@htwe.htwe.sein5: "မတည့်တာကိုမှစားချင်သူများအတွက် အန္တရာယ်ကင်းအောင် စားနည်းများ" ----------------------- ၁။ လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အောင် လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။ ၂။ လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ္စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း ကိုက်လေ့ရှိကြတယ်။ တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။ ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။ စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့်ငုံထား။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲက စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။ ၃။ ငှက်ပျောသီး အလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင်စားနိုင်တယ်တဲ့။ စားပြီးလျှင် အချိုကြောင့် ဗိုက်နာတယ်။ ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။ လုံး၀ ဗိုက်မနာတော့ဘူး။ ၄။ ငရုတ်သီးကြိုက်သူတွေ၊ အစပ်များများစားချင်သူတွေအတွက် ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်း အကြောင်းရင်းကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်၊ ပြီးမှ စား။ ဗိုက်မနာတော့ဘူး။ ၅။ အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။ သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချ ပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။ ၆။ လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် အခါးဓါတ်ကိုလျော့ရန်အတွက် ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သောအခါးဓါတ် လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်း လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။ ၇။ အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကို မစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှထမင်းစားပါ။ အဆိပ်အတောက်ကင်းပါသည်။ ၈။ အဆိပ်အတောက်များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက်ချက်စားပါ။ သို့မဟုတ် - မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချ ပြီး မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။ ၉။ ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညို ညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ချက်စားသင့်ပါသည်။ အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ Credit မေတ္တာဖြင့် မျှဝေပါသည် ။

htwehtwesein
htwehtwesein
Open In TikTok:
Region: MM
Saturday 30 May 2026 13:05:53 GMT
43725
1819
28
399

Music

Download

Comments

antykyi_
antykyi_ :
ကျေးဇူးပါ
2026-06-02 15:59:54
2
tin.tin.moe484
Tin Tin Moe :
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰🥰
2026-06-05 13:35:58
2
nawlulu72
nawlulu :
ကျေးဇူးပါ
2026-06-04 03:34:54
1
htk7237
HtetThihaKyaw😇😇 :
သိရလို့ကျေးဇူးပါ
2026-06-05 03:42:21
1
.thin.thin.yu
Thin Thin Yu :
ကျေးဇူးတင်ပါတယ်ရှင့်
2026-06-04 12:32:55
1
thuthuwin390
May :
ကျေးဇူးပါရှင်
2026-06-04 13:45:09
1
aye.aye2828
Aye Aye :
🥰🥰🥰🥰🥰
2026-05-31 12:39:13
1
hla7297
Hla♥ :
🥰🥰🥰
2026-05-31 13:27:19
1
yzmobile.service
yzmobile service :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-04 13:07:57
1
meemee909090
Mee :
👍👍👍
2026-06-02 14:42:20
1
nannge55
nannge :
😊😊😊
2026-06-05 08:24:19
1
thin.thin74
Thin Thin :
👍👍👍
2026-05-31 12:34:11
1
moekyi913
Hnin Moe :
🥰❤️🥰
2026-06-07 05:44:10
1
To see more videos from user @htwe.htwe.sein5, please go to the Tikwm homepage.

Other Videos


About