@misaka2494: အိမ်ထောင်ရေးမှာ တန်ဖိုးထား မခံရတဲ့ မိန်းမတစ်ယောက်ရဲ့ နာကျင်မူ့ တချို့အိမ်ထောင်ရေးတွေက ကွဲသွားမှ နာကျင်တာ မဟုတ်ဘူး... အတူရှိနေရင်း တန်ဖိုးထားမခံရတာက ပိုပီး နာကျင်ရတာပါ။ မိန်းမတစ်ယောက်က အိမ်တစ်အိမ် ပြိုမသွားဖို့ စိတ်တွေ ဘယ်လောက်ပင်ပန်းပင်ပန်း မျက်ရည်တွေ ဘယ်လောက်ကျကျ စိတ်ဒဏ်ရာတွေ ဘယ်လောက်ပဲရရ သည်းခံပြီး နေပေးတတ်ကြပါတယ်။ ဒါတွေ ယောကျ်ားတွေက ကိုယ်ချင်းစာမ ပေးတတ်ကြဘူး ‘နင်ပင်ပန်းနေပြီလား” ဆိုတဲ့ ဂရုစိုက်မှုလေး “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ တန်ဖိုးထားမှုလေး "မင်းရှိနေလို့ အိမ်က အိမ်လိုဖြစ်နေတာ" ဆို တဲ့ နားလည်ပေးမှုလေးပဲ လိုချင်တာပါ။ ဒါပေမဲ့ သူလုပ်သမျှ အရာရာကို အလေးမထားဘဲ တာဝန်တစ်ခုလိုပဲ မြင်ခံရတဲ့အခါ ငိုရင်းနဲ့ အိပ်တဲ့ညတွေများလာတယ်။ ပြောချင်စိတ်တွေ ပျောက်လာတယ်။ ပြောချင်စိတ်တွေ ပျောက်လာတယ။ အရင်လို ရယ်မောနိုင်တာတွေလည်း နည်း လာတယ်။ အနာကျင်ဆုံးက ဘာလည်းသိလား လမ်းခွဲသွားတာ မဟုတ်ဘူး.. အတူရှိနေရင်း ကိုယ့်တန်ဖိုးကို မမြင်ခံရတာပါပဲ။ သူမရဲ့ သည်းခံမှုကို အားနာရကောင်းမှန်းမ သိတဲ့ ယောကျာ်းတစ်ယောက်နဲ့ တွေ့သွားရင် နောက်ဆုံးမှာ စိတ်ဒဏ်ရာတွေပဲ ရသွား တတ်တယ်။ အရင်လို မတောင်းဆိုတော့ဘူး။ အရင်လို မျှော်လင့်မနေတော့ဘူး။ ရန်လည်း မဖြစ်ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ စိတ်ကုန်သွားတဲ့ မိန်းမတစ်ယောက်က တိတ်ဆိတ်သွားတတ်လို့ပါ။ တန်ဖိုးထားမခံရတဲ့ အိမ်ထောင်ရေးမှာ အချစ်ထက် “နာကျင်မှု” က ပိုများနေတတ် တယ်။ #မူရင်းကိုcrdပေးပါတယ် #ဘဝအတွက်စာဖတ်ပါ #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #အိမ်ထောင်ရေး #မြန်မာပြည်ကြီးအေးချမ်းပါစေ🙏🙏🙏
Misaka
Region: MM
Monday 25 May 2026 09:14:29 GMT
Music
Download
Comments
Phyu Hnin :
နာကျင်ရတာတေများလွန်းလို့ငိုချင်တာတောင်မျက်ရည်ကမထွက်တော့ဘူး
2026-05-28 06:10:35
60
1992 :
ကိုယ့်တယောက်တည်တော့မဟုတ်ခံနိုင်ရည်ရှိပါတယ်ဒီလိုဘဝနောက်ဘဝမှာမဆုံပါစေနှင့်
2026-05-30 04:30:13
20
AyeThandar :
နာကျင် လွန်းလို့လာမသိဘူငိုဖို့တောင်မျက်ရည်မရှိတော့ပါဘူးရှင့်
2026-05-29 15:05:04
15
Anty Moe :
ကျေးဇူးပြုပြီး စာသားလေးကို copy လေး ချပေးလို့ရလားရှင့်😔
2026-06-01 11:13:13
4
👸🏻 Shwe Hnin 👸🏻 :
စာသားလေးပေးပါလားရှင့်
2026-06-01 15:21:17
1
phyu phyu :
ဘဝတူပါရှင်❤️❤️❤️❤️❤️❤️
2026-06-20 01:50:24
2
PhyuOo Khin 19751991 :
ပြန်ကူးပီးတင်ချင်လို့ရမလားရှင့်
2026-05-30 01:43:56
5
💜🤍 :
အရမ်းမှန်တယ် 🥺🥺🥺
2026-05-27 23:24:13
5
khamtue6 :
သိပ်ပီးမှန်တယ် ဒီထက်နာကျင်တာဘာမှမရှိတော့ဘူး
2026-05-29 00:30:38
9
Ko Oo :
စာရေးသူကိုကျေးဇူးအထူးပါ ညီမလေးဘဝနဲ့တထပ်တည်းကျနေလို့ပါ သနားစရာကောင်းတဲ့ညီမလေးမျက်ရည်လဲထပ်ကျစရာမရှိတော့ပါဘူး 👍
2026-05-30 04:00:16
13
dawkhin5656 :
အရမ်းမှန်တယ်ကွယ်🥺🥺🥺
2026-06-18 05:13:24
1
ဒေါ်ခင်မာအေး :
သိပ်မှန်တာဘဲ၊ကျွန်မအရမ်းနာကျင်ခဲ့ရတယ်၊ဒီနေ့ဆိုသူဆုံးတာတစ်လပြည့်သွားပြီ၊ကိုယ်ကသူ့အတွက်ကောင်းမှု့ကုသိုလ်လုပ်ပေးနေရတာ၊ကိုယ့်တန်ဖိုးကိုနားလည်ရမှန်းမသိဘူးလေ။
2026-05-29 04:07:13
8
သမီးလေးရဲ့ မေမေ :
ငါ့ကိုပြောနေသလိုပါပဲလား 😥😥
2026-06-12 15:44:51
2
Nang :
ကျေးဇူးတင်ပါရှင့်တယ်😓😓😓
2026-06-13 14:47:11
1
🌀ဇလုံ🌀 :
yes
2026-06-09 10:03:08
1
San San :
နာကျင်ရတာတွေ
2026-05-27 06:12:27
5
𝒩ℊ𝓊☘️🍃 :
မတွေ့လို့မမ
2026-06-01 01:58:59
1
K :
တကယ်ပါအမှန်တွေနာကျင်ရတယ်🥺🥺🥺🥺🥺
2026-06-01 06:38:56
1
Kennny21 :
နာကျင်တာကမပြေားတပ်ဘူး
2026-06-15 11:06:08
1
𖣘𝐑𝐲𝐚𝐧シ︎ :
Good🥰🥰🥰🥰
2026-06-19 05:00:40
1
❤️"Hay Man saung"❤️ :
copyလေး ယူပါရစေ
2026-06-03 12:35:02
1
Nang Kham Julie :
copyယူပါစေရှင့်
2026-06-08 09:30:18
1
dehline6 :
ပြန်တင်လို့ရလားရှင့်
2026-06-01 02:27:06
1
latlat :
နာကျင်မှုတွေများလွန်းလို့ပါ🥰🥰🥰🥰🥰
2026-06-15 18:23:19
4
Naw Khin Kyi :
ထပ်တူလိုပဲခံစားနေရပါတယ်
2026-05-30 16:06:12
1
To see more videos from user @misaka2494, please go to the Tikwm
homepage.