@htwe.htwe.sein5: အသက် (၄၅) ကနေ (၆၀) ကြားမှာ ဒါတွေလုပ်ရင် အသက် (၁၀၀) အထိ ကျန်းကျန်းမာမာ နေနိုင်တယ်! 🤫🌱 ဒီအရွယ်ဟာ ဘဝရဲ့ အရေးကြီးဆုံး အလှည့်အပြောင်းကာလပါပဲ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး အလေ့အကျင့်ကောင်းလေးတွေ မွေးမြူသွားရင် ရောဂါကြီးကြီးမားမားမရှိဘဲ အသက် (၁၀၀) ကျော်အထိ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါတယ်တဲ့။ 😍 ဘယ်လိုအချက်လေးတွေ ဂရုစိုက်ရမလဲဆိုတာ ဖတ်ကြည့်ပြီး လက်တွေ့လိုက်နာကြည့်ရအောင်နော် 👇 ၁။ ⚖️ ကိုယ်အလေးချိန် ကို အမြဲချိန်ပါ၊ ထိန်းသိမ်းပါ။ ၂။ 😴 အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ၃။ 🍽️ အစာအိမ် ကို ဂရုစိုက်ပါ။ ဖြေးဖြေးစားပါ၊ နည်းနည်းစားပါ။ အဆီ၊ အငန်၊ အချိုနဲ့ အပူစာတွေ လျော့စားပြီး ၇၀% လောက်ပဲ ဗိုက်ပြည့်အောင် စားပါ။ ၄။ 🦴 အရိုးအဆစ် သန်မာအောင် ဂရုစိုက်ပါ။ ၅။ ☀️ Vitamin D ရဖို့ နွားနို့၊ ငါး၊ ပဲ စားပေးပါ။ မနက် (သို့) ညနေခင်း နေရောင်ခြည်ကို ၁၀ မိနစ်လောက် ခံယူပါ။ ၆။ 🚶♂️ လမ်းလျှောက် ပါ၊ ကြွက်သားသန်မာအောင် လေ့ကျင့်ပါ။ (ခြေသလုံးကြွက်သား သန်မာရင် နှလုံးရောဂါ ကာကွယ်နိုင်ပါတယ်)။ ကခုန်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှု တမျိုးပါပဲ။ ၇။ 🎤 ရေချိုးရင်း၊ အဆင်ပြေတဲ့အချိန်မှာ သီချင်းအော်ဆို ပါ၊ လက်ခုပ်တီးပါ။ ဒါက အဆုတ်ကို အားကောင်းစေပါတယ်။ ၈။ 😌 စိတ်ဖိစီးမှု (Stress) လျော့ချပါ။ ပြသနာကြီးကို အသေးလုပ်၊ အသေးကို ဖျောက်လိုက်ပါ။ စိတ်ပျော်ရွှင် အောင်နေပါ။ ၉။ 🧘♀️ စိတ်အေးချမ်းဖို့ တရားထိုင် ပါ၊ ဝင်လေထွက်လေ မှတ်ပါ။ ၁၀။ ✨ သန့်ရှင်းမှု ကို အလေးထားပါ။ တကိုယ်ရည်ရော ပတ်ဝန်းကျင်ပါ သန့်ရှင်းအောင် ထားပါ။ ၁၁။ 🐜 ပိုးဟပ်၊ ကြွက်၊ ခြင်၊ ယင်၊ ပရွက်ဆိတ်တွေ အိမ်ထဲမှာ မရှိအောင် ဂရုစိုက်ပါ။ ၁၂။ 🧠 ဦးနှောက် ကို အမြဲအသုံးချပါ။ ဝါသနာပါရာ အလုပ်၊ ပညာရပ်တွေကို လေ့လာနေခြင်းဖြင့် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပါ။ ၁၃။ 💧 ဝမ်းမှန် အောင် လုပ်ပါ။ ရေများများသောက်ခြင်း ဖြင့် ကိုယ်တွင်းအဆိပ်ထုတ်ပါ၊ သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပါ။ ၁၄။ 🥛 ရေသောက်တဲ့အလေ့အကျင့် လုပ်ပါ။ မနက်အစာမစားခင် ရေအေး (၁) ခွက်၊ ရေနွေး (၂) ခွက်သောက်ပါ။ အိပ်ခါနီး ရေ (၁) ခွက်သောက်ပါ။ (အသက် ၃၀ ကျော်ရင် သွေးကြောတွေ ကျဉ်းလာတတ်လို့ ရေနွေးသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်)။ ဒီအချက်လေးတွေကို ဒီနေ့ကစပြီး အတူတူ လိုက်နာကျင့်သုံးကြစို့နော်။ 💪 မိမိချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း သိအောင် Share ပေးလိုက်ပါဦး။ အားလုံးပဲ ကျန်းမာအသက်ရှည်ကြပါစေ... 🌱
htwehtwesein
Region: MM
Monday 01 June 2026 10:52:18 GMT
Music
Download
Comments
Ah Nge :
🥰🥰❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️မဂ်လာပါ❤️❤️❤️❤️❤️
2026-06-14 00:36:28
1
Yin Yin :
ဟုတ်ကျေးဇူးပါ
2026-06-12 04:40:05
2
K M T :
Thankyoupar
2026-06-13 12:23:18
1
Aprial May :
စာသားလေး copy ပါရစေ ရွယ်တူသူငယ်ချင်းတွေကို ပြန် မျှဝေချင်လို့ပါ
2026-06-06 05:25:26
3
April Khin :
Thanks 👍👍👍
2026-06-08 01:29:15
1
@April Cho🍒 :
ကျေးဇူးပါရှင့်
နောက်ခံတီးလုံးလေးကဘယ်ကိုလွမ်းရမှန်းမသိဖြစ်သွားတယ်
2026-06-10 07:17:28
2
DawChawChaw :
ကျေးဇူးပါ
2026-06-13 12:12:19
1
dawmyintmyintyee :
ဟုတ်ကဲ့ပါ
2026-06-07 11:25:09
2
🍑Nyo Nyo🤎 :
ကျေးဇူးပါလိုက်နာနိုင်တာလေးတွေလေ့ကျင့်ပါမယ်ရှင်🥰🥰🥰🥰
2026-06-08 14:56:39
1
Khin thidar aye khant :
2026-06-08 03:46:48
1
marmar :
ကျေးဇူးပါ ရှင့်❤️❤️❤️❤️❤️❤️
2026-06-02 13:15:06
2
ကြာသခင် :
မဂ်လာပါနော်သံလေကနာထောင်လို့ကောင်တယ်
2026-06-08 09:32:32
1
shwe nar myay win maung :
yes
2026-06-07 13:54:44
0
Daw Su Su Tun :
ကျေးဇူးအထူးတင်ပါတယ်🥰🥰🥰
2026-06-08 13:58:45
1
Thein Thein :
ကျေးဇူးပါ
2026-06-08 06:21:58
1
MARLAR FASHION DESIGNER :
ဟုက ဲ့ပါရှင့်ကျေးဇူးပါနော်🥰🥰🥰🥰
2026-06-08 03:14:20
1
Diaries with Thin 🌿✨ :
ကျေးဇူးပါ💕
2026-06-07 01:05:19
1
မော််မော်ကြည် :
ကျေးဇူး အထူးတင်ရှိပါတယ်
2026-06-07 16:17:29
0
ဒေါ်ဌေးဌေး၀င်း (ခ) မညို :
ကျေးဇူးတက်ပါတယ်🙏
2026-06-10 00:45:11
2
Thein Oo :
ကျေးဇူး အထူးတင်ရှိပါတယ်
2026-06-07 12:19:08
1
Soung Lal :
ကျေးဇူးအထူးတင်ပါတယ်ရှင့်
လိုက်နာပါ့မယ်ရှင့်ကောင်းသောညချမ်းပါရှင့်ထပ်တူတူကျမ်းမာပါစေရှင့်🥰🥰🥰🥰🥰
2026-06-07 15:32:51
2
Haymar9492 :
💞💞💞💞💞ကျေးဇူးပါ💞💞💞💞💞
2026-06-11 00:17:10
3
jasminejasmine4686 :
🙏🙏🙏❤️🥰တော်လိုက်ထာ
သတိပေး ပြီးစေတနာထားတင်ပေးတဲ့ အတွက်ကျေးဇူးပါ❤️🥰🥰🥰🥰
လူကြီးမင်းလည်း ကျန်းမာရေးဂရုစိုက်ပါနော်❤️
2026-06-14 06:09:31
1
jasminejasmine4686 :
2026-06-14 06:12:13
1
Ko Naing Win :
ဒီစာကိုဖတ်ရခြင်းအတွက်ကျေးဇူးပါဘဲဗျာ
2026-06-03 10:22:04
1
To see more videos from user @htwe.htwe.sein5, please go to the Tikwm
homepage.