@user6152259706092: ကင်းဝန်မင်းကြီးဦးကောင်းကို-တော့ မသိသူရှားပေမည်။ သူအကြောင်း-သူအတ္ထုပ္ပတ္တိ-ကိုတော့ ပြော-မပြတော့်ပါ။ သဘောကြ-သြချစရာ ပညာရှိ-သူရဲကောင်းလို့ နှလုံးသားထဲမှာ လွယ်လွယ်ပဲမှတ်ထား ပျောက်ပျက်မသွားရင် ရပြီပေါ့လေ။ ခု--မင်းကြီး-ဦးကောင်း လူအပေါင်းအတွက်၊ ကောင်းချက်ကိုတွေး ထားခဲ့ပေးသည့် ဆေးနည်းလေးကို-တင်ပေးလို၍ပါခင်ဗျာ။ အဆိပ်မိတာတွေ အဆိပ်ထိတာတွေ-အတွက် အသုံးတည့်စေမည့်-ဆေးနည်းလေးပါ။ အကောင်ကိုက်တာတွေ၊ ကင်းကိုက်တာတွေ၊ အစာအဆိပ်-သင့်တာတွေအတွက် ဆေးမြီးတိုလေးတစ်လက်ပါ ကင်းဝန်မင်းကြီး-ဦးကောင်း သူ့-ဆေးနည်း-အကြောင်းကို အစဥ်-အမြဲမှတ်ဖို့ တေးထပ်လေးနဲ့ ဟောဒီလိုရေးစပ်ခဲ့ပါတယ်ဗျို့။ ကင်းဝန်မင်းကြီးဦးကောင်း၏ အဆိပ်အတောက်ပျောက်သည့် ဆေးနည်းတေးထပ် သပွက်ကြီးကသစ်နှင့်ဧကရာဇ်သုံးပါ။ အမြစ်ကိုယူပါ-မြင်းခွာငယ်ဖြတ်စ။ သည်လေးပါးကိုအညီ၊ ပိုမသီနှော ကြိတ်ပါကြ။ တောက်တဲ့နက် ခွေးရူးမြေ ။ဘေးဟူတွေစုံလှ။ အဆိပ်နာမှန်သမျှနှင့်၊အန္တများစွာ။ များပေအူ စိန်ကိုစားလို့၊သေခါနီးသည်အခါ။ သည်ဆေးမြတ် သုဂဓာကို၊မူလျော်ရာသောက်လိမ်းလို့ ပျောက်ငြိမ်းလွယ်တကူ၊ကင်းလွက်ကြသူ။ သည်မျှလောက် ဂဏန်းဟူ မယူနှိင်ဘူးရှင့်လေး။ ဒါက--ကင်းဝန်းဝင်မင်းကြီးရေးသွားတဲ့တေးထပ် ဆိုလိုတာက ၁၊ သဘွက်ကြီးမြစ်(အရှေ့ဘက်သွားတဲ့အမြစ်ကိုယူ) ၂၊ ကသစ်မြစ် ၃၊ ဧကရာဇ်မြစ် ၄၊မြင်းခွာဖြတ်စ ၄င်းလေးမျိုးကိုဆတူယူပြီး ထောင်းထုကြိတ်ချေ ဆေးတောင့်လေးတွေပြုလုတ်ပြီး အခြောက်လှမ်း-လေလုံအောင်ထား။ တောက်တဲ့နက်ကိုက် ခွေးရူးကိုက်၊ကင်းကိုက်၊ပိုးထိ မိူတောက်၊(မိူအဆိပ်သင့်) ဝတ်သားနှင့်ပေအူ စိန်နှင့်=သံပုရာစသည်စားမိလို့၊ အဆိပ်သင့်တာတွေဖြစ်ခဲ့ရင် လျော်စွာသောက်လိုသောက်(သင့်တောရုံသောက်) လိမ်းတန်လိမ်း (အကောင်ကိုက်ခံထားရသည့်ဒဏ်ရာပေါ်ရေနဲ့သွေးပြီးလိမ်း) ပျောက်ကင်းစေပါသည်တဲ့။ လုတ်ကြည့်ကြပေါ့ဗျာ၊ ကင်းကိုက်တာ၊ ငါးရိုးဆူးတာကအစ၊ အစာအဆိပ်သင့်တာအဆုံးပေါ့ ခုခေတ်ကလည်း-အစာအသောက်တွေကစုံသဗျ တိုင်းတစ်ပါး-အစားအစာတွေကလည်း ပေါသကိုး ဖားစိမ်ငါးစီမ်း၊ အကောင်ပလောင်အစုံအစိ၊ အကုန်မိရာဖမ်းစားကြတာ၊ စားကောင်း၏--မစားကောင်း၏ ၊ဘာမှကိုမသိကြတော့ အစာအဆိပ်မိ၊ဒုက္ခတွေထိကြမှာမို့၊ ကင်းဝန်မင်းကြီးလိုလူသိများတဲ့၊ ဘဘကြီးဦးကောင်း ရဲ့၊ အဆိပ်အတောက်ဖြေဆေး၊ ကျန်ှုတ်ရေပြီးပိုစ်တင်၊ ခွင့်ပြုတော်မူပါ၊ အရှင်--အဘကင်ဝန်မင်းကြီးခင်ဗျာ။
နတ်ဆေးဆရာ
Region: MM
Saturday 30 May 2026 12:09:04 GMT
Music
Download
Comments
Sai :
မြင်းခွာဖြတ်စ.ဆိုတာဘယ်အရာကိုဆိုတာလဲ ရှင်းပြစေလိုပါသည်ခင်များ
2026-08-18 07:34:07
0
ရွှေမန်း တေဇာ :
အဆိုတော် နာမည်သိပါစေ
2026-07-08 05:23:39
0
oo khin mg kyaw :
ပညာရှိ သူရဲကောင်း က။ ယောအတွင်းဝန်။ ပါ
2026-06-22 13:27:55
0
🌸lwin lwin Kyu04 :
💚💚💚💚💚💚💚💚💚💚💚
2026-05-30 14:18:57
1
Mob AyA :
🥰🥰🥰
2026-06-10 13:38:39
0
Chit Lin :
🥰🥰🥰
2026-06-06 13:58:24
1
kozawkozaw2195 :
🥰🥰🥰
2026-05-30 13:22:55
0
@zawzaw :
🙏🙏🙏🙏🙏
2026-06-16 14:49:53
0
To see more videos from user @user6152259706092, please go to the Tikwm
homepage.