@user614785664: ဝါတွင်း ဝါပန်ရခြင်း သိကောင်းစရာ ၁။ ဝါပန်ခြင်း ဆိုသည်မှာ ၂။ဝါပန်ခွင့်ရသော အကြောင်းရင်း နှင့် စည်းကမ်းချက်များ။ ၃။သွားခွင့်ရသော ရက် ၁။ဝါပန်ရခြင်းဆိုသည်မှာ ရဟန်းတော်များ ဝါဆိုဝါကပ်နေစဉ်အတွင်း ညအိပ် ခရီးသွားလာခွင့် မရှိပါ။ သို့သော် မလွဲမရှောင်သာသော အရေးကြီးကိစ္စရပ်များ ပေါ်ပေါက်လာပါက မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ "ခုနစ်ရက်အတွင်း ပြန်လာပါမည်" ဟု အဓိဋ္ဌာန်ပြု၍ ဝါဆိုရာကျောင်းမှ ခွာခွင့်ရှိခြင်းကို "ဝါပန်ခြင်း" သို့မဟုတ် သတ္တာဟကရဏီယ "ဟု ခေါ်ဆိုပါသည်။ ခုနစ်ရက်ထက် ကျော်လွန်သွားပါက ဝါပြတ် (ဝါကျိုး) သွားတတ်ပါသည်။ ၂။ ဝါပန်ခွင့်ရသော အကြောင်းရင်း ဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတဲ့ အချိန်-- ကောသလတိုင်း၊ ဇနပုဒ်တစ်ခု၌နေတဲ့ 'ဥဒေန'အမည်ရတဲ့ ဒကာတစ်ယောက် ကျောင်းဆောက်လုပ်ပြီးတဲ့အခါ--- "ကျောင်းကိုရေစက်ချလို၍ ရဟန်းတော်တွေကိုပင့်ခိုင်းသော် ရဟန်းတော်များက ဝါတွင်းကာမို့၊ ဝါကျွတ်ပြီးမှ ကြွလာမည်ကြောင်း ပန်ကြားလိုက်သော် ထိုအလှူရှင် 'ဥဒေန'သည် ငါသည် သံဃာတော်များကို လုပ်ကျွေးနေသူ၊ လှူဒါန်းနေသူဖြစ်ပါလျက် ငါပင့်တာကို ဘာကြောင့်မကြွနိုင်ရတာလဲ?ဆိုပြီး ကဲ့ရဲ့စကားဆိုသော် ထိုစကားကို မြတ်စွာဘုရားသိတော်မူ၍ ဝါပန်ပြီး ခရီးသွားခွင့်ပြုရခြင်း အကြောင်းအရင်းများကို မြတ်စွာဘုရား အောက်ပါအတိုင်း မိန့်တော်မူသည်--- (က) သာသနာရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပန်ကြားခြင်း ဒကာ၊ ဒကာမများ ပင့်ဖိတ်ခြင်း: သီတင်းဒကာ၊ ဒကာမများက ဆွမ်းကျွေးခြင်း၊ တရားနာခြင်း သို့မဟုတ် ကျောင်းဒကာက ကျောင်းရေစက်ချပွဲ ပြုလုပ်လို၍ ပင့်ဖိတ်သောအခါ သွားရောက်နိုင်ရန် ခွင့်ပြုခဲ့သည်။ သီတင်းသုံးဖော်များ ကူညီရန် အတူတူ သီတင်းသုံးသော ရဟန်း၊ သာမဏေများ စိတ်ပျက်အားလျော့၍ လူထွက်ချင်စိတ် ပေါ်ပေါက်နေလျှင်သော်လည်းကောင်း၊ သာသနာရေးဆိုင်ရာ သံသယများ ဖြစ်နေလျှင်သော်လည်းကောင်း သွားရောက်ဖျောင်းဖျ ခွန်အားပေးရန် ခွင့်ပြုသည်။ (ခ) ကရုဏာနှင့် ဂိလာနကိစ္စရပ်များကြောင့် ပန်ကြားခြင်း မိဘနှင့် ဆရာသမားများ နေမကောင်းဖြစ်ခြင်းမိဘနှစ်ပါး (သို့မဟုတ်) ဥပဇ္ဈာယ်ဆရာ၊ အန္တေဝါသိက တပည့်များ ဖျားနာနေသဖြင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သောအခါ ဝါပန်၍ သွားရောက်ခွင့်ရှိသည်။ ဘေးအန္တရာယ် ကြုံတွေ့ရခြင်း ကိုယ်တော်တိုင် သို့မဟုတ် သံဃာတော်များ ဘေးအန္တရာယ် (ဥပမာ- သားရဲတိရစ္ဆာန်၊ ခိုးသူ ဓားပြ၊ ရေဘေး၊ မီးဘေး) နှင့် ကြုံတွေ့ရ၍ ပြောင်းရွှေ့ရန် လိုအပ်သောအခါမျိုး ဖြစ်သည်။ ၃။ သွားခွင့်ရသော ရက် ရက်သတ္တပတ် ကန့်သတ်ချက် အရေးကြီးကိစ္စကြောင့် သွားရသော်လည်း (၇) ရက် အတွင်း မိမိ ဝါဆိုရာကျောင်းသို့ မုချပြန်ရောက်ရမည်။ ရည်ရွယ်ချက် မှန်ကန်မှု (အပျော်အပါး ခရီးသွားခြင်း၊ အကျိုးမဲ့ လည်ပတ်ခြင်းများအတွက် ဝါပန်၍ မရပါ)။ သာသနာရေး၊ မိဘနှင့် ဆရာသမား ကိစ္စများအတွက်သာ ခွင့်ပြုသည်။ ၄။ နိဂုံးချုပ် ရဟန်းတော်များ ဝါတွင်းကာလတွင် ဝါပန်ရခြင်းသည် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဒကာ၊ ဒကာမများနှင့် သံဃာတော်များအကြား သဟဇာတဖြစ်ရေး နှင့် မိဘဆရာသမားများအပေါ် သိတတ်ရိုသေသော ကရုဏာတရားများ ကို အခြေခံ၍ မြတ်စွာဘုရားရှင်က လိုက်လျောညီထွေဖြစ်အောင် ခွင့်ပြုပေးခဲ့သော သဒ်ဓါ၊ ပညာ မျှတသည့် ဝိနည်းတော်ဆိုင်ရာ ကရုဏာတစ်ခုပင် ဖြစ်ပါသည်။ ဝိနည်းပိဋကတ်၊ မဟာဝဂ္ဂပါဠိတော်၊ ဝဿူပနာယိကခန္ဓက (သတ္တာဟကရဏီယပိုင်း) တွင်း အကျယ်ဖတ်လိုလျှင် ရှာဖွယ်ကြည့်ရှုနိုင်ပါသည်။ အရှင်အာစာရ (မဟာနွယ်)
💞Sa Ya Taw💞
Region: MM
Saturday 30 May 2026 14:56:42 GMT
Music
Download
Comments
myogyi :
ဗဟုသုတ. တိုးစေပါတယ် ဘုရား
2026-06-01 02:36:44
1
အပယ်ခံ :
ကျေးဇူးပါ🥰🥰🥰🥰🥰🥰🥰
2026-06-01 15:01:15
0
အရှင်သာသန :
🙏🙏🙏
2026-06-01 06:03:48
0
စန်းကြွေ :
🙏🙏🙏🙏🙏
2026-05-31 03:26:39
0
အဲဆိုင့်ကိုဝ်ဟှာ :
🙏🙏🙏
2026-05-31 00:10:24
1
win Lay :
🙏🙏🙏🙏🙏
2026-06-01 16:24:02
0
To see more videos from user @user614785664, please go to the Tikwm
homepage.