@halalfoodbyzin: ပါပါး... သမီးက ပါပါးကို အရမ်းချစ်ပါတယ်။ အဲဒီချစ်ခြင်းက ဘယ်လောက်တောင်နက်ရှိုင်းလဲဆိုရင် ဘဝမှာ အလိုချင်ဆုံးဆုတောင်းတစ်ခုကို ပြောပါဆိုရင် ပါပါးနဲ့ မာမားတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေခွင့်ရဖို့ပဲ.... သမီးက ပါပါးနဲ့အတူ အချိန်တွေကြာကြာဖြတ်သန်းချင်တယ်။ ပါပါးရဲ့မျက်နှာလေးကိုကြည့်ပြီး စိတ်ချမ်းသာမှုတွေ ရချင်တယ်။ "ပါပါး" လို့ခေါ်လိုက်တဲ့အချိန်တိုင်း နွေးထွေးမှု၊ လုံခြုံမှု၊ အားကိုးလို့ရတဲ့ခံစားချက်တွေကို ရချင်တယ်... သမီးက ပါပါးကို ပြုစုစောင့်ရှောက်ပေးချင်တယ်။ ပါပါးပင်ပန်းနေတဲ့အချိန်မှာ အနားမှာရှိပေးချင်တယ်။ ပါပါးဝမ်းနည်းနေတဲ့အချိန်မှာ ပျော်ရွှင်အောင် လုပ်ပေးချင်တယ်။ ဘာလို့လဲဆိုတော့ သမီးအတွက် ပါပါးက အရမ်းအရေးကြီးတဲ့သူတစ်ယောက် ဖြစ်လို့ပါ... ဒါပေမဲ့ တစ်ခါတစ်လေတော့ သမီးရင်ထဲမှာ အရမ်းဝမ်းနည်းရတယ် ပါပါး။ တခြားသူတွေ သူတို့ပါပါးနားမှာ ကလေးလေးတစ်ယောက်လို ချွဲနွဲ့ပြီး ရယ်မောနေတာတွေ့ရင် သမီးအရမ်းအားငယ်မိတယ်။ သူတို့က သူတို့ပါပါးကို အားကိုးတကြီးနဲ့ မှီခိုနေနိုင်ကြပေမယ့် သမီးကတော့ အဝေးကနေပဲ ကြည့်နေရတယ်... တကယ်တော့ သမီးလည်း အဲဒီလိုပဲ ဖြစ်ချင်တာပါ။ ပါပါးရဲ့အနားမှာ ကလေးလေးတစ်ယောက်လို ဆိုးချင်တယ်။ ချွဲချင်တယ်။ ရယ်မောချင်တယ်။ ပါပါးရဲ့လက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်... သမီးမှာ ပိုက်ဆံတွေ အများကြီးမလိုချင်ဘူး။ ထင်ရှားကျော်ကြားတဲ့ဘဝလည်း မလိုချင်ဘူး။ သမီးလိုချင်တာက ပါပါးနဲ့ မာမားတို့ရဲ့ မေတ္တာနဲ့ နွေးထွေးတဲ့မိသားစုဘဝလေးတစ်ခုပဲ.... ပါပါးရယ်... သမီး ပါပါးကို ချစ်ပေးချင်သလိုမျိုး သမီးကိုလည်း ပြန်ချစ်ပေးပါလာ.... သမီးက ပါပါးရဲ့သမီးဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ သမီးရင်ထဲမှာ "ပါပါးရဲ့အချစ်ကို ပိုပြီးခံစားခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ" ဆိုတဲ့ ဆန္ဒလေးနဲ့ တိတ်တိတ်လေး ငိုမိတယ်.... တကယ်ပါ ပါပါး... သမီးရဲ့အကြီးမားဆုံးဆန္ဒက ပါပါးနဲ့အတူ ရယ်မောရင်း၊ နွေးထွေးရင်း၊ ပျော်ရွှင်ရင်း ဘဝကိုဖြတ်သန်းခွင့်ရဖို့ပါပဲ ..... by.... ZinMarMyint #missyou #papa #iloveyou #mydearpapa
Shop With Zin
Region: MM
Saturday 30 May 2026 03:24:09 GMT
Music
Download
Comments
မသင်းသင်းလွင် :
မမရယ် ညီမလေးတို့ အပါကို အရမ်းလွမ်းတာသိလား အပါ အပါ အပါ လို့အော်အော်ခေါ်ပြီး ငိုချင်တာ😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭
2026-06-01 13:36:52
4
Aye Mar :
အပါဆိုတာ မခေါ်ဖူးခဲ့ဘူး. ကိုယ် ၁၁ လအရွယ်မှာပဲအပါဆုံးတာ
2026-05-31 14:19:27
2
Rayharnar :
အရမ်းလွမ်းတာပဲအမြဲအီစာလေစဝါဗ်းပို့ပေးတယ်အလုပ်ထဲမာကော🥺🥺🥺ဘာဘားရယ်
2026-05-31 09:36:02
2
🌞💰kiran💰🌞 :
😔😔😔ဘာဘား
2026-06-01 11:52:09
0
Thitsar❄️ :
ပြန်လိုချင်တယ်ဘယ်တော့မှပြန်မရနိုင်တော့ဘူး
2026-06-10 15:08:14
0
🖤Rõsë💙 :
🥺🥺 🥰🥰🥰🥰🥰🥰
2026-05-30 15:28:59
0
🌺Wutyee🌺တောင်ကြီးသူလေး🌺 :
မရခဲ့တဲ့ဘ၀ကြီး🥺
2026-06-02 05:24:56
0
Zin Min Wai :
အပါကြီးကို လွမ်းလိုက်တာ🥺🥺🥺
2026-05-31 23:58:34
0
smile :
ရှေ့လဆိူအပါမရှိတော့တာ၉နှစ်ပြည့်pတကအရမ်းလွမ်းတယ်🥺🥺
2026-06-06 13:55:55
0
H💨❄🍀 :
စာသားလေးသုံးလို့ရလား🥺
2026-06-03 09:10:01
0
Chue :
တစ်ခါမှအဲ့လိုမျိုးလေး မရခဲ့ဖူးဘူး
2026-06-05 08:36:07
0
Thida Cho :
ခုထက်ထိ ချစ်ခံရတုန်းမို့ သမီးဖြစ်ရတာအကျေနပ်ဆုံးဘဲ
2026-05-31 15:03:53
0
❣️Aisha❣️ :
အပါကြီးကိုလွမ်းလိုက်တာ 🥹
2026-06-02 01:23:15
0
Myat Noe Wai :
ပါပါရဲအသဲနှလုံးအချစ်ဆုံးအဖြစ်ဦးစာပေးခံရတဲ့ဘဝကိုကျေနပ်ခဲ့တယ်လွမ်းတယ်ပါပါရယ်😭😭😭
2026-05-31 16:06:11
0
💕جوویریہ💕 :
အဲ့လိုလေးတခါလောက်တော့နေဖူးချင်တယ်ပါပါးရယ်😭😭😭
2026-05-31 14:54:25
0
👌Snow👌 :
ပြန်တင်ခွင်ပြုပေးပါနော်❤️❤️❤️❤️
2026-05-31 13:11:03
0
soeeiphyumon :
မရဖူးခဲ့သောဘဝ😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭
2026-06-01 06:37:34
0
Aurora 💗💗😘😚 :
အပါမမြင်တောင်မမြင်ဘူဘူး
2026-05-31 15:05:40
0
SnowAngel :
ပြန်တင်မယ်နော်🥺🥺🥺
2026-05-31 08:23:12
0
ဟူရ်ကညာပျိုလေး :
2026-05-31 11:19:52
0
December Hnin :
ပြန်တင်ခွင့်ပြုပါနော်
2026-05-31 02:57:13
0
khinmyatnooe245 :
repost လုပ်ခွင့်ပြုပါရှင်🥰
2026-06-11 11:53:54
0
Zar Zar :
နေခဲ့ဘူးးတယ် အကောင်းဆုံးပါပါရှိခဲ့ဘူးတယ်
အခုတော့allahကြီးခေါ်သွားပြိး
ဟာရှယ်နေ့ကြရင်လူသားထဲမှာ အရင်ဆုံးတွေဆုံချင်တာ ပါပါ ပဲ ဖြစ်ပါစေဒိုအာလုပ်တယ်
2026-05-31 04:59:20
4
Angle Moe :
အပါးမရှိတော်တဲ့ခံစားချက်တော်တော်ဝမ်းနည်းတယ် အပါးရှိရင်ဘယ်လောက်ကောင်းမလဲ😭😭😭😭😭😭😭
2026-05-31 13:28:22
1
mrsqalam :
အဖေရှိခဲ့ပေမယ့် အဖေ့အချစ်ကို ခံစားရတဲ့ ကံတရားတော့ မရှိခဲ့ဘူး😔😔😔😪
2026-05-31 18:38:37
1
To see more videos from user @halalfoodbyzin, please go to the Tikwm
homepage.