@masaung146: ဆီးသွားများလျှင်အနေခက် ဥသျှစ်ရွက်သုတ်စား -ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက် လေးညုင်းပွင့်သွေးလိမ်း -ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း ဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက် - မကျီးခေါက်သွေးသောက် -နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် (1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်) (2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်) ရေအေးတဝသောက် -အိမ်မပျော်လျှင် ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား -နှာခေါင်းသွေးလျှံ ကျောက်ချဉ်အမှုန့်ထောင်းရှူ -ကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း (၃၉)သားအိမ်ကိုက် အကြောတက် (1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း (2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း ရောစပ်၍သောက် -သွေးပျစ် သွေးခဲလွန်းလျှင် ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက် -ကျောက်တည်ရောဂါ ကျောက်ကွဲပြုတ်သောက် သံမနိူင်ကျောက်မနိူင်ဆေးသောက် ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက် ငါးဦးခေါင်း၌ရှိသော ကျောက်ကလေးများကို မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ) နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း (သို့)သံပုရာရည်ထဲသို့သွန်ထည့် ကြေမွသွားသော ကျောက်မှုန့်များကို ချင့်ချိန်သောက် -ရင်ပြည့်အစာမကျေ လေးလံ အဝလွန် အကြောတက် အဆီကျဆေး (1)သက်ရင်းကြီးရွက်ရင့် (2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့် (3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ) (4)ရှားဖြူရွက်ရင့် (5)မကျီးရွက်ရင့် (6)ကင်ပွန်းချဉ်ရွက်ရင့် လေးတူဆတူကျိုသောက် (၆ ပါးဆေး) -ချောင်းဆိုးလျှင်.... ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။ -ရင်ပြည့်ရင်ကယ် .. ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ --ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။ -နှာပိတ်သော်..... ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိ ဆေးအရည်နှင့်ဆွဲပေးပါ ။ -တက်လျှင်.... ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။ -ရေငတ်ဝမ်းကျ ..... ဆီးသီးအစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။ -ကင်းထိုးသော်....... ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။ -ကြို့ထိုးလျှင်...... ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ -ခရုသင်း..... ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။ -ခြေတုန်လက်တုန်ဖြစ်လျှင်.... ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။ -ခါးနာ ခါးကိုက်...... ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။ -ငှက်ဖျားထလျှင် .... ြမြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။ -ခံတွင်းပျက်လျှင်..... ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။ -ခေါင်းတခြမ်းကိုက်လျှင်....... ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။ -စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။ -စအိုယားနာ.... ကြိတ်မှန်ရွက် အရည်ညှစ်၍ စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။ -ဆီးချုပ်လျှင်.... ငုပင်၏ အနှဈိုကိုသှေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။ -ဆီးတစက်စက်ကျလျှင်... ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။ -ဆီးချုပ်လျှင် ...... ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။ -ဆီးအောင့်ကျောက်တည်လျှင်...... ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။ -ဆီးချိုဖြစ်လျှင် .... ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။ -ဆီးအနှစ်ကျလျှင်..... သင်္ဘော ရွက် သုံးရွက်ကို ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။ -ဆီးပူလျှင်.... ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။ -ဆံပင်ပြန်ပေါက်ဆေး...... သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏ -တင်းတိပ်.... နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။ -ဓာတ်ချုပ်လျှင် ...... ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။ -နားကိုက်လျှင်..... ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။ -နားအူ နားလေထွက်လျှင်.... သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။ -နားပြည်ယိုလျှင်.... ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။ -နားအတွင်းပိုးကောင်ဝင်လျှင်.... ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။ -နို့ကြောင်းပိတ်လျှင်.... ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။ -နို့လှိုင်လှိုင်ထွက်ဆေး စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏ -နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။ -နှခေါင်းသွေးလျှံလျှင် ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။ -နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင် ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ #ကျန်းမာရေးဗဟုသုတ #သဘာဝဆေးနည်း #HealthyLifestyle #ကျန်းမာရေး #ဆေးနည်း
ma ma saungကျန်းမာရေးဗဟုသုတ
Region: MM
Tuesday 26 May 2026 08:24:52 GMT
Music
Download
Comments
FLOWER :
ကျေးဇူပါညလေး🥰🥰🥰🥰🥰🥰
2026-05-26 09:29:07
1
Ko win Naing :
🥰🥰🥰
2026-05-26 10:58:04
1
komin :
🥰🥰🥰
2026-05-27 11:18:12
1
To see more videos from user @masaung146, please go to the Tikwm
homepage.