@daylover38: အချစ်အပေါ် စိတ်ရှည်ပါ မှာလား။ နည်းနည်း အဆင်မပြေမှုတွေ ကြုံရတာနဲ့ လမ်းခွဲသွားတော့ စိတ်ပျက်တာနဲ့ လမ်းခွဲမယ်။ အလိုမကျတာနဲ့ လမ်းခွဲမယ်။ ကတောက်ကဆတ် ဖြစ်တာနဲ့ လမ်းခွဲမယ်။ အဘယ်မှာ အချစ်စစ်ကို ပိုင်ဆိုင်နိုင်မလဲ။ လက်ရှိလူကို စွန့်ပစ်တာနဲ့ ဒီထက် ပိုကောင်းတဲ့လူနဲ့ တွေ့ရ တော့မှာလား။ လောကမှာ ကောင်းတဲ့လူအများကြီး ရှိနိုင်တယ်။ ဒါပေမဲ့ မင်းနဲ့ သင့်တော်တဲ့လူတော့ အင်မတန်မှ ရှားပါလိမ့်မယ်။ ဒါကြောင့် အတွေးမများနဲ့၊ လွယ်လွယ်စိတ်မပျက်နဲ့။ ကိုယ့်မျက်စိရှေ့ကလူသည် အကောင်းဆုံးသာ ဖြစ်တယ်။ ခဏတာရင်ခုန်မှုအသစ်အတွက်နဲ့ သူ့မျက်စိတစ်စုံလုံး မင်း ပုံရိပ်တွေ ပြည့်နေတဲ့လူကို မလဲလိုက်ပါနဲ့။ မလဲသင့်တဲ့အရာပါ။ အသစ်သောလူနဲ့ လဲလှယ်ဖို့ မထိုက်တန်ပါ။ သူစိမ်းလူနှစ်ယောက် ချစ်ကြတဲ့အခါ အနည်းနဲ့အများ အဆင်မပြေမှုလေးတွေ ရှိလာနိုင်တယ်။ ကြုံလာနိုင်တယ်။ ရန်ဖြစ်စကားများနိုင်တယ်။ နားလည်မှု လွဲနိုင်တယ်။ မပြေလည်မှုတွေကို ချစ်တဲ့ နှစ်ယောက်သား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နည်းကို အတူတူ စဉ်းစား ရမယ်။ ပြဿနာများကို အတူတူဖြေရှင်းရင် မပြေလည်မှုတွေ မရှိတော့ဘူးပေါ့လေ။ လမ်းခွဲစကားပြော ဇာတ်သိမ်းဖို့ပဲ တွေးရတာ မဟုတ်ပါ။ လုံးဝအဆင်မပြေတော့ရင်တော့ တစ်မျိုးပေါ့။ အချစ် ဆိုတာ စိတ်ရှည်ရတယ်။ သည်းခံရတယ်။ အချိန်ပေးရတယ်။ လက်တွေ့ ချစ်ပေးရတယ်။ သစ္စာရှိရတယ်။ လေးစားမှု ရှိရတယ်။ တန်ဖိုးထားပေးရတယ်။ ဒါကြောင့် မင်းမှမင်းဆိုတဲ့လူမျိုးကို လက်လွတ်ဆုံးရှုံးမခံရအောင် စိတ်ရှည်သည်းခံပြီး ချစ်ပါ။ ဘဝမှာ တစ်နေကုန်ပင်ပန်းပြီး ညရောက်လာတဲ့အခါ တီတီ တာတာပြောပြီး ချွဲလို့ရတဲ့ရင်ခွင်ရှိခြင်းဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းသလဲဆိုတာ သိတယ်မဟုတ်လား။ #စာပေ #ချစ်သူ #မြန်မာtiktok #စင်တီ #foryou စာသားများ
🇲🇲"ဘဝစာပေ"📕👇👇
Region: MM
Wednesday 27 May 2026 09:11:39 GMT
Music
Download
Comments
T .h. s :
ကို့ ဘက်ကဘဲချစ်ပြီး သူဘက်က အေးတိအေးစက်မို့ ရှေ့ဆက်ရမှာလားနောက်ဆုတ်ရမှာလား အဖြေမရှိဘူး
2026-05-28 12:35:52
12
Daw Nan🤓🤓🤓🤓 :
ကိုယ့်ကိုကိုယ်ပဲချစ်နေရင်ပိုအေးချမ်းနေမယ်ထင်တယ်လောကကြီးမှာတပါးသူကိုချစ်ရတာပင်ပန်းတယ်
2026-06-15 05:59:34
4
koko chit lay :
ခနလေးနဲ့ စိတ်မပျတ်ခဲ့ပါဘူး၆နှစ်ပါ
သီးခံခွင့်လွတ်နားလည်ပေးခဲ့တာ
သူအဆင်မပြေတာသိလို့သစ္စာရှိစွာနဲ့စိတ်ရှည်"နဲ့
စောင့်ခဲ့တာပါ ဒါပေမယ့် တခုခုဆို သူကတော့ကျမကိုစွန့်ပစ်ဖို့ပဲတွေးတယ် ဒါကြောင့် ကျမစိတ်ကုန်သွားပြီးသူကိုအရမ်းချစ်တယ် ဒါပေမယ့် မလိုချင်တော့ဘူး 😔😔
2026-06-20 15:11:43
3
👩❤️👨 ❤️ 27.4.2023❤️ 💏 :
အဆင်ကိုမပြေနိုင်တော့ပါဘူးဗျာ ညှိ့မရ နှိုင်းမရနဲ့ပါ
2026-06-05 06:53:55
3
yoon :
စာသားလေးချပေးပါအုံး😊
2026-06-02 02:30:16
1
YAN Official Account :
ကူးယူခွင့်ပြုပါ
2026-06-02 11:17:44
1
👑မမမောင်👑မောင်လွမ်းပိုလေး :
မမမြင်ပါစေဒီစာလေးကို❤️❤️
2026-06-04 03:43:59
1
Y.Y.S :
ဟုတ်မှန်ပါတယ်💕💕💕💕💕
2026-06-04 03:47:51
1
U Mya Win :
တခါတလေအချစ်ဆိုတာကို
သံသယဖြစ်မိတယ်
2026-06-09 14:52:32
1
📴🛜 :
သူ့ဘက်က လမ်းခွဲဖို့ခနခနပြောနေတယ် 😔
2026-06-18 06:34:04
1
Daw Chit Phu Ngoon :
အဲ့တာက တော့ အမှန်ဘဲ
2026-06-04 07:31:50
3
Kyaw Oo :
သိပ်မှန်တဲ့စကားပဲ
အချစ်အပေါ် စိတ်ရှည်ပါ သီးခံပါ အချိန်ပေးပါ
2026-06-08 15:47:20
1
လမင်းငယ် :
ကျမလည်းသူ့ကိုအရမ်းချစ်တယ်သူလည်းကျမကိုအရမ်းချစ်တယ်လို့ပြောတယ်ဒါပေမယ့်သူ့ရဲ့အားတဲ့အချိန်တွေကိုကျမအတွက်ဘဲဖစ်စေချင်တယ်ကျမကြောင့်နဲ့ဘဲအချိန်တွေကုန်စေချင်တယ
2026-06-02 13:43:41
1
༒︎C҈H҈A҈N҈ 𝕄𝕚ℕ A҉U҉N҉G҉༒︎ :
အချစ်ကတကယ်ရှိတာလာ🥺🥺🥺
2026-06-05 14:27:32
1
koOo258x :
အချစ်ရဲ့တန်ဖိုး အချစ်စစ် အပေါ်ယံတွေမသိပါဘူး ဗျာ
2026-06-08 11:32:42
1
Bagan Thu. Lay :
🙏🙏🙏🙏🙏
တင့်ပ ဘုရား
2026-05-28 04:55:01
2
𝐴ℎ 𝑇ℎ𝑢_❤️🔥🎀 :
ကိုယ်နဲ့ဆိုအချိန်မရှိတော့ဘူး ကိုယ်နဲ့ပြောနေရရင်ကိုသူကစိတ်ပင်ပန်းသွားတာ ကိုယ်ဖြစ်နေလို့ကိုသူ့အတွက်အနောက်ရှက်ဖြစ်သွားလို့ နာကျင်စွာနဲ့လမ်းခွဲရတာမျိုးလည်းရှိတက်ပါတယ်ရှင်😔😔😔
2026-06-02 02:39:11
1
ZayThura :
မင်းကိုမချစ်ချင်တော့ဘူးဆိုတဲ့စိတ်ဝင်မိမှာအကြောက်ဆုံးပဲ ကိုယ့်စီကိုပြန်လာမယ့်ချစ်ခြင်းတွေကိုမျှော်ရင်းပေါ့ လွှတ်ချဖို့ အတန်တန်ဆုံးဖြတ်မိပါရဲ့ မင်းနဲ့မှမခွဲနိုင်တာ နာကျင်နေရတာကိုက အချစ်တဲ့လေ💔
2026-06-01 17:34:13
2
ZawMyoAung :
ကောင်းလိုက်တာ 👍👍👍
2026-05-27 14:58:03
1
Shwe Zin Win Pyae :
ကျေးဇူးပါ
2026-05-29 08:28:36
1
🌙⭐HSuZi🌙⭐🌹 :
ပစ်ပယ်ခဲ့တယ်🥺🥺🥺
2026-05-27 11:45:41
1
🍀 Taurus 🍀 :
စစရာရာသည်းခံခွင့်လွှတ်ချစ်ပေးခဲ့ပေမဲ့ သူ့အတ္တကြောင့်ဘလောက်ပဲချစ်ခဲ့ချစ်ခဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါပီ သုံးနှစ်တာအတွင်းမှာဖောက်ပြန်ထာခနခန ခွင့်လွှတ်ပေးခဲ့တယ် ဒါမဲ့တရားလွန်လာလို့😔
2026-06-14 14:46:24
1
Yoon lay :
နေ့တိုင်းမူးပီးရစ်နေတာ
စိတ်ပျက်ဆုံးပဲမို့လမ်းခွဲချင်နေပါပီ
2026-06-21 01:39:16
0
Rose White :
မန့် မှာ စာသားလေချပေးပါနော်
2026-06-21 02:38:23
1
Khin Hnin Nwe :
ဘယ်တော့မှမခွဲဘူး
2026-06-01 10:57:30
1
To see more videos from user @daylover38, please go to the Tikwm
homepage.