@bhonepyaeshan160: ♂️အခုတစ်ခေါက်တော့ ၇လအရွယ်ကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို မေမေတို့အတွက်sharingလုပ်ပေးလိုက်ပါတယ်။ ⭕ကလေးတွေဖွံ့ဖြိုးတိုးတက်ပုံတွေကတစ်ယောက်နဲ့တစ်ယောက်မတူနိုင်တဲ့အတွက် အကုန်တူချင်မှတူပါမယ်ရှင့်။ ✅သားသားကတော့ဒီနေ့ဆို ၇လနဲ့၁၅ရက်ရှိပြီဆိုတော့ သူရဲ့တိုးတက်မှုတွေကို လေ့လာမိသလောက်ရေးပြီးsharingလုပ်ပေးတာပါရှင့်။ 1️⃣ သူမကြိုက်တဲ့အရာတွေဆိုသေချာငြင်းတတ်နေပါပြီ။ (သူမကြိုက်တာကျွေးရင် ပါးစပ်ကိုအတင်းပိတ်ထားတယ်။🥹 သူ့လက်တွေကိုစိတ်မကြည်တဲ့အချိန်ကိုင်ရင် ခါထုတ်ခံရပါတယ်။ တစ်ခါတစ်ခါဆို အရိုက်ခံ၊ဆွဲဆိတ်ခံရပါတယ်🥹။ လမ်းမှာတွေ့လို့မသိတဲ့သူတွေကဖြစ်ဖြစ်၊အသိတွေဖြစ်ဖြစ် ချစ်လို့ နုတ်ဆက်တာတောင်သူကတွန်းထုတ်တာ😖) 2️⃣ အပြင်တအားကြိုက်လာပါတယ်။🫠 (အပြင်သွားချိန် မသွားရရင်နို့တိုက်လဲမစို့ဘာလုပ်လုပ်မရပါဘူး။ လမ်းထဲကလူတွေတောင်သူ့လမ်းထွက်ချိန်သိနေပြီ။) 3️⃣ သွားငုတ်စိ၂ချောင်းနဲ့ရရာဆွဲကိုက်တတ်နေပါပြီ။😖 (မထင်ချင်မထင်သလိုလက်တွေ၊မျက်နှာတွေလှမ်းတွယ်ခံရပါတယ်။🥹နို့တိုက်ချိန်ဆိုအကြောက်ရဆုံး။😬) 4️⃣ တစ်ယောက်တည်း အရုပ်တွေနဲ့သေချာလူကြီးလိုဆော့တတ်နေပါပြီ။🥰 5️⃣ မေမေကို မေဆိုပြီးသေချာခေါ်တတ်နေပါပြီ။🤩 6️⃣ စကားသံတွေလည်းအများကြီးထွက်နေပါပြီ။🥰 တစ်ယောက်တည်း ဘာတွေပြောမှန်းနားမလည်ပါဘူး မေမေကတော့🤭 7️⃣ သူ့ခြေမသူလှမ်းကိုက်မှီနေပြီ။🫠သတိရရင်ရသလို လှမ်းကိုက်တာ😖 8️⃣ သူတစ်ခုခုလိုချင်ရင် ငိုပြီးတောင်းရင်ရတဲ့ဆိုတဲ့အထာအရမ်းနပ်နေပါပြီ😒 (ငိုသံကိုမျိုးစုံလုပ်တာ လူလည်လေးက) 9️⃣ ရုပ်ပြောင်တွေလုပ်ပြတတ်နေပါပြီ🫣 🔟 စိတ်ကလည်းအရွယ်နဲ့မလိုက်အောင်တိုတတ်နေပါပြီ😤(သူလိုချင်တာမရရင် လက်ထဲကမှီတာအကုန်ပစ်ချပြီး ခြေထောက်တွေပွတ်အော်)🤐 1️⃣1️⃣ ညဘက်တွေအိပ်ရင် အမေကိုဖက်ပြီးအိပ်တတ်နေပြီ😍 သူတရေးနိုးလာလို့သူ့ဘေးမှာအမေမရှိရင် အသားကုန်အော်ပါတယ်🤐 စိတ်ကောက်ပြီးနို့တိုက်လည်းမစို့ အာပြဲနေအောင်အော်ငိုပါတယ်🫠 1️⃣2️⃣ နို့စို့ရင် အမေကသူ့ကိုမပွတ်သိပ်ပေးမချင်း သူ့ဘာသူပုတ်သိပ်တတ်ပြီ😍 1️⃣3️⃣ သူ့ကိုရရာဆွဲထည့်လို့ဆူရင် စိတ်ကောက်တတ်နေပြီ။ တခါတလေပြန်ရပ်လုပ်သေးတာ😤 1️⃣4️⃣ အရမ်းအဆော့မက်လာပြီ🥹 1️⃣5️⃣ နေ့ဘက်ကိုလုံးဝကိုမအိပ်တော့ဘူး။😖 (တခါအိပ်ရင် အများဆုံးနာရီဝက်ဘဲ ဘယ်လိုမှသိပ်မရဆော့ဖို့ဘဲ) 1️⃣6️⃣ ဇိမ်လည်းတအားခံတတ် သူ့ကိုနားအပြင်ဘက်တွေသန့်ရှင်းရေးလုပ်ပေးရင် ငြိမ်ပြီးဇိမ်ခံတာ မအေကရပ်လိုက်ရင် အင်းအင်းနဲ့ပြန်လုပ်ခိုင်းတာ🙄 1️⃣7️⃣ သူ့လက်တစ်ချောင်းနဲ့အားနေ လိုက်လိုက်ရိုက်ခံရ🫠 1️⃣8️⃣ သူ့ဘာသူ တူးဝါးဆော့တတ်နေပြီ🫣 1️⃣9️⃣ သူအာဘွားပေးချင်ရင် အတင်းမျက်နှာတွေကိုဆွဲပြီးပေးတတ်နေပါပြီ။😘(သူ့အဖေကိုခဏခဏပေးလို့ အမေကတောင်းရင် မျက်နှာကိုလက်နဲ့တွန်းထုတ်ပြီး သူ့အဖေကိုဆက်ပေးပါတယ်🙃 မသိရင်အရွဲ့တိုက်သလိုဘဲ😒) 2️⃣0️⃣ ဖင်နဲ့ကော ဝမ်းလျားကော တွားဖို့တော့အားယူနေပါပြီ ခုထိတော့မတတ်သေးပါဘူး🤐 သားသားကတော့ ၆လနဲ့၇လသိသိသာသာကွာခြားချက်တွေများပါတယ်။တခြားအချက်တွေလည်းအများကြီးရှိပါသေးတယ်။ စာအရမ်းရှည်နေတော့ မရေးတော့ပါဘူး🥹 Part2ဖြစ်ဖြစ် လုပ်ပေးပါမယ်။ 💬 မေမေတို့ရဲ့ဘေဘီလေးတွေရော ဘာတွေတတ်နေပြီလဲ မန့်ခဲ့ကြပါအုံး။ #BenBen #creatorsearchinsights #7monthsold #ကလေးများအတွက် #၇လအရွယ်ကလေးဖွံ့ဖြိုးတိုးတက်မှု
Ben Ben🐽
Region: MM
Sunday 31 May 2026 05:29:08 GMT
Music
Download
Comments
moe thandar :
သားသားလေးကတော့ဝမ်းလျားသွားတတ်နေပီ❤️သူလိုရာရောက်နေပီဆွဲနေရတယ်😁
2026-05-31 15:45:47
1
Hsu👻💜 :
တူတူပဲတော့ ၆ လကျော် ရှေ့လ ၇ လပြည့်ပီ
2026-05-31 11:59:16
2
Su🤟❣ :
ထပ်တူကျလိုက်တာရှင်😁
သားသားက မေမေကို အပျောက်မခံဘူး🥰
2026-06-01 15:13:58
3
Thaw Zin Phone Myat မေမေ :
သားလေးလဲ7လပြည့်ပါပီမှန်ပါတယ်ရှင့်
2026-06-01 02:27:00
1
Thar Thar Gyi :
ကျွန်တော်သားက 5လ တစ်ပတ်နဲ့တော့တော့များများလုပ်နေပြီး
2026-06-03 15:06:22
1
အိမ်ကြယ်ဇင် beauty salon (MWD) :
ခုပြောတဲ့အချက်တွေ တချက်မှ မလွဲဘူး ကျွန်တော်သား (7)လရက်ကျော်လေး
2026-05-31 18:05:26
1
zaw Lay🥰😍 :
သားသား၂၈ရပ်နေ့၈လပြည့်တော့မယ်ထသူပါသာနထိုင်တက်သေးမတ်တက်ပဲရပ်ချင်နေတာစိုးရိပ်ရလာ🥺
2026-07-22 11:31:11
0
ငွေတုန်မေမေ :
အတူတူပဲသမီးလေးလဲအာ့အတိုင်ပဲ
2026-06-02 07:32:02
1
May🌷 :
အကုန်လုံးတူတူပဲ no 11ကတော့သဘောကျဆုံးပေါ့😁အမေကိုဖက်အိပ်တတ်ပြီ ဖက်လုံးလေးလည်း ဖက်အိပ်တတ်နေပြီ🥰
2026-06-02 08:55:06
1
May Thet :
အကုန်လုံးတူနေတယ်ရှင့်🥰7လနဲ့18ရက်ပါရှင့်😍😍😍
2026-07-07 14:33:23
1
yoon(shinlaymommy) :
အိမ်ကသားသားကတော့ အမေနမ်းတာပဲရတယ် အမေကိုပဲပြန်နမ်းတယ် သူ့အဖေနမ်းတာလဲမခံဘူး ပြန်လဲမနမ်းဘူး😂 အဲ့တာ ၆လကျော်ပဲရှိသေးတယ် 😅
2026-07-18 07:02:12
0
ကိုကိုချစ်ရင်ထူး :
Very Good 👍 Baby Boy ရော့🍼🤠🤠🤠🤣🤣🤣
2026-06-08 11:45:37
0
Kay Khing :
ကျေးဇူးတင်ပါတယ်
2026-06-27 04:01:06
0
Cherry Myint :
အတူတူပဲ🥰🥰🥰🥰
2026-06-15 07:00:28
0
👉အနှစ်လေး😘 မေမေ🍒🍒🍒 :
၆လမပြည့်သေးဘူး အကုန်ကွက်တိဘဲ
2026-07-15 18:33:36
0
zarzar :
သားသားလဲအခုမှ7လပြည်တာစိုတော့
စကားတော့တအားများတယ်တလုံးမှတော့နားမလည်ဝူး😁
ထိုင်မခိုင်သေးဝူးပစည်းဘာပစည်းဖစ်ဖစ်တွေ့မရဝူး
စွဲတာဘယ်သူဘာစားစားလိုက်ကြည့်ပိးပါစပ်လုပ်တာ
တောင်းစားတာ
2026-07-01 15:52:01
0
Aye Yu Aung 🥰သုတဟိန်းမေမေ🥰 :
ကျေးဇူးပါ🥰
2026-06-05 02:30:48
0
နှင်းဆီ :
သားကမေ တော့မခေါ်သေးဘူးကျန်တာအကုန်တတ်နေပြီ၇လနက်၁၇ရက်သားလေး
2026-06-27 05:40:03
0
ju.ju09 :
သားသားဆိုမမပြောတာအကုံးတက်
2026-07-23 08:48:58
0
🥰🥰🥰May Thazin Thu 😍😍😍 :
သမီးလေးလဲအတူတူဘဲ
2026-06-06 23:21:39
0
Daw Moe San Oo :
တူနေပါတယ်သမီးလေးလဲ၆လကျော်၇လထဲမှာမို့သိတက်နေပါပီ
2026-06-05 15:13:21
0
Moe Chit Thu :
သားသားကဝမ်းလျားသွားခါစဖြစ်နေပြီ
2026-07-14 14:12:52
0
flower🥰 :
အတူတူဘဲ နိုးရင်အမေမတွေ့ရင်ငိုပီး အဖေတော့ အားဘွားအရမ်းပေးတက်😊😊
2026-06-03 17:25:32
1
Baby Thuta :
အကုန်တူနေရောရှင် မအေကိုစိတ်မထင်ရင်မထင်သလိုဖက်ကိုက်ပါတယ် ဝမ်းလျားကတော့အတော်ကျွမ်းနေပီမလို့ မနိုင်တော့ပါ တနေ့တခြားအမွှေစိန်ဖြစ်နေပါပီ🥰
2026-06-01 14:58:55
1
မော်ကွန်းသစ် :
အိမ်သသားသားကတအင်းအင်းနဲ့စိုးရိမ်ရလားမသိဘူးနော်
2026-06-03 06:26:33
1
To see more videos from user @bhonepyaeshan160, please go to the Tikwm
homepage.