@sanwinlatt14gmail.com: ■ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ရှိ Fertility Centre ၌ သားသမီးရလိုသော ဇနီးမောင်နှံများအတွက် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI) ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေး ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ရှိ Fertility Centre ၌ သားသမီးရလိုသော ဇနီးမောင်နှံများအတွက် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI) ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်ထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။ Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါလူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီးရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre မှ သိရသည်။
Region: MM
Tuesday 26 May 2026 09:38:08 GMT
Music
Download
Comments
It’s me Gracy♐️ :
မန်းလေးမှာလဲလုပ်ပေးနေတယ်နော် ကျွန်မတို့ကခုလုပ်နေတာပါ
2026-05-28 05:35:33
38
Htet. Shar :
ကုန်ကျစရိတ်လေးပြောပေးလို့ရမလား
2026-05-27 08:59:16
12
꧁ 𝑀🌺𝑴🌺𝑨꧂🫶🫶☛သဲကုန်းသူ☚ :
IUIနံမည်အရှည်ကဘာလဲရှင့်သိချင်လိုပါ
2026-05-28 07:08:45
7
🦋🦋 Kim Cherry 🍒🍒 :
အသက် 41 နှစ်ဆိုရင်ရနိုင်သေးလားရှင့်
2026-05-29 10:04:30
4
Kay zin :
ယူချင်ပါတယ်လုည်ကူ
2026-05-27 05:55:33
6
THIDA OO :
2022ကတည်းကသွားခဲ့တာ ဖုန်းနံပါတ်ပေးခဲ့ပါဆိုတာခုချိန် 2026ရောက်ခဲ့တယ်
2026-05-27 14:10:46
7
မသင်း :
မန်းလေးမှာဗဟိုဆေးယုံမှာပြလို့ရလားရှင့်
2026-06-11 03:40:40
1
pxone khant min :
သိန်း၅၀ဆို တကယ်ကတန်တယ်ပြောရမှာ
အပြင်မှာအရမ်းဈေးကြီးပါတယ်😑😑
2026-05-28 04:13:12
6
user7927746833276 :
ဆေးရုံးကိုဘယ်နေ့သွာပြရတာလဲ
2026-05-30 13:18:12
1
Khun Zaw Min Htwe :
ok
2026-06-04 05:24:32
1
Mee :
ဖိုက်တင်းဗိုင်ကျေးဇူးပါ
2026-05-27 14:27:59
3
saiko :
မန်းလေးမှာရှိလားရှင့်
2026-05-31 11:58:29
0
🌹🇲🇲🌷May🌹🇲🇲🌷 :
သွားချင်တယ်ဘယ်လိုတက်သွယ်ရမလဲ
2026-05-29 02:51:38
2
AungNaimgTun :
လိုချင်တာပေါငွေအမျာကြီးမတက်နိုင်တာကိုဘယ်လိုလုပ်ရမလဲ့
2026-06-04 02:56:39
1
maymoemarn :
48ကျမှဘယ်ရပါမလဲနော် ငွေရှိပေမဲ့အနာဂတ်မဲ့ခဲ့ရတယ် ကံအကျိုးမပေး
2026-06-02 05:17:31
1
Min Zaw :
တကယ်လာဗျ
2026-06-02 00:59:24
1
Aye :
ဘယ်ချိန်ပြန်ပြလို့ရသေးလဲ
2026-05-30 15:05:08
1
🌸Mya Pan Wai🌸 :
ရန်ကုန်ဘယ်မြို့နယ်ပါလေ
2026-05-29 04:05:24
1
QQ :
ဘယ်အမျိုးသားသုတ်ရည်ထည့်တာလဲ ကုန်ကျငွေလဲပြောပေးပါလားပိုအဆင်ပြေတာပေါ့
2026-05-27 11:18:22
8
Saro 🩶 :
ကုန်ကျငွေသိချင်လို့ပါ
2026-05-27 14:04:33
6
T2 founder(Ma May) :
ပြန်တင်ခွင့်ပြုပါရှင့်
2026-05-28 06:19:10
1
ယွန်း :
mdyမှာရော ရလားမသိဘူး
2026-05-28 01:06:07
1
Pan Dora :
ဘယ်နေ့ပြလိုရလဲ
2026-05-28 07:06:47
1
🤍Kyi Kyi San🤍 :
ဘယ်လောက်ကုန်လဲပြောပေးပါလား
2026-05-27 11:55:20
1
Myint Myint Khaing :
ကုန်ကျငွေဘယ်လောက်လဲ
2026-05-27 09:55:53
1
To see more videos from user @sanwinlatt14gmail.com, please go to the Tikwm
homepage.