@saya.kyaw.english: Personal brand ဆိုတာ အခြားသူတစ်ယောက်ရဲ့ နာမည် ၊ company ၊ family background ၊ title တစ်ခုကို မမှီခိုဘဲ "မိမိကိုယ်ပိုင်နာမည်"နဲ့ လူတွေယုံကြည် မှတ်မိ ၊တန်ဖိုးထားလာအောင် တည်ဆောက်ထားတဲ့ Reputation (ဂုဏ်သတင်း +ပုံရိပ်)ကို ဆိုလိုပါတယ်....။ ဥပမာ၊ ကျွန်တော်ဆို တပည့်တွေဆီက ပြန်ကြားရတာက ဆရာက" ✍️Writing✍️" ကောင်းတယ် 📗Grammar 📚ကောင်းတယ်စသည်ဖြင့်ပေါ့။ စာသင်တာရှင်းတယ်ပေါ့၊ ဒါကျွန်တော့်ရဲ့"Brand " ပဲ‌လေ။ ဒီလို နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခြင်းက(Personal Branding) အကျိုးသက်ရောက်မှု အရမ်းကြီးပါတယ်။ အချိန်ကာလ တစ်ခုပေးပြီး ကိုယ်တိုင်ကြိုးစား တည်ဆောက် ယူရတာမျိုးပေါ့။ 👉အခြားသူများ အပေါ် မမှီခိုရခြင်း School, company , organizations တစ်ခုခုကနေ အလုပ်ထွက်သွားရင်တောင် ကိုယ်နာမည်နဲ့ကို တနည်းအားဖြင့် (Brand) တည်ဆောက်ထားသောသူက အလုပ်မရှားသလို ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လည်း ယုံကြည်မှု ရပြီးသားဆိုတော့ လုပ်ရတာ လွယ်ကူစေတယ်။ 👉Higher Value. =. Higher income💯 Personal Brand တည်ဆောက်ထားသော သူတွေက Brand strong ဖြစ်လာရင် "time ကို မရောင်းဘဲ value ကို ရောင်းနိုင်တယ်။ဘာဖြစ်လို့လဲသူ့မှာ Trust +expertise ရှိလို့။ 👉 A good name is better than rich"🚩 ဆိုတဲ့ စကားလိုဘဲ "နာမည်တစ်လုံးက ငွေကြေးထက် ပိုတန်ဖိုးရှိတယ်။ စာသင်ဆရာတစ်ယောက် သည်သူရဲ့ Personal Brand တစ်ခုဖြစ်လာဖို့ ဒီအချက်တွေကို ကျော်ဖြတ်ရပါ့မယ်။ 1. Expertise (ကျွမ်းကျင်မှု) ကိုယ်သင်ကြားပြသတဲ့ နယ်ပယ်တစ်ခုမှာ ထူးထူးချွန်ချွန် ဖြစ်ဖို့လိုပါတယ်။ 2.Consistency(တည်ငြိမ်မှု) ကိုယ်တတ်ကျွမ်းထားတာတွေကို တသတ်မတ်တည်း ထိန်းထားနိုင်ရမယ်။ ကိုယ်တပည့်တွေကို value ပေးနိုင်ရမယ်။ 3. Communication Skill ဒီအပိုင်းက အရေးကြီးပါတယ် သင်ကြားမှု ပိုင်နိုင်ရမှာဖြစ်သလို ဆရာတပည့် ဆက်ဆံရေးကောင်းမွန်မှု ကလည်း အရေးကြီးပါတယ်။ 4.နည်းပညာကို အသုံးချမှု( Online) လူတိုင်းနီး လိုင်းပေါ်ရောက်နေတဲ့ခေတ်ကြီးမှာ ကိုယ့်နာမည်တစ်ခု Brand အနေနဲ့ Online ပေါ်မှာ တည်ဆောက်ထားနိုင်တဲ့သူက အများထက်အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရနိုင်ပါတယ်။ 5. Authenticity( ကိုယ်ပိုင်ဟန် / စစ်မှန်မှု) အခြားသူ ကို copy မလုပ်ပဲ ကိုယ်style နဲ့ကိုယ် ရပ်တည် နိုင်ရပါ့မယ်။ 6.Toxic ဖြစ်တဲ့ လုပ်ငန်းခွင်တွေကို ခပ်ချေချေနေပြချင်ရင် Personal Brand တည်ထားဆောက်ပါ။ အချုပ်ပြောရရင်, 🚩Personal Brand 🚩ဆိုတာ "ကိုယ့်နာမည်က ကိုယ့်အတွက် အလုပ်လုပ် နေတဲ့ အခြေအနေကို" ဆိုလိုခြင်းဖြစ်ပါတယ်။ အခြားသူ နာမည်အောက်မှာ မရပ်တည်ဘဲ "ဒီလူဆိုရင် ယုံလို့ရတယ်"လို့ လူတွေ မှတ်မိလာတာက "long-term life success"မှာ အရမ်း Powerful ဖြစ်တယ်။ Personal Brand တည်ဆောက်ခြင်းဖြင့် Carrier ကို အထောက်အကူ ပြုနိုင် ကြပါစေ။ Learn together with me. Saya Kyaw (Sharing English ) #essaywriting #essaytips #brandafypシ #englishteachers

Saya Kyaw ( Sharing English)
Saya Kyaw ( Sharing English)
Open In TikTok:
Region: MM
Sunday 31 May 2026 23:25:21 GMT
6397
299
4
25

Music

Download

Comments

dawhnin.sandar8
Tr Hnin(K&M) :
personal brand,နဲ့အမြဲရပ်တည်နိုင်အောင်ကြိုးစားနေပါတယ်🥰🥰🥰
2026-06-01 22:38:55
3
user49934999666396
ဂူဂူး :
👍👍👍
2026-06-01 23:59:28
1
m5p5p5
MPP :
🥰🥰🥰
2026-06-03 18:19:25
0
To see more videos from user @saya.kyaw.english, please go to the Tikwm homepage.

Other Videos


About