစ်နေမိတယ်။ မျှော်လင့်ချက်ကတော့သေနေခဲ့တယ်။ အဲနေ့က ပထမဆုံးအနေနဲ့ လစာရလာတဲ့အကြောင်း ပြောပြစရာလူမရှိခဲ့ဘူး။ အထွေအထူး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့.... ကိုယ့်ရှေ့ရေး ကိုယ်တွေးမိတိုင်း သုံးဖြစ်ခဲ့တဲ့ ကိုယ်တို့ - ဆိုတဲ့ နာမ်စားလေးထဲမှာ မင်းနဲ့ကိုယ် အရင်လို အတူတူ ရှိမနေနိုင်တော့တာကလွဲရင် အရာရာဟာ ပုံမှန်ပါဘဲ ။ သူမရှိတော့ဘူး သူမရှိတော့ဘူး .... ကိုယ့်ဘဝထဲမှာ သူမရှိတော့ဘူး ဆိုတဲ့ အတွေးဟာ ဦးနောက်ကနေ နှလုံးသားကို ကျယ်ကျယ်လောင်လောင်နဲ့ နှိပ်စက်တယ် ။ ရှိုက်ကြီးတငင် ငိုချလိုက်ဖို့ တော်တော်ခက်ခဲတယ် ။ မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါမှာ ထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံးဟာ တဖြေးဖြေးနဲ့ လောင်မြိုက်ပေးရတယ် ။ ဒီလိုဖြတ်သန်းရတဲ့နေ့မှန်သမျှဟာ ကိုယ့်အတွက်တော့ ငရဲပဲ။ အဆင်ပြေလားတဲ့။ ဗရမ်းဗတာပါပဲ ဒါပေမယ့် လိမ်လိုက်တယ်။ ဘယ်သူကပိုခံစားရတဲ့သူဖြစ်ချင်ပါ့မလဲ။ ချစ်ပေးခဲ့ပြီပဲ လုံလောက်ပြီလို့ကိုယ့်ဘာသာ နှစ်သိမ့်ပေးကြည့်တယ်။ ကျနော် ငိုနေမိလားမသိ။ ညတွေ အိပ်ပျော်ဖို့ကြိုးစားရတယ်။ မနက်ဆိုထနိုင်ဖို့ ကြိုးစားရတယ်။ အချိန်မှန်စားသောက်ဖို့ကြိုးစားရတယ်။ လူတွေကြားထဲ အဆင်ပြေဖို့ကြိုးစားရတယ်။ အရှုံးပေးပြီးထွက်သွားချင်စိတ်ကိုကြိုးစားပြီးတားရတယ် ။ ဒါမှကိုယ်ချစ်တဲ့သူကိုရေရှည်သတိရနေနိုင်မယ်မဟုတ်လား။ #အရမ်းသဘောကျမိလို့စာအချို့ကိုပြန်လည်ကွန့်မြူးရေးသားထားခြင်းဖြစ်ပါတယ် #မူရင်းရေးသားသူများအားcreditပေးပါတယ်h
นาลา
Region: MM
Sunday 24 May 2026 06:07:13 GMT
Music
Download
Comments
Lil Zico :
စာလေးချပေးပါလား
2026-06-18 04:33:04
2
❄ :
🥰🥰🥰
2026-05-24 07:47:47
1
Mᥫ᭡ :
@TikTok ဖိုက်တင်း🥺
2026-05-24 07:20:18
1
♡Ã♡ :
🥺🥺🥺
2026-05-24 08:52:53
1
🎀 :
🥰🥰🥰
2026-05-24 11:34:50
1
🌷🤍🌷 :
❤️❤️❤️
2026-05-24 07:34:34
1
N💦 :
@TikTok ဖိုင်းတင်းပါသဲ"💜
2026-05-24 06:28:05
1
N :
@TikTok 😭
2026-05-24 06:10:19
1
ꜱ :
@TikTok 😞💔
2026-05-24 13:50:22
1
𐙚˚⋆𝐄ᥫ᭡ :
@TikTok ဘဝကိုပျော်ရွှင်အောင်ဖြတ်သန်းလိုက်ပါ လား''ရာ😌💕
2026-05-24 06:34:05
1
𝓜𝜗𝜚 :
@TikTok ဟော🥺💔
2026-05-26 00:56:21
1
P”_W :
@TikTok သူမရှိလဲငါရှိတယ်😛💕
2026-05-24 06:25:35
1
N.....♡🐷🫠🫶 :
🥺🥺🥺
2026-06-04 10:06:40
1
k💢 :
@🦇”ဂတုံး”🦇
2026-07-24 09:10:34
0
To see more videos from user @monica.monica914, please go to the Tikwm
homepage.