@imnot_khin: နေတတ်ရမယ် ** အခက်အခဲတွေရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ ထိခိုက်နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။ အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။ နေတတ်အောင်နေပါ။ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက်တိုးတဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။ တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။ နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။ မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆို တာကိုပါပဲ။ တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေးရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။ နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။ သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။ မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။ အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မ သိမ်းထားသင့်တော့ဘူး။ မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်.... မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။ ရည်မှန်းချက်တွေ ရှိနေရမယ်။ လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ကြား မင်းအရှုံးမပေးသွားရဘူး။ မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းကိုယ်မင်း လေးစားတတ်ရမယ်။ မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။ အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။ မင်းကိုယ်မင်း သန်မာနေစေရမယ်။ အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ် အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။ မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေ သင့်တော့ဘူး။ မင်းအတွက်မင်း ရှိနေရမယ်။ မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။ စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။ မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။ မင်းကိုယ်မင်း ချစ်တတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။ မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။ မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှု တွေ ဆုပ်ကိုင်ထားနိုင်ဖို့... ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။ ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။ နေတတ်အောင်လည်းကြိုးစားပါ။ ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ။ နေတတ်အောင်ပဲ ကြိုးစားပါ။ နေတတ်ဖို့က စိတ်က အဓိကပါ။ #CapCut #fpyシ #fyp #viral
K
Region: MM
Tuesday 26 May 2026 17:59:49 GMT
Music
Download
Comments
Di"🦔 :
တော်သေးတာပေါ့ နှစ်သိမ့်ပေးမဲ့မောင်လေး ဘေးနားရှိလို့ မဟုတ်ရင် အရမ်းပြိုလဲမိမှာ အားကျပါတယ် ဒီထပ်ပိုပြီးတောက်ပနိုင်ပါစေနော်🥰💐
2026-05-27 05:50:51
4803
星 :
ကလေးအမေလို့မထင်ရဘူး တစ်သားမွေးတစ်သွေးလှဆိုတာဒါကိုပြောတာနေမယ်💞
2026-05-27 08:00:18
1822
irismyetwoon :
ကလေးလေးက သိတတ်လိုက်တာရယ်🥰
2026-05-27 05:21:52
452
Jack :
ကလေးအမေလို့တောင်မထင်ရက်နိုင်တာမမရယ်အရမ်းလှတာပဲ😭💞
2026-05-29 03:21:57
100
ဂျပန်ငရုတ်သီးထောင်း :
မောင်နှမထင်နေတာ comment ဖတ်ကြည့်မှ သားမိမှန်းသိတယ် ဒီထက်မက သန်မာပြီးလှပပါစေနော်
2026-06-11 23:29:26
54
Kyawt🫧 :
ငါ့တူလေးလိုဖဲ ငါလဲ 3နှစ်တာ rsလမ်းခွဲတုန်းက ငါ့ဘေးမှာ ငါ့တူလေးဖဲရှိနေခဲ့တာ သူဖဲ ငါ့မျက်နှာလေးကို အငြိုးမခံဖဲ အရိပ်တကြည့်"ကြည့်နေခဲ့တာ ငိုနေရင်လဲဘေးနားကနေထမသွားဖဲ မျက်ရည်တွေသုတ်ပြီးဖက်ထားပေးခဲ့တာ 💓
2026-07-18 13:58:07
5
Hsu K :
ကလေးလေးက အမေကိုတော်တော်ချစ်မယ့်ပုံပဲနော်😭🤍
2026-05-27 12:03:20
84
Pouk C🪸 :
ကလေးအမေလို့မထင်ရအောင်ကို ချစ်စရာလေးနော် မိန်းမတစ်ယောက်မာ အရေးကြီးဆုံးက မိခင်စိတ်ပါ💕🫠ဒီလောက်ပိုပြီးstrong ဖြစ်ပြီးပျော်ရွှင်ပါစေ
2026-05-28 15:29:13
20
Boa 💜 :
ဘာလို့လဲ မသိပေမယ့် အားကျပီးပြုံးမိတယ်
2026-05-27 04:51:48
15
Amara Gaming :
အမေတွေငိုရင် အနာကျင်ရဆုံးက သူတို့ကလေးလေးတွေနော် တအားချစ်ကြတာ
2026-05-28 08:13:25
11
JUE :
ခလေးမေမေရောဟုတ်ရဲ့လားကွာအရမ်းလှလွန်းတယ်🥰🤭
2026-05-28 00:37:05
6
Dd :
အမလေးချစ်စရာခလေးငယ်လေးသိတတ်လိုက်တာကွယ်
2026-05-27 13:39:34
5
❀ May ❀♏ :
ကဲ့ကလေးလေးလည်းရှိသေးတယ်ဆိုတော့ အားတင်းထားရမယ်သိလားပြိုလဲလိုမရဘူးနော်💐
2026-05-27 08:03:25
5
Qxzy :
အစကမောင်နှမတွေထင်တာ သားလေးဆိုတော့ ဒီလိုခလေးမျိုးရထားတာကံကောင်းပါတယ် You win girl
2026-05-29 05:07:28
6
Yee Mon🍀 :
ကိုယ့်မောင်လေးလိုပဲအသဲကွဲတုနိးကဘေးကနေသူပါငိုပေးတာ🥰🥰🥰🥰
2026-05-27 03:32:31
7
T :
ကိုယ့်မောင်လေးလိုပဲကိုယ်ငိုရင်မမငိုရဘူးငိုနော်တဲ့😭💕
2026-05-29 13:04:38
87
zin zin🐣 :
နေတတ်ရင် ဘဝကြီးက ပျော်စရာတေအပြည့်ပါ🤗💕
2026-07-13 05:40:17
1
Cho🍯♏ :
မောင်နှမလို့လည်းထင်မိမာပေါ့ မေမေကလည်းလှတာကို🥰
2026-07-21 01:19:39
1
ᥫ᭡✰𝒚𝒐𝒐𝒏✰ᥫ᭡ :
ဖိုက်တင်းမမ🥰
2026-07-23 16:28:01
1
Pisi 🎀 :
မောင်လေး ထင်သွားတာ.. သားအမိဖြစ်နေတာ🥰 အခုအရွယ်ထဲက နှစ်သိမ့်ပေး အားပေးတတ်နေတာ.. နောင်လည်း အားကိုးရတဲ့သားလေးဖြစ်ပါစေ🥰🥰🥰
2026-07-11 03:22:34
1
:(TĤï♥ :
မထင်ရဘူးဗျခလေးအမေလိုတောင်မောင်နှမလိုထင်နေတာ
2026-07-16 12:36:56
1
To see more videos from user @imnot_khin, please go to the Tikwm
homepage.