@wunpawng.labau: ယနေ့ ရှိ ကချင်ပြည် ခခူးဒေသ တွင် ကျွဲနွားတို့အား ယဇ်ပူဇော်သည့် အလေ့ထများနှင့်ပတ်သတ်၍ ရိုးရာ လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများစွာရှိသည်။ သို့သော် မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်ရသနည်းဟူသော အကြောင်းအား လက်ရှိ ကချင်လူထုမှာ မသိကြချေ။ ကချင်ရိုးရာ နတ်ဂျော် (Nat Jaw) သို့မဟုတ် မဒိုင် (Madai) ကိုးကွယ်မှု တွင် ကျွဲကို ယဇ်ပူဇော်ခြင်းသည် အရေးကြီးသော ဓလေ့တစ်ခု ဖြစ်ခဲ့သည်။ ကျွဲသည် ချမ်းသာမှု၊ ဂုဏ်သိက္ခာနှင့် မျိုးနွယ်၏ အင်အားကို ကိုယ်စားပြုသော တိရစ္ဆာန်ဖြစ်ပြီး နတ်များထံမှ ကောင်းချီး၊ ကံကောင်းခြင်းနှင့် ကာကွယ်စောင့်ရှောက်မှု ရရှိစေရန် ပူဇော်ကြသည်။ မနောပွဲကြီးများတွင် မဒိုင်နတ်၊ ဘိုးဘွားနတ်များနှင့် အခြားနတ်များအား ပူဇော်ရန် ကျွဲများကို ယဇ်ပူဇော်လေ့ရှိခဲ့သည်။ ယဇ်ပူဇော်ပွဲကို ဒွမ်ဆာ (Dumsa) ဟုခေါ်သော ရိုးရာဘုန်းကြီးက ဦးဆောင်ကျင်းပပြီး ဆုတောင်းခြင်း၊ သီချင်းဆိုခြင်းနှင့် မနောကခြင်းများ ပါဝင်သည်။ ယနေ့ခေတ်တွင် ကချင်အများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာသော်လည်း ဤဓလေ့သည် ကချင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူ ထိန်းသိမ်း လေ့ကျင်ရန် အထူးလိုအပ်သည်။ ရိုးရာ ယဉ်ကျေးမှု နှင့် ဘာသာရေး ကို ဝေဖန်ခွါခြားနိုင်ခြင်း မရှိခြင်းသည် ကချင်လူ့ယဉ်ကျေးမှု့တိမ်ကောခြင်း ၏ အစဖြစ်လာသည်။ #natjaw #kachin #tradition #fyp #jinghpaw

Wunpawng Labau သိန်းဖောဒူကမ္ဘာ
Wunpawng Labau သိန်းဖောဒူကမ္ဘာ
Open In TikTok:
Region: TH
Sunday 31 May 2026 08:42:34 GMT
1300
84
0
5

Music

Download

Comments

There are no more comments for this video.
To see more videos from user @wunpawng.labau, please go to the Tikwm homepage.

Other Videos


About