@mozart16.0: ကျွန်တော်ကတော့ "Just be yourself" ကိုုယ့်ပုံစံအတိုင်းဖြစ်တည်ပါ ဆိုတဲ့ စကားကိုသိပ်သဘောကျတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ် Social Media တွေမှာ လူတော်တော်များများက သူများလို ဖြစ်ဖို့ ကြိုးစားနေကြလို့ပါ။ TikTok, Facebook, Instagram တွေမှာ နာမည်ကြီးတဲ့သူတွေကို မြင်ပြီး သူတို့လို ဝတ်ချင်၊ စားချင်၊ နေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာက လူတိုင်းမှာ ကိုယ်ပိုင်ထူးခြားချက်ရှိပါတယ်။ သူများလို ဖြစ်အောင် အတင်းကြိုးစားနေမယ့်အစား ကိုယ့်ပုံစံအတိုင်း နေတာက ပိုကောင်းပါတယ်။ Social Media ကတော့ ဗဟုသုတတွေ ရှာဖွေဖို့၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို မျှဝေဖို့ အရမ်းအသုံးဝင်ပါတယ်။ ဒါပေမဲ့ Social Media ပေါ်မှာ မြင်ရသမျှကို အမှန်တရားလို့ မထင်သင့်ပါဘူး။ လူတွေက သူတို့ရဲ့ အကောင်းဆုံးအချိန်တွေကိုပဲ တင်လေ့ရှိကြတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူများနဲ့ အမြဲနှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်ပုံစံအတိုင်း နေထိုင်သင့်ပါတယ်။ ဒါမှပဲ ပျော်ရွှင်မှုရပြီး ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင် သိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ''Just be yourself'' ကိုယ့်ပုံစံအတိုင်းဖြစ်တည်ပါ ပါမိတ်ဆွေ ။ #life #humanity #fyp #viral #knowledge

𝐌𝐨𝐙𝐚𝐫𝐓 ( မိုးစက် )
𝐌𝐨𝐙𝐚𝐫𝐓 ( မိုးစက် )
Open In TikTok:
Region: MM
Saturday 30 May 2026 15:25:05 GMT
7864
732
8
63

Music

Download

Comments

tetsuthegoat1
syxnotreal :
Peak content 🔥😭
2026-06-01 14:14:34
1
saihann22
Hann :
That right
2026-07-05 15:58:38
1
daniel_k.10
Danny :
Dyum Peak
2026-06-05 14:00:22
0
saihoungkham_
￴ ￴￴￴￴￴ ￴ ￴￴￴￴ ￴￴ ￴￴ ￴￴￴￴￴ :
2026-07-05 11:15:26
1
To see more videos from user @mozart16.0, please go to the Tikwm homepage.

Other Videos


About