@yo_ella_on: Hwang Dong-man ကို ဇာတ်လမ်းအစမှာဆိုရင်စိတ်လိုက်မာန်ပါလုပ်တက်ပြီး ဒေါသကြီးတဲ့ character တစ်ယောက်လိုမြင်ရပေမယ့် ဇာတ်လမ်း အဆုံးပိုင်းကိုရောက်လာတာနဲ့ သူ့ရဲ့အဓိကပြဿနာက ဒေါသမဟုတ်ဘဲ guilt နဲ့ connection-seeking behavior ဖြစ်နေတာကို သေချာလေးေဖာ်ပြထားတာေတွ့ရတယ်။ လူတွေနဲ့ connection တည်ဆောက်ချင်တဲ့စိတ်ပြင်းပြတဲ့သူတစ်ယောက် ဒါပေမယ့် သူ့ရဲ့ခံစားချက်တွေကို မဖော်ပြတတ်တဲ့အခါ စိတ်ဆိုးတာ၊ေဒါသထွက်တာ၊ ခံစားချက်ကိုပြင်းပြင်းထန်ထန်တုန့်ပြန်တာတွေကနေတစ်ဆင့် ဖော်ပြတယ်။ သူက လူတွေကို မလိုချင်တဲ့သူမဟုတ်ဘဲ လူတွေနဲ့နီးစပ်ချင်တဲ့သူဖြစ်ပေမယ့် အဲ့ဒီနီးစပ်မှုကို ဘယ်လိုတောင်းဆိုရမလဲ မသိတဲ့သူမျိုးနဲ့ပိုတူတယ်။ Storytelling ရှုထောင့်ကကြည့်ရင် Dong-man ဟာ ဇာတ်လမ်းရဲ့ emotional engine တစ်ခုလို အလုပ်လုပ်တယ်။ Hwang Jin-man က နာကျင်မှုကို တိတ်တိတ်လေးသယ်သွားတဲ့ character ဖြစ်ရင် Dong-man က အဲ့ဒီနာကျင်မှုကို အပြင်ကိုပေါက်ထွက်စေတဲ့ character ဖြစ်တယ်။ Jin-man က silence ကို ကိုယ်စားပြုရင် Dong-man က expression ကို ကိုယ်စားပြုတယ်။ ဒီ contrast ကြောင့်ပဲ ဇာတ်လမ်းရဲ့ emotional tension ကို ပိုမိုပေါ်လွင်စေတယ်။ Hwang Dong-man ဟာ စိတ်ကောင်းရှိပေမယ့် သူငယ်ချင်းတွေအောင်မြင်သွားတဲ့အခါ တစ်ေယာက်ထဲ ကျန်ခဲ့တဲ့အားငယ်မှုတွေ၊ guilt တွေနဲ့ ရုန်းကန်နေရတဲ့ သာမန်လူတစ်ယောက်ကို ကိုယ်စားပြုတဲ့ character ဖြစ်တယ်။သူ့ character ကို ပိုလက်တွေ့ကျပြီး လူသားဆန်စေတဲ့အရာဆိုရင် သူ့ရဲ့အားနည်းချက်တွေ၊ အမှားတွေ၊ guilt တွေနဲ့ connection လိုအပ်ချက်တွေပဲဖြစ်မယ်လို့မြင်မိပါတယ်။ Series: We are all trying here Song : Scott Street #wearealltryinghere #kookyohwan #fyp #MentalHealthAwareness #sliceoflife @TikTok
Ella™
Region: MM
Sunday 31 May 2026 13:42:23 GMT
Music
Download
Comments
Freddy :
သိပ်ကောင်းတဲ့ကားပါ။ သင်ယူစရာတွေအများကြီး ရခဲ့တယ်။
2026-06-01 12:29:42
2
topchopp :
why am I seeing myself? should I try it?
2026-06-02 11:58:49
0
Nox Nox :
ကြည့်သင့်ပါတယ် စကားလုံးတွေကတကယ်ကိုထိရောက်လွန်းလို့
2026-06-02 05:53:51
2
🪻🅣🅗🅔🅣 🅢🅦🅔🪻 :
ဒုံမန်းကနဂိုထဲကစကားပေါ ထင်မြင်တာကိုလိုက်ပြောတတ်တဲ့စိတ်ကောင်းပီးပွင့်လင်းတဲ့သူတယောက်ပါ မအောင်မြင်ခင်တုံးကတော့ဒီလိုပဲသူငယ်ချင်း ေတနဲ့တူတူ ေပြာဆိုနေလာပေမယ့်သူငယ်ချင်းတေကအောင်မြင်သွားတော့သူကိုလူရာမသွင်းသလိုလုပ်နတာပါနဂိုထဲကမအောင်မြင်လို့စိုးရိမ်ပူပန်နေရတဲ့သူကိုဘေးနားလူ ေတကဖယ်ကြင်ပီးထိုးနက်ခံနေရတာပါဒုံမန်းက စကားတေပေါပီးသူ့နည်းသူ့ဟန်နဲ့သူစိတ်ကိုဖြေပီလောကကြီးကိုအရှုံးမပေးပဲကြိုးစားနေနေတဲ့သူပါအဲ့ဒါကိုပဲအွန်းအာကသဘောကျတာပါသူကမြိုသိပ်သူဖစ်ပီဒုံးမန်းကထုတ်ပြောသူ ဖစ်တော့ဒုံးမန်းကသူစိတ်ကိုသက်သာစေတာပါ
အရမ်းကြိုက်ပညာတေအရမ်းရတဲ့ကားပါ🥰🥰
2026-06-03 06:19:50
1
Y :
စောက်ရမ်းကြိုက်တယ်အဲ့ကား
2026-05-31 17:17:28
2
To see more videos from user @yo_ella_on, please go to the Tikwm
homepage.