@8khamana: ပျောက်ဆုံးသွားသောအရာ တင်ညွန့် မနက်စောစောစီးစီး လမ်းလျှောက်ထွက်လာသည်။ အိမ်က ထွက်တော့ ၅ နာရီခွဲ၊ မိုးလင်းနေပြီ။ စိတ်ထဲတွင် ကြည်ကြည်သာသာနှင့် သွက်သွက်လေးလျှောက်လာစဉ် ဈေးနားအရောက် ငါးတင်လာသော ကုန်ကားတစ်စီးဘေးမှအဖြတ်၊ “ဝူး” ဆိုကာ ကျယ်လောင်စွာ မှုတ်ထုတ်လိုက်သည့် အိတ်ဇောပိုက်ကြောင့် ကျွန်တော့်တစ်ကိုယ်လုံး မီးခိုးလုံးအမည်းကြီး ဖုံးသွားသည်။ ကျွန်တော်ကကြောင်ပြီး ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်မိသည်။ တစ်ကိုယ်လုံး မည်းနေပြီ။ လက်နှစ်ဖက်လည်း မည်းနေပြီ။ မျက်နှာကိုတော့ မမြင်ရသဖြင့်မသိ။ ပွတ်ကြည့်လိုက်ရာပိုဆိုးသည်။ ကားသမားက ရယ်ပြီး ကားကို အပြင်းမောင်းထွက်သွားသည်။ ကျွန်တော့်ကို လမ်းတစ်ဖက်မှကြည့်နေသော ကောင်မလေးတစ်ယောက်က “ဦးလေး ဘာဖြစ်သွားသေးလဲ” ဟု အော်မေးသည်။ ကျွန်တော်က ခေါင်းခါပြလိုက်သည်။ ကောင်မလေးက သူ့ဘေးတွင် ရပ်ထားသည့် ကားပေါ်မှ ရေဘူးတစ်လုံးကို ကျွန်တော့်ထံယူလာပြီး “မျက်နှာသစ်လိုက်ပါလားဦးလေး” ဟု ပြောသည်။ ကျွန်တော့်မျက်နှာတွင် အခြေအနေအတော်လေးဆိုးပုံပေါ်သည်။ ကျွန်တော်ကလည်း သူပေးသည့် ရေဘူးကိုယူ၊ မျက်မှန်ကိုချွတ်ပြီး ဘောင်းဘီအိတ်ထဲထည့်ကာ မျက်နှာသစ် လိုက်တော့ မျက်မှန်တွင် မီးခိုးမှိုင်းအမည်းတွေ။ ကျွန်တော်မျက်နှာလည်းသစ်၊ လက်တွေကိုပါဆေးလိုက်ရသည်။ သို့သော် သိပ်မပြောင်ချင်။ “ဦးလေး ရေယူဦးမလား” “ရပါပြီကွယ် … ကျေးဇူးတင်ပါတယ်” ဟုပြောကာ ကျွန်တော် လမ်းဆက်လျှောက်ခဲ့သည်။ ရာသီဥတုက ပူလွန်းလှသည်။ မျက်နှာသစ်ထားသဖြင့် စိုနေသော ရေတွေက ချက်ချင်း ခြောက်ကုန်သည်။ လူတစ်ယောက်ဒုက္ခရောက်သွားသည်ကို တစ်ယောက်ကကြည့်ပြီး ရယ်သွားသည်။ အခြားတစ်ယောက်က ထိုအနေအထားကို တွေ့သဖြင့် သူထံကရေဘူးကိုယူလာပြီး ကူညီသည်။ ကိုယ်ချင်းစာတရားဆိုသည့် ဝေါဟာရလေးကို ကျွန်တော်ပြေးပြီး သတိရလိုက်မိသည်။ ကိုယ်ချင်းစာစိတ်ဆိုသည်မှာ တစ်ဦးတစ်ယောက်သောသူသည် အခြားသူတစ်ဦး၏ ခံစားချက်များ၊ အတွေး အမြင်များနှင့် အတွေ့အကြုံများကို နားလည်နိုင်စွမ်းနှင့် ခံစားနိုင်စွမ်းဖြစ်သည်။ “ငါသာသူ့နေရာမှာဆိုလျှင် ….” ဟူ၍ အခြားသူနေရာတွင် မိမိကိုယ်ကို ထားရှိကာ မြင်တွေးပေးနိုင်စွမ်းလည်း ဖြစ်သည်။ လမ်းလျှောက်ပြီးအပြန် လက်ဖက်ရည်ဆိုင်တွင် ထမင်းကြော်ဝင်စားသည်။ ကျွန်တော်နှင့် လက်ဖက်ရည် ဆိုင်တွင်ဆုံနေကျ မိတ်ဆွေတစ်ဦးက ကျွန်တော့်ဝိုင်းကို ကူးလာပြီး “ဆရာရေ … ဒီမှာဗျာ ကြည့်စမ်းပါဦး” သူက ကျွန်တော့်ကို သူ့ဖုန်းထဲမှ မြင်ကွင်းတွေကိုပြသည်။ ထိုစဉ် စားပွဲထိုးလေးက ထမင်းကြော်ကို လာချသည်။ ထိုမိတ်ဆွေက “ဆရာ … ဆောရီးနော် … ကျွန်တော် …” သူက အားနာနေသည်။ ကျွန်တော်က “ရပါတယ် … ကျွန်တော်ဘာမှ မဖြစ်ပါဘူး” ဘာမှမဖြစ်ပါဘူးဟုသာဆိုလိုက်ရသည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းကိုက်ချင်သလိုဖြစ်သွား သည်။ ကျောင်းဆရာဟောင်းတစ်ဦးမှန်းသိသော မိတ်ဆွေက ကျွန်တော့်ကို ကိုယ်ချင်းစာတရားဖြင့် ရင်ထဲခံစား ရလွန်းသောကြောင့် လာပြခြင်းဖြစ်ပါလိမ့်မည်။ အနိဋ္ဌာရုံများ။ “ဆရာ လူတွေ ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ကြတာလဲ ဆရာ” ဟု ကျွန်တော့်ကို မေးခွန်းထုတ်သည်။ “ကိုယ်ချင်းစာတရား ခေါင်းပါးကြလို့ပေါ့ဗျာ” ကျွန်တော့်ပါးစပ်က အလိုလိုထွက်သွားသည်။ “ဟုတ်တယ်ဆရာ … သူတို့မှာ သားသမီးမရှိကြလို့လား” သူက ကျွန်တော့်ကို ရေနွေးတစ်ခွက်ထည့်ပေးသည်။ ကိုယ်ချင်းစာတရားနှင့် စာနာစိတ်ရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူတို့မှာသာ ကိုယ်ချင်းစာတရားနှင့် ကိုယ်ချင်းစာစိတ်ကို ထားတတ်သည်။ ကိုယ်ချင်းစာစိတ် အားနည်းခြင်းသည် အဘယ်ကြောင့် ဖြစ်ပေါ်လာရသနည်း။ (၁) လျစ်လျူရှုခြင်း ခံရပြီး၊ အနိုင်ကျင့်ခံရသည့် ပတ်ဝန်းကျင် (၂) တင်းကျပ်ပြီး ပြစ်ဒဏ်ပေးခြင်းဖြင့် ကြီးပြင်းရှင်သန်လာရသော ပတ်ဝန်းကျင် (၃) အာဃာတ တရားနှင့် ခွဲခြားဆက်ဆံခြင်းကို ခံရသည့် ပတ်ဝန်းကျင် (၄) ခံစားချက်တို့ကို ဖုံးကွယ်မြိုသိပ်ထားရန် သင်ကြားလေ့ကျင့်ပေးခြင်း ခံရသော ပတ်ဝန်းကျင် ထိုပတ်ဝန်းကျင်တို့တွင် ကြီးပြင်းလာရ သူတို့သည် ကိုယ်ချင်းစာစိတ်တွေ ကွယ်ပျောက်ကုန်တတ်သည်။ ကျွန်တော် လက်ဖက်ရည်ဆိုင်မှ ပြန်ထွက်လာသည်။ ဈေးထဲတွင် ဝယ်စရာရှိတာတွေဝယ်သည်။ ဘတ်စ်ကား ဂိတ်ကိုရောက်လာသည်။ ကားပြတ်သဖြင့် ကားကျပ်သည်။ အနည်းငယ်ချောင်ပုံရသည့် ကားပေါ်ကို တိုးတက် ရသည်။ ပြတင်းပေါက်နားတွင် မတ်တတ်သွားရပ်သည်။ ထိုစဉ် ကားပေါ်ကို ဘုန်းကြီးတစ်ပါးတက်လာသည်။ ကားပေါ်သို့ သံဃာတော်များတက်လာလျှင် နေရာပေးကြသည်မှာ ထုံးစံလိုဖြစ်နေသည်။ ခုံရထားသော မည်သူမျှ ထမပေးကြပေ။ အဘယ်ကြောင့်နည်း ? ထိုစဉ်တွင် ထိုင်နေသာ ကိုယ်ဝန်ဆောင်အမျိုးသမီးက ထိုင်နေရာမှ ထပေးကာ “အရှင်ဘုရား … ဒီကိုကြွပါဘုရားး” ဆိုကာ နေရာပေးလိုက်သည်။ သူ့ဘေးတွင် ထိုင်နေသော ယောကျ်ားကြီး၊ ယောကျ်ားငယ်တို့က သူတို့နှင့်ဘာမျှ မဆိုင်သလို အဝေးကို ငေးနေကြသည်။ သပိတ်တစ်ဖက်၊ တန်းကိုကိုင်လျက် ရပ်နေသော ထိုရဟန်းက ကွန်မန့်မှာအဆက်ရှိသည်
ဘဝဒဿန.U Tun Nay Win
Region: MM
Wednesday 27 May 2026 12:39:27 GMT
Music
Download
Comments
roseflower9849 :
စာဖတ်ရတာမေားလိုက်တာ🥰🥰🥰🥰🥰🥰🥰
2026-05-29 07:34:05
0
ကျော်သူရအောင် :
ဆရာရေ အဲ့လိုတွေမြင်ရရင် တွေးမိတာခုရှိတယ် တခဏနာရီပိုင်းခန့် နေရာလေးတောင်တက်မက်နေကြတာ ထိုထက်ကောင်းတဲ့နေရာမှာထိုင်အမိန့်ပေခွင့်ဏာရထားသူတွေတချို့ နစ်များစွာ တက်မက်တာ မလွန်လောက်ဘူးနော် ကျနော်အတွေးသက်သက်ပါ ဆရာ စာတွေအမြဲဖတိဏာတယ် စောင့်ဖတ် ရှာဖတ်ဏာတယ်
2026-05-29 02:20:59
1
Daw Hla Hla Myint :
ဘဝအမောတွေ
2026-05-27 22:36:27
1
😍😍😍😍 :
စိတ်ခွန်အားတွေညံ့လာတာ
2026-05-28 07:51:05
1
aung😘 :
ဟုတ်ပါတယ်ကိုယ်ချင်းစာတရားများထားနိုင်ကြပါစေ
2026-05-28 13:56:49
1
Win Than :
အမှန်ပါဘဲ
2026-05-28 06:04:58
1
Htwe Htwe :
အဲ့လိုအပြုအမူမျိုးတွေက ရန်ကုန်လိုင်းကားပေါ်မှာတွေ့နေကြပါဆရာရေ
မနေနိုင်တဲ့ကိုယ်တွေကျ အမြဲမတ်တပ်ပါပဲ
🥰🥰🥰
2026-05-27 13:24:28
1
Yupa :
ခုံနေရာပေးရမှာစိုးလို့ မသိချင်ယောင်.
မမြင်ချင်ယောင်ဆောင်တဲ့သူတွေက
၉၉% ပါ.
၁%သောသူတွေကသံဃာ.ကိုရင်.သီလရှင်
မြင်တာနဲ့ချက်ချင်းကိုခုံနေရာလှူကြပါတယ်🥰🥰🥰🥰
2026-05-27 12:49:16
1
ayethant4978 :
🥰🥰🥰
2026-05-28 10:15:29
1
စိမ်း🌻🌈☔❄️🏳️🌈💚 :
👍👍👍
2026-05-28 10:55:15
1
userKyaw. Gyi :
🥰🥰🥰
2026-05-29 03:30:55
1
user90831039839807 :
🥰🥰🥰
2026-05-27 16:02:51
1
စိမ်း :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-05-28 08:32:36
1
. :
🥰🥰
2026-05-27 17:57:25
1
S🤎H :
🥰🥰🥰
2026-05-27 21:57:56
1
ပူတူး :
❤️❤️❤️
2026-05-27 14:45:27
1
U Zaw :
🥰🥰🥰🥰🥰
2026-05-28 01:16:57
1
အားလုံးအေးချမ်းကြပါစေရှင် :
🙏🙏🙏
2026-05-27 14:26:07
1
MML :
🥰🥰🥰🥰🥰🥰🥰🥰🥰👍👍👍
2026-05-27 21:05:07
1
shwe poe thar :
😌😌😌😌🥹🥹🥹🥹🙏👍👍👍
2026-05-28 10:50:29
1
လဝန်းသော်တာ :
🥰🥰🥰🥰🥰🥰
2026-05-27 14:39:10
1
Daw🍎🥀🌹Aye🌻🌹Aye🌲🌿🌹Thin :
🥰🥰🥰
2026-05-27 15:08:31
1
Moe Moe :
🥰🥰🥰🥰🥰🥰🥰
2026-05-28 01:53:17
1
Nawka Phawhtoo :
🥰🥰🥰
2026-05-27 13:09:06
1
Aye Aye :
❤️❤️❤️❤️❤️❤️❤️
2026-05-27 23:09:22
1
To see more videos from user @8khamana, please go to the Tikwm
homepage.