@nannsu362: လူတယောက်နဲ့ဆုံရဖို့ဆိုတာရှေးရေစက်နည်း နည်းလေးနဲ့တွေ့ခဲ့ဆုံခဲ့တာမဟုပါဘူးနော်" "ခေါင်းအုံးတစ်လုံးတည်း အတူမျှသုံးဖို့... နှစ်ပေါင်းထောင်ချီ ကုသိုလ် ပြုခဲ့ရတယ်" စကားပုံတစ်ခုရှိတယ်.. "နှစ်တစ်ရာလောက် ကုသိုလ်ပြုမှ လှေတစ် စင်းတည်း အတူစီးခွင့်ရပြီး၊ နှစ်တစ်ထောင်လောက် ကုသိုလ်ပြုမှ ခေါင်းအုံးတစ်လုံးတည်း အတူအိပ်ခွင့်ရတာ" တဲ့ ဒီစကားလေးကို သေချာတွေးကြည့်ရင် ကျွန်တော်တို့ ဘေးနားမှာရှိနေ တဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူဆိုတာ ဘယ်လောက်တောင် တန်ဖိုးကြီးမားတဲ့ "ရေစက်" လဲဆိုတာ ပေါ်လွင်လာပါလိမ့်မယ် လမ်းမှာ ခဏတာ ဆုံတွေ့ခဲ့ကြတဲ့သူတွေ မဟုတ်ဘဲ၊ ဘဝ အဆက်ဆက်က ကုသိုလ်ကံတွေ ထပ်တူကျခဲ့လို့သာ အခုလို နဲ့ဖူးစာ ဆုံခဲ့ကြတာပါ အိမ်ထောင်ရေးဆိုတာ အတူတူနေရုံနဲ့ မပြီးပါဘူး။ တစ်ခါတလေကျရင် ကျွန်တော်တို့တွေဟာ အနီးဆုံးလူကို အားနာ ဖို့ မေ့လျော့တတ်ကြတယ်။ အပြင်လူကို ပြုံးပြနိုင်သလောက် ကိုယ့် အိမ်သူအိမ်သားအပေါ်ကျတော့ ဒေါသတွေ၊ အတ္တတွေနဲ့ ဆက်ဆံမိတတ်ကြတယ်။ စိတ်ကောက်တာ၊ အမြင်မကြည်တာ၊ စကားများတာ တွေဟာ လူ့သဘာဝအရ ရှိနိုင်ပေမယ့် "ငါတို့ ဆုံစည်းဖို့ ဘယ်လောက် တောင် ခက်ခက်ခဲခဲ ရေစက်ပါခဲ့ရသလဲ" ဆိုတာကို ခဏလောက် သတိရလိုက်ရင် အရာရာဟာ လျော့ပါးသွားပါလိမ့်မယ် တန်ဖိုးထားခြင်းက သံယောဇဉ်ကို ပိုခိုင်မြဲစေတယ်။လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရှိနေတုန်းမှာထက် သူ မရှိတော့တဲ့ အခါမှ ပိုသိသာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျမှ နောင်တရတာထက်စာရင် လက်ရှိ လက်တွဲထားတဲ့အချိန်မှာ အကောင်းဆုံး ဂရုစိုက် ပေးလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် "နားလည်မှု" ဆိုတဲ့ တံတိုင်း လေး ခိုင်ခံ့နေဖို့ လိုပါတယ်။ အမှားဆိုတာ လူတိုင်းမှာ ရှိတတ်တာမို့ အမှားကို အမှားနဲ့ မတုံ့ပြန်ဘဲ မေတ္တာနဲ့သာ လမ်းပြပေးကြပါ သေချာတာတစ်ခုက…ကိုယ့်ဘေးနားက လူဟာ မတော်တဆ ရောက်လာတာ မဟုတ်ဘူးဆို တာကို အမြဲသတိရပါ။ သူ ဟာ သင်နဲ့အတူ ဘဝခရီးကို ဖြတ်သန်းဖို့နှစ်ပေါင်းထောင်ချီ ကုသိုလ်ပြုခဲ့ရတဲ့သူပါ။ ဒါ ကြောင့် -စိတ်တိုတဲ့အခါ ခဏလောက် အောင့်ထားပါ အမှားတွေ့တဲ့အခါ ညင်သာစွာ ပြင်ပေးပါ ပင်ပန်းနေတဲ့အခါ နွေးထွေးတဲ့ အားပေးစကားလေး ပြောပေးပါ ရခဲ လှတဲ့ ဒီရေစက်ကို အကောင်းဆုံး... ထိန်းသိမ်းပြီး သာယာတဲ့ အိမ်ထောင်ရေး၊ အချစ်ရေး ဘဝလေးကို တည်ဆောက်နိုင်ကြပါစေ။ #🥺 #crd
A1🦦
Region: MM
Sunday 31 May 2026 16:13:40 GMT
Music
Download
Comments
🖇️🌿Mg Thet~Ω°~°🖇️🌿 :
တွေ့ဆုံးခြင်းဟာ ရေစက်ဆိုရင် ခွဲခွာခြင်းဟာ ဘာဖြစ်နိုင်မလဲ
😿🥺
2026-06-02 05:39:17
274
🍓😣RyDan hein..🤭🐶 :
@မမသေချာဖတ်ကြည့်😳
2026-07-29 11:18:49
0
♡popoヅ :
အမေး:ပေါင်းစပ်လို့မရတဲ့အရာနှစ်ခု?
အဖြေ:မင်းနဲ့သူမ🗿💔
2026-06-13 02:52:05
13
ˣᵗᵉᵗ 🍓💭 :
မှားနေတာတွေရောမကြိုက်တာတွေရောပြောပြတယ်အေးဆေးရှင်းပြတယ်ဒေါသနဲ့လည်းပြောပြခဲ့တယ်မပြင်ခဲ့ပူးအမြဲအဲပုံစံအဲအချိုးပဲကိုယ်ဘက်ကပဲအမြဲသည်းခံးပီးနားလည်ပေးခဲ့ရတာထိန်းထားခဲ့ရတာသူတို့ကကျအဆင်ပြေလားပင်ပန်းနေလားချစ်တယ်ဆိုတဲ့စကားလေးတောင်မပြောပေးမမေးခဲ့တာကိုဆက်ပီးမထိန်းသိမ်းနိုင်တော့သလို့ခုလို့အေးစက်စက်ဆက်ဆံရေးဖစ်လာဖို့နှစ်ထောင်ချီပီးကုသိုလ်ခဲ့ရတာတန်ရဲ့လား🥺🥺
2026-06-01 15:55:45
16
nan shwezinmoe :
တွေ့ဆုံချင်ပေမဲ့တစ်ချို့ပက်သက်မူတွေက မတူညီတော့ညို့ယူလို့မရဘူး
2026-07-18 11:27:25
2
akha :
သီးချင်း နာမည်ပြောပြပါလား ရှာတာမတွေ့လို့ပါ
2026-06-21 06:39:25
2
🍃🌙Moon🍃🌙 :
ဆုံစည်းခွင့်ရှိခဲ့ရင်တောင်ခနတာပါပဲပြန်ဝေးကွာရမှာပဲလေ🥺
2026-06-06 08:29:29
2
🌈 LuGyi 🐼 🌈 :
စာသားလေးပေးပါလားကြိုက်လို့
2026-06-03 05:14:58
1
🚫ငလေး🚫⁉ :
ဂျိုးလေးသီချင်းလိုပေါ့ ဆုံဆည်းခွင့်တိုင်းသာကွဲဝေးချင်းရေလှည့်စားမှု့တွေကို အရာအဆင်ပြေတယ်မမေ့နိုင်တာတခုထဲပဲနော်🥺
2026-06-02 02:54:25
5
Dmkd Djd :
အချစ်နဲ့တွေ့မှ..လူငယ်တေတောင်ကဗျာစရာတေဖစ်လို့..ငါကပါအစ🥀💔
2026-06-21 15:32:18
2
မောင်ကျန်ရစ်🥀💔 :
""တွေ့ဆုံခြင်းက ရေစက်ဆိုရင်"
>
ခွဲခွာခြင်းကဘာလဲ""💔😊
2026-06-27 06:17:47
2
✝sai.m.aung✝ :
ဟားဟ
2026-06-03 10:40:42
1
Sõrã🫠 :
ယူသုံးမယ်နော်🥰
2026-06-05 01:27:44
1
ဦးကချစ်တက်တယ်နော်😚 :
ဆုံဆည်းခွင့်ရတဲ့ရေစက်ကဘယ်တော့မှပေါင်းစပ်လို့မရဘူး
2026-07-09 12:38:34
0
💢မောင်ပေတူး🌊 :
စာသား ကျွန်တော်လက်ခံနိုင်ပါတယ် သူမ လက်မခံတာ ပင်ပန်ရာရောက်တယ်🥺
2026-06-27 13:54:55
1
Toe Gyi☘️☺️ :
စာသားလေးချပေးပါလား🥺
2026-06-14 16:15:49
1
Phyu Hnin Wai :
ဟုတ်တန်ဖိုးထားပါမယ်🥰
2026-06-07 01:50:50
1
🌊💦Oceania💦🌊 :
စာသားလေးပေးပါလား🥰🥰
2026-06-02 09:54:47
1
🌊Htet Thuya🖤❄️ :
ပို့ပေးရလာ
2026-06-09 11:24:32
1
💯ဦး သူရအောင်💯🌿🫶 :
တကယ်တော့သူတို့ပေါင်းလို့ရကြပါတယ် ရေကြည်ဘက်ကိုနေနောက်ရောက်ရင် ရေနောက်ရေကြည်သွားပါ
အဲလိုပဲရေကြည်ကရေနောက်ဘက်ရောက်သွားတော့ရေကြည်ကရေနောက်ပြောင်းတွာတာပါ😅
2026-06-12 02:39:30
1
💥𝒶𝒽 𝓎ℴℴ𝓃💥 :
ဘာလို့ကြည့်ပီး အေးချမ်းနေရတာလဲ
2026-06-05 09:49:46
1
(NWE ) 🌸............ :
တင်ခွင့်ပါရှင့်
2026-06-05 12:54:15
1
To see more videos from user @nannsu362, please go to the Tikwm
homepage.