@khantthiha777: ဝိနည်းအဓိကကျောင်းတိုက်ကြီးတွေ လူသိများလာတာနဲ့ ပတ်သက်၍ ================================= ယနေ့ခေတ်မှာ ဝိနည်းအဓိကကျောင်းတိုက်ကြီးတွေကို လူအများ ပိုပြီးသိလာကြတာနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ တချို့က ပြောကြပါတယ်။ “လူသိလာအောင် ဝိနည်းလေးစားဟန်ဆောင်ကြတာပါ” တို့၊ “လူတွေက ဝိနည်းကို အထင်ကြီးလာလို့ ဝိနည်းလေးစားလာကြတာပါ” တို့ ဆိုတဲ့ အမြင်မျိုးတွေပါ။ ဒါပေမဲ့ ဒီလိုအမြင်တွေဟာ ကိုယ့်ရဲ့လေ့လာမှုနဲ့ စိတ်သဘောထားပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်အကန်ဝိနည်းလေးစားတာက အတုယူ အားကျ ကြည်ညိုစရာပါပဲ။ ရဟန်းတိုင်းလည်း အားပေးကြမယ်လို့ယူဆပါတယ်။ တစ်ဖက်မှာလည်း “မျက်နှာကြီးရာ ဟင်းဖက်ပါ” ဆိုသလို လူသိများလာတဲ့နောက် ဝိနည်းကို အကြောင်းပြပြီး လူအထင်ကြီးခံချင်တဲ့ ရဟန်းတချို့ကို တွေ့ဖူးကောင်းတွေ့ဖူးကြပါလိမ့်မယ်။ ဒါမျိုးရှိနိုင်တာကိုလည်း ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဒီလိုတစ်ပါးတလေကြောင့် ဝိနည်းကို အမှန်တကယ် အလေးထားကျင့်သုံးနေတဲ့ ရဟန်းသံဃာအများစုရဲ့ ရပ်တည်ချက်ကို မမှန်မကန် မမြင်သင့်ပါဘူး။ မိမိတို့ငယ်စဉ်ကာလတွေမှာ ဝိနည်းကို ယနေ့လို လူသိများတာ မဟုတ်သေးပါဘူး။ ပိုက်ဆံမကိုင်ရတဲ့အတွက် မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရတာတွေရှိပါတယ်။ ဆရာသမားကြီးတွေကိုတောင် လိုင်းကားတွေ မတင်ချင်လို့ လမ်းလျှောက်ကြရတာမျိုးတွေ ကြုံခဲ့ဖူးရပါတယ်။ ခရီးသွားတဲ့အခါ ပိုက်ဆံမပါတဲ့အတွက် ဆွမ်းငတ်ခဲ့ရတာတွေလည်း ရှိသလို ဒကာက ဆွမ်းစီစဉ်ပေးဖို့ ကားသမားထံ ပိုက်ဆံအပ်ထားပေမဲ့ ကားသမားက မေ့သွားလို့ ဆွမ်းမဘုန်းရတာမျိုးတွေလည်းရှိပါသေးတယ်။ ဒီအခက်အခဲတွေဟာ ကိုယ့်တစ်ပါးတည်း ကြုံရတာမဟုတ်ပါဘူး။ ဝိနည်းကို အလေးထားတဲ့ ရဟန်းသာမဏေအတော်များများ ကြုံခဲ့ရတဲ့ အခြေအနေတွေပါ။ အဲဒီအချိန်တွေက ဝိနည်းကို လူသိနည်းသေးတဲ့ကာလပါ။ ဒါပေမဲ့ အဲ့ဒီအချိန်ကစပြီး ယနေ့အထိ ဝိနည်းအဓိကကျောင်းတိုက်တွေဟာ သီလကို အထိအပါးမခံဘဲ၊ ပိဋကတ်စာပေနဲ့ ကိုက်ညီအောင် ရေရှည်ထိန်းသိမ်းကျင့်သုံးလာခဲ့ကြပါတယ်။ ဒီလို ရေရှည်တည်တံ့လာတဲ့အခါ “တစ်ယောက်စကား တစ်ယောက်နား” ဆိုသလို လူအများ တဖြည်းဖြည်း သိလာကြတာပါ။ လူသိလာအောင် ဖန်တီးကျင့်သုံးခဲ့တာ မဟုတ်ပါဘူး။ ရေရှည်လိုက်နာကျင့်သုံးမှုကြောင့်သာ လူအများ သိလာရတာ ဖြစ်ပါတယ်။ အခုခေတ်က မီဒီယာခေတ်လည်း ဖြစ်နေတော့ လူသိများလာတာ ပိုမြန်လာတာ သဘာဝပါပဲ။ သီလဝန္တတို့ရဲ့ မူလအခြေခံက ရိုးဖြောင့်ခြင်း ဖြစ်ပါတယ်။ ရိုးဖြောင့်ခြင်းဆိုတာ လူသိချင်ခြင်း၊ လူအထင်ကြီးစေချင်ခြင်း၊ ကျော်ကြားချင်ခြင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရရင်— ယနေ့ လူသိများလာတဲ့ ဝိနည်းအဓိကကျောင်းတိုက်ကြီးတွေဟာ လူသိလာအောင် ဖန်တီးလုပ်ဆောင်နေကြတာ မဟုတ်ပါဘူး။ သီလကို ရေရှည်ထိန်းသိမ်းလာနိုင်မှု၊ ဝိနည်းကို တစိုက်မတ်မတ် လိုက်နာကျင့်သုံးလာနိုင်မှုတို့ကြောင့်သာ လူအများ သိလာရခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဝိနည်းကျောင်းတိုက်ကြီးတွေကို လူအများ သိလာတာဟာလည်း သာသနာတော်အတွက် အားကောင်းတဲ့ အထောက်အပံ့တစ်ခုဖြစ်သလို၊ ကိုးကွယ်ဆည်းကပ်ကြတဲ့ ဒကာ ဒကာမတွေအတွက်လည်း အကျိုးများလှတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အရှင်စန္ဒာဝရ (မုနိမြေ) #မူရင်းကိုcrdပေးပါတယ် #အရှင်အဘယာလင်္ကာရ #မဟာဝိဟာရ_လှည်းကူး #foryou @Theingi(ఇ ◝‿◜ ఇ)💛 #creatorsearchinsights

Khant
Khant
Open In TikTok:
Region: MM
Friday 29 May 2026 00:37:06 GMT
9852
1047
78
15

Music

Download

Comments

kokatone60
ဦးဦးကတုံး :
ဝိနည်းကျောင်းတိုက်ကြီးတွေမြန်မာပြည်အနှံ့ပေါ်လာတော့ သာသနာအတွက်ရော ဒကာဒကာမတွေအတွက်ရော အများကြီးအကျိုးရှိပါတယ်ဘုရား အနာဂါတ်မျိုးဆက်သစ်တွေအတွက်ဝမ်းမြောက်ရပါသည်ဘုရား သက်ရှည်ကျမ္မာစွာ ဓူရနှစ်ဖြာဖြည့်ကျင့်နိုင်ကြပါစေဘုရား🙏🏻🙏🏻🙏🏻🙏🏻🙏🏻
2026-06-26 06:17:47
2
thantsinoo.2329
Thant Sin Oo :
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽
2026-05-29 02:06:38
1
gu.na510
SHIN GU NIGHT(CAYA) :
ဘုန်းကြီးဥူးသူရိယာဘိဝံသ🙏🙏🙏
2026-06-22 06:04:33
1
sat.bhonepaing
Sat Bhonepaing :
ဆရာတော်သံဃာတော်အားလုံးကျမ်းမာကြပါစေ
2026-05-30 07:31:20
1
user3973188369274
နန့်ဧကရီဝင်းစိန် :
အရှင်ဘုရား ကျန်းမာပါစေ
2026-05-29 07:07:09
1
dawsoethida6
DawSoeThida :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-27 12:29:53
1
user9340363471358
Phyu Phyu :
ဆရာတော်ကြီးနဲ့အတူသံဃာတော်အရှင်သူမြတ်များအာလုံးကျန်းမာချမ်းသာသာသနာပြုနိုင်ပါစေဘုရား🙏🙏🙏
2026-05-29 16:12:59
0
kyawhtetnaing446
kyawhtetnaing446 :
သံဃံ သရံဏံဂစ္ဆာမိ🙏🏻🙏🏻🙏🏻
2026-05-30 14:15:32
1
user6993232131216
09784019100 :
သာဓု သာဓု သာဓုပါ အရှင်ဘုရား 🙏🙏🙏
2026-06-23 17:01:45
1
than.nwe037
Than Nwe :
ဆရာတော်သံဃာတော်များကိုကျမ်းမာစိတ်ချမ်းသာပြီသာသနာပြုနိင်ပါစေဘုရား
2026-05-29 01:14:11
1
moe.1981
Moe💞 :
ပြင်ဦးလွင်မှာကျောင်ရေစက်ချရှိလို့24ရက်6လ26မှာဖူးခွင့်ရခဲ့တယ်အလှူရှင်မိသားစုကလဲအရမ်းသဘောကောင်းတယ်အလှူရှင်မိသားစုကိုအရမ်းကျေးဇူးတင်ပါတယ်ရှင့်
2026-06-24 11:07:57
1
user873017262mahlathein
Ma hla thein :
ရှိခိုးဦးတင်ပါ၏အရှင်ဘုရား
2026-05-30 12:33:28
1
aungmying23
Aung Myin :
🥰🥰🥰
2026-05-29 01:19:39
1
maw.lwin16
maw lwin :
🙏🙏🙏
2026-05-29 01:36:35
1
eaindray.hsu.san
🙏🙏🙏 :
🙏🙏🙏
2026-05-29 01:52:38
1
mgthu707
mg thu ta :
🙏🙏🙏🙏🙏
2026-05-30 03:44:34
1
khin15392
Khin :
🙏🙏🙏🙏🙏🙏
2026-05-31 08:50:48
1
win.pa.pa.khaing35
win pa pa khaing :
🙏🙏🙏🙏🙏
2026-05-29 00:54:10
1
khin.khin.myint03
Khin Khin Myint :
🙏🙏🙏
2026-05-30 02:47:48
1
soe08583
soe :
🙏🙏🙏
2026-05-29 02:08:11
1
than.nwe037
Than Nwe :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-05-29 01:14:17
1
myo23998
myo. 31ဘုံ သတ္တ ဝါ ကျန်းမာပါစေ :
🙏🙏🙏
2026-05-29 01:01:54
1
user2396600906512
ချစ်ခွန်း ချို :
🙏🙏🙏🙏🙏
2026-06-17 14:29:55
1
myo.oo96
Myo Oo :
🙏🙏🙏🙏🙏
2026-05-29 00:43:11
1
To see more videos from user @khantthiha777, please go to the Tikwm homepage.

Other Videos


About