@sheinkhant20: တချို့လူတွေက အောင်မြင်မှုကို ကားကောင်းကောင်းတွေထဲမှာ မြင်ကြတယ် တချို့ကတော့ အဝတ်သန့်သန့်တွေ၊ နာမည်ကြီးဘဝတွေထဲမှာ မြင်ကြတယ်… ဒါပေမယ့် တချို့လူငယ်တွေကတော့ ညသန်းခေါင်ထိ မအိပ်ပဲ ဘဝကို မရှုံးချင်လို့ တိတ်တိတ်လေး ကြိုးစားနေရတဲ့အချိန်မှာပဲ အောင်မြင်မှုရဲ့ အနံ့ကို ခံစားနေကြတာ… သူက ပေစုတ်စုတ် လူငယ်တယောက်ပဲ ဖိနပ်ကလည်း ဟောင်းနေပြီ ဖုန်းကလည်း ကွဲနေပြီ အိတ်ကပ်ထဲမှာလည်း တခါတလေ ဆေးလိပ်ဖိုးတောင်မပြည့်ဘူး… ဒါပေမယ့် သူ့ခေါင်းထဲက အိမ်မက်တွေကတော့ ဘယ်တော့မှ မဟောင်းဘူး… သူ မကြောက်တာ မဟုတ်ဘူး သူလည်း ညတွေမှာ “ငါ တကယ်ဖြစ်လာနိုင်ပါ့မလား” ဆိုတဲ့ စိတ်နဲ့ တိတ်တိတ်လေး ငြိမ်သွားဖူးတယ်… သူလည်း အခြားလူတွေ success ဖြစ်နေတာတွေမြင်ရင် ကိုယ့်ကိုယ်ကို မေးဖူးတယ် “ငါက ဘာလို့ ဒီလောက်နောက်ကျနေတာလဲ” လို့… ဒါပေမယ့် သူ မရပ်ဘူး… လူတွေ မမြင်တဲ့နေရာမှာ သူ့ဘဝကို သူ တည်ဆောက်နေတယ် ဘယ်သူမှ မယုံပေးသေးတဲ့အချိန်မှာတောင် သူ့အနာဂတ်ကို သူ ယုံနေတုန်းပဲ… ပေစုတ်စုတ်နဲ့ လူငယ်တယောက်ပါ ဒါပေမယ့် တနေ့နေ့မှာ သူ့နာမည်ကို လူတွေ မှတ်မိသွားအောင် တိတ်တိတ်လေး အသက်ရှင်နေတယ်… တချို့ညတွေမှာ စိတ်ပင်ပန်းလွန်းလို့ ဘာမှမပြောချင်တော့ဘူး ဒါပေမယ့် မနက်ရောက်ရင် ထပ်ပြီး ကြိုးစားဖို့ပဲ တွေးတယ်… ဘာလို့လဲဆိုတော့ သူ့မှာ ပိုက်ဆံမရှိသေးပေမယ့် အိမ်မက်ရှိတယ်… ပြီးတော့ အိမ်မက်ရှိတဲ့ လူငယ်တယောက်ကို ဘဝက အပြီးတိုင် မရှုံးစေဘူး… Written by shein... #highlight #poem #feeling #foryou #fyppppppppppppppppppppppppppppppppppp
shein khant
Region: MM
Wednesday 27 May 2026 13:55:58 GMT
Music
Download
Comments
_Orion Ryven :
အဲ့လိုပြောလိုက်တော့လည်း အားရှိသွားတာပါပဲ
2026-07-04 13:03:53
34
Kan Tun RaZar :
စာသားကို အရမ်းကြိုက်သွားပြီး
2026-07-07 10:21:26
2
YeHtetAung( žêřö) :
Nice bro👌
2026-07-07 13:55:43
0
Thu Htoo Paing :
copy ယူမယ်နော် ဘာရားသား💐
2026-07-08 05:09:22
0
𝐊𝐡𝐚𝐧𝐓👾 :
ပြန်တင်မယ်နော်🥰crd brother
2026-07-02 14:36:15
5
Y :
စာသားနဲ့ပုံပြန်တင်မယ်ဗျာ🥰
2026-07-07 06:52:10
1
(⌐■_■) 𝓛𝓮𝓸 (⌐■_■) :
စာသားလေး copy ယူမယ်နော်
2026-07-06 15:28:33
1
A ʕ•̠͡•ʔ 💨 :
စာသားလေးချပေးပါအကိုpls
2026-07-03 13:36:29
1
13/ငဖြိုး💤 :
ပြန်တင်မယ်နော်
2026-07-07 03:02:30
1
🆃🅷🅰🅽 🆆🅸🅽 :
စာသားလေး ချပေးပါလားဗျ🥺 crd ပေးပါမယ်ဗျ
2026-07-04 06:06:05
1
Ar Kar Moe :
ပြန်တင်မယ်bro
2026-07-03 10:25:15
1
ˢᵃʷ 🇰🦴 :
ယူသုံးမယ်Bro🥰
2026-07-07 00:56:33
0
Ethan Zann :
စာသားလေးbro
2026-06-30 13:41:53
1
akm :
ပြန်တင်ချင်လို့ယူသုံးမယ်နော်ဘရားသား
2026-06-27 14:31:41
1
minkonaing5271 :
စာသားလေးသဘေားကျလို့....ကူးယူခွင့်ပြုပါလားဗျ🥰
2026-05-28 08:15:56
2
Hsu hsu :
one day
2026-05-27 16:53:33
1
Minus✌️ :
အရမ်းသဘောကျဒယ်🥺🫶😶🌫️
2026-06-29 04:40:01
2
NaingLin Htun :
ကျနေယ်နဲ့ထပ်တူပါ😁
2026-07-02 13:18:59
1
Mg Bhone~မောင်ဘုန်း :
အကြိုက်ဆုံးစာသားလေးပဲဗျာ
2026-07-06 17:23:53
1
SkyFord :
2026-07-08 00:52:37
0
To see more videos from user @sheinkhant20, please go to the Tikwm
homepage.