@ma.san.dar28: မြင်ရသည့်ပုံမှာ စုဖုရားလတ်၏ပထမသမီးတော်ကြီး ထိပ်စုမြတ်ဖုရားကြီးဖြစ်ပြီး ပါတော်မူတဲ့အချိန်မှာသမီးတော်ကြီးဟာ ငါးနှစ်အရွယ်သာသာရှိပါသေးတယ်။ ရတနာဂီရိစံအိမ်တော်ကြီးမှာ ပတ်ဝန်းကျင်နဲ့အဆက်အစပ်မရှိ ယောက်ျားဆိုရင်အထိအတွေ့မရှိတဲ့ သမီးတော်ကြီးဟာ ပထမမယားကြီးရှိပြီးဖြစ်တဲ့ အိမ်တော်တံခါးစောင့်ဂိုလ်ပါးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဂိုလ်ပါးနဲ့ရတဲ့ကိုယ်ဝန်မွေးဖွားခါနီးမှ အရှင်နှစ်ပါးကသိခဲ့ရတာပါ မယားကြီးရှိတဲ့ဂိုလ်ပါးက ဟိန္ဒူထုံးတမ်းအစဉ်အလာအရ နောက်မိန်းမယူဖို့မဖြစ်နိုင်ပါဘူး ဖခင်သီပေါဘုရင်ကံတော်ကုန်ပြီးနောက် တော်ဝင်မိသားစုမြန်မာပြည်ကိုပြန်ဖို့စီစဉ်ရာမှာ သူမကဒုတိယကိုယ်ဝန်ကိုဆောင်ထားရပါပြီ ဗမာပြည်ရောက်ပြီးမကြာခင်မှာ ပထမသမီးတော်စုဖုရားကြီးက ကလေးအသေလေးမွေးဖွားခဲ့ပါတယ် ရန်ကုန်မှာနေစဉ်တစ်နှစ်အတွင်းမှာ ခင်ပွန်းဖြစ်သူဂိုလ်ပါးနဲ့အဆက်အသွယ်ရပြီး လိုက်သွားဖို့သမီးတော်ကဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရကသမီးတော်ကိုယူနိုင်မယူနိုင် ဂိုလ်ပါးကိုမေးမြန်းရာ ပထမဇနီးရှိပါလျှက် ပထမသမီးတော်ကိုယူလိုက်လျှင် သူ့ကိုသူတို့လူမှု့အသိုင်းအဝိုင်းက ဖယ်ကျဉ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့ပါတယ်" တကယ်တော့ဂိုလ်ပါးဟာ ပထမသမီးတော်ကိုချစ်မြတ်နိုးတာမဟုတ်ပဲ သမီးတော်ကိုဗြိတိသျှအစိုးရကချီးမြှင့်တဲ့ လစာကိုမက်မောခဲ့တာပါ။ နောက်တော့..သမီးတော်ကြီးဟာ တော်ဝင်မိသားစုဆိုတဲ့ဂုဏ်ကိုစွှန့်လွှတ်ပြီး မိသားစုကန့်ကွက်တဲ့ကြားက အချစ်ကိုရွေးချယ်ပြီး ဂိုလ်ပါးနောက်ကိုလိုက်သွားခဲ့ပါတယ် မယ်တော်စုဖုရားလတ်ကလည်း သမီးတော်ကြီးကိုလွန်စွာနာကျည်းခဲ့ပါတယ် ပတ်ဝန်းကျင်ကလည်းတရားဝင်ဇနီးရှိပြီး ယောက်ျားနောက်ကိုလိုက်လာတဲ့ သမီးတော်ကြီးကိုရှောင်ကြဉ်ကြပါတယ် ဂိုလ်ပါးကလည်းသူလာချင်မှလာပါတယ် အဲ့သည့်အချိန်မှာအစိုးရက သမီးဝောာ်အတွက်တစ်လကို ရူပီးနှစ်ရာပင်စင်အဖြစ်ထောက်ပံ့ပေးပါတယ် အဲဒီ့ပိုက်ဆံဟာအိမ်တစ်လုံးငှားပြီး ကောင်းကောင်းစားနိုင်ပါတယ်။ သို့ပေမဲ့..သမီးတော်ဟာ တဲစုတ်တစ်လုံးသာငှားနေနိုင်ပြီး ကြမ်းပေါ်မှာသာစက်တော်‌ခေါ်ရပါတယ် ရတနာဂီရိစံအိမ်တော်တုန်းက တစ်လဆယ့်ငါးပဲသာလစာရခဲ့တဲ့ ဂိုလ်ပါးအတွက်သမီးတော်ရတဲ့ ရူပီးနှစ်ရာမက်မောစရာပါ" ဂိုလ်ပါးပိုင်ဆိုင်တဲ့လယ်မြေဧက နှစ်ရာကျော်ဟာသီပေါဘုရင်နဲ့ ပထမသမီးတော်တို့ဆီကရတဲ့ငွေကြေးနဲ့ ဝယ်ထားတာပါ" နောက်တော့ဂိုလ်ပါးနဲ့ရတဲ့သမီးတော်လည်း အိမ်ခွဲသွားပါတယ်။ သူမဘဝအဆုံးသတ်ခါနီးမှာ စာလည်းသိပ်မတတ်ရှာ ရိုးအရှာတဲ့သမီးတော်ကြီးဟာ ရခဲ့တဲ့အချစ်ဒဏ်ရာ မိသားစုကပစ်ပယ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် စိတ်အခြေအနေတွေကြမ်းလာပါတယ် သူမကွယ်လွန်ခင်နှစ်အနည်းငယ်က ဗမာသတင်းထောက်တစ်ဦး သွားရောက်တွေ့ဆုံစဉ်မှာ သမီးတော်က" မြန်မာပြည်ကမည်သူနဲ့မှ အဆက်အသွယ်မလုပ်ချင်လိုကြောင်း တံခါးအတင်းပိတ်ထားတဲ့အတွက် သတင်းထောက်က မင်းသမီး" ကျနော်အဝေးကြီးကလာခဲ့ရတာပါ ကျနော့်ကိုဆဲချင်ဆဲရိုက်ချင်ရိုက်ပါ ခဏလေးဝင်ခွင့်ပြုပါလို့ အတန်တန်တောင်းပန်မှ တံခါးလေးကိုအသာဟပေးပြီး ကျမဘဝကဆုံးခဲ့ပါပြီရှင် ရှင်ဘာများသိချင်သေးလို့ပါလည်းဟု ဝမ်းနည်းတကြီးငိုကြွေးရှာပါတယ် ကျနော်တို့ရဲ့ဗမာပြည်သူတွေကို မင်းသမီးဒုက္ခရောက်နေကြောင်း ပြောပြချင်လို့ပါဆိုတဲ့အခါ ဟင်"ဗမာပြည်သူတွေဟုတ်လား" သူတို့ကကျမကိုသတိရကြရဲ့လားလို့ မေးမြန်းတော်မူရှာပြီး ဆင်းရဲလွန်းလို့အဝတ်အစားတွေ စုတ်ပြတ်နေတာကြောင့် ဓာတ်ပုံအရိုက်မခံတော့ပဲ ဓာတ်ပုံအဟောင်းလေးကို သေတ္တာထဲကထုတ်ပေးရှာပါတယ်။ ma san dar

Ma San Dar.
Ma San Dar.
Open In TikTok:
Region: MM
Tuesday 26 May 2026 10:45:23 GMT
244853
6828
205
301

Music

Download

Comments

wailu486
wailu :
2026-06-07 15:16:52
89
taungngu.thar
Taungngu Thar :
ဘာတေဘဲဖစ်ဖြစ်ပါ ငါတို့ အရှင် သခင် ပါ🥺
2026-06-06 08:43:32
39
winita717
winita :
မင်းသမီး လို့ လေးစားစွာ ခေါ်ပေးတဲ့ သတင်းထောက်ကို လေးစားပါတယ်
2026-06-08 16:54:21
35
xulianparis1
Daw Thandar Bo Win- ၈/အောင်လံ :
😭ငါဘာလို့ မျက်ရည်တွေ စီးကျနေပါလိမ့်
2026-06-05 05:49:41
24
shwe.poe30
Shwe Poe :
ကျေးဇူးတင်ပါတယ်ရှင်အခုလိုဖတ်ရတာရင်ထဲလဲမကောင်းပါဘူးသနားလိုက်တာ😓
2026-06-15 11:57:24
1
mal.thi.da2
1234 :
စိတ်မကောင်းဘူး ခုလိုသိခွင့်ရလို့ကျေးဇူးပါအန်တီ
2026-06-14 10:33:34
2
ptkz2842016
♈ Phyo Thant Kyaw Zin ♈ :
မကြားချင်ဘူး မသိချင်ဘူး😡
2026-05-29 11:56:57
23
jelly.clay14
ርዘዪጎነፕሃ :
လွမ်းစရာတော့မရှိဘူး မြန်မာပြည်တောင်ပြန်လာပြီးမှ ဒီလိုလူကိုထပ်ရွေးချယ်တာတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ
2026-06-10 01:52:31
29
bbcvs3
Bb :
မလွမ်းလောက်ပါဘူး
2026-06-11 13:34:54
5
htun1327
htun :
သံ ဝေဂရတယ်
2026-06-19 16:06:50
1
lawon624
La won :
တင်ပေးပါအူး ကျမတို့ဗဟုသုတရပါတယ်ရှင့်
2026-06-04 11:44:49
7
2kelvin01
Saw Htut :
သားသမီးတွေကိုပညာသင်ပေးပါ
2026-06-04 20:52:49
15
n.n.a.k8
N N A K 💕💕 :
စုဖုရားလတ် ကြောင့်ပါဘဲ
2026-06-05 16:06:41
7
mg.htay503
Mg Htay :
ဘဝကုသိုလ်ကံအကျိုးပေးလို့ဘဲပြောရတော့မှာပါရင်နာစရာကောင်းလှပါတယ်
2026-06-02 12:22:16
6
nannan.tittok.comcom
Nan :
သမိုင်းကိုသိခွင့်ရလို့ကျေးဇူးတင်ပါတယ်သီချင်းကိုလဲအရမ်းကြိုက်ပါတယ်
2026-06-06 15:14:18
6
winwinkyikhaing
winwin :
ဘာတွေဘဲဖြစ်ဖြစ်သူကဘုရင့်သမီးပါ
2026-06-03 08:30:04
7
zaygyi3437
zaygyi :
စိတ်မကာင်းလိုက်တာကွာ
2026-05-27 00:43:20
8
dawtintin.aye7
dawtintin aye :
ဝဋ်
2026-05-29 10:50:37
6
thinthin7570
ThinThin :
စိတ်ကိုမကောင်းဘူး၊အရင်ကတည်းကလေ့လာခဲ့ဖူးတယ်၊ခုပြန်ဖတ်ရတော့ပြန်ခံစားရပြန်တယ်။
2026-06-06 14:16:04
5
shikbvg4
P.P.w :
အခုပုံကငါးနှစ်အရွယ်ဟုတ်ပါ့မလား
2026-06-17 10:19:50
1
aazzl24
San Oo :
ကာမဂုဏ်အာရုံ
2026-06-13 07:24:12
1
oneone4071
OneOne :
နောက်ဆုံးမင်းဆက်ရဲ့အနွယ်တော်တွေက အန္တရာယ်၂ခုရင်ဆိုင်တယ်။ တခုက ကိုလိုနီ တခုက အစိုးရအသစ်
2026-06-12 01:03:56
4
uwin8297
U Win :
အရှင်နှစ်ပါးကိုလွမ်းသလိုမျိုးချစ်စိတ်တွေတဖွားဖွားပေါ်စေတဲ့ကျနော်အသဲကိုကိုင်လုပ်နေတဲသချင်း
2026-06-09 14:23:31
4
30925545313
Saung Thazin :
လွန်စွာစိတ်မကောင်းဖြစ်ရပါတယ် 😔
2026-06-09 13:02:10
1
user818625927
Khing Lay :
သမိုင်းကြောင်းလေးတွေသိရတာအရမ်းကိုတန်ဖိုးရှိပါတယ်မျှော်နေမယ်နော်
2026-06-08 03:56:52
2
To see more videos from user @ma.san.dar28, please go to the Tikwm homepage.

Other Videos


About