@user2780075591559: ❤"မတွေ့ဖူးသေးပေမယ့် အချစ်ကတော့ အစစ်ပါ..." ❤️ လူတော်တော်များများက မေးကြတယ်... "တစ်ခါမှ မတွေ့ဖူးတဲ့သူကို ဘယ်လိုချစ်နိုင်တာလဲတဲ့..." တကယ်တော့ အချစ်ဆိုတာ မျက်နှာချင်းဆိုင်တွေ့မှ ဖြစ်တာမဟုတ်ဘူး။ တစ်နေ့တာရဲ့ သတင်းလေးကို စောင့်နေမိတာ... အိပ်ရာဝင်ခါနီး "Good Night" လေးကို မျှော်နေမိတာ... စိတ်ညစ်နေတဲ့အချိန် သူ့အသံလေး ကြားချင်နေမိတာ... ဒါတွေက အချစ်မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ။ ငါတို့နှစ်ယောက်က လက်ချင်းမတွဲဖူးသေးဘူး... အပြင်မှာ အတူမလျှောက်ဖူးသေးဘူး... ဘေးချင်းကပ်ပြီး ဓာတ်ပုံတောင် မရိုက်ဖူးသေးဘူး... ဒါပေမယ့်... တစ်နေ့တာရဲ့ ပျော်ရွှင်မှုတွေကို အတူမျှဝေခဲ့တယ်။ ဝမ်းနည်းမှုတွေကို အတူဖြတ်ကျော်ခဲ့တယ်။ အဝေးကနေတောင် တစ်ယောက်ရဲ့နှလုံးသားထဲမှာ တစ်ယောက်နေရာယူထားနိုင်ခဲ့တယ်။ ကီလိုမီတာတွေ ဘယ်လောက်ဝေးဝေး... အကွာအဝေးတွေ ဘယ်လောက်ရှိရှိ... ငါ့နှလုံးသားက ရွေးချယ်ထားတဲ့သူက မင်းတစ်ယောက်တည်းပဲ။ ဒီနေ့ မတွေ့ရသေးပေမယ့်... တစ်နေ့နေ့တော့ မင်းဘေးမှာ ရပ်ပြီး "အကြာကြီးစောင့်ခဲ့ရပေမယ့် စောင့်ရကျိုးနပ်ခဲ့ပါတယ်..." လို့ ပြောချင်တယ်ပါတယ်အချစ်ရယ်။ ❤️#zawehtet #မူရင်း #အနေဝေးတော့လွမ်းရတာပေါ့ #Love #အမျိုးသမီးလေးဆီသို့💌🕊
ᥫ᭡𝔃𝓪𝔀𝓮𝓱𝓽𝓮𝓽𝓹𝓪𝓲𝓷𝓰ᥫ᭡
Region: MM
Monday 01 June 2026 13:10:09 GMT
Music
Download
Comments
S.W.T😘😗စမ်းအိုင့်သူလေး🤭 :
တစ်နေ့နေ့တော့ဆုံနိုင်မှာပါ5တင်းပါအကိုရေ....5နှစ်ကျော်တောင်မှချစ်လာခဲ့တာအပြင်မှာတကြိမ်တခါမှမတွေ့ဘူးဘူးအဲ့တောအတွင်းအခုတော့အပြင်မှာတွေ့ခွင့်ရခဲ့ပီရှင့်အချစ်စစ်မှန်ရင်တစ်နေ့ဆုံကိုဆုံမှာပါအကိုရေ😘😘😘
2026-06-16 13:15:44
1
💘Ah Thay Lay💘 :
စာသားလေးလိုချင်လို့ပါရှင် copyချပေးရင်ကောင်းမရ်🥰
2026-06-13 05:33:59
0
🌷🌷🌸အနာဂတ်ဆရာမလေး🌷🌷🌸 :
ဟုတယ်ကြာတော့လွမ်းနေရတာ🥰🥰
2026-06-04 16:22:27
1
ဆုရည်မိုးမြင့် :
မမြင်ဖူးသေးလဲအရမ်းချစ်
2026-06-06 12:41:14
1
💗Pann Ei💗 :
ကိုယ်တွေလဲမတွေ့ဖူးသေးဘူး 1နှစ်နဲ့2လရှိပြီ..အခုတော့ သူ့ဖက်က မဆက်သွယ်လာတော့ဘူး ဘယ်အချိန်ဆက်သွယ်လာမလဲလို့ မျော်လင့်ချက်လေးနဲ့စောင့်နေတယ်လို့ သူ့ကိုသိစေချင်တယ် မတွေ့ဖူးပေးမဲ့ အရမ်းချစ်ပါတယ် သူ့ကို
2026-06-18 13:27:31
1
James" :
song name🥺
2026-06-12 19:00:43
0
Chitkoko :
လွမ်းတယ်ကွယ်ဖြစ်နိုင်ရင်ပြန်လာစေချင်တယ်🥺🥺🥺မင်းကလွဲပီးနောက်တယောက်လည်းမထားနိုင်သလို။ မျော်လင့်ချက်မရှိရင်တောင်အဝေးကနေချစ်နေမယ်🥰🥰တယောက်သောသူဒီစာလေးတွေ့စေချင်တယ်
2026-06-15 05:03:11
0
Phoo Lay :
ဟုတ်တယ်လေ🥰🥰🥰🥰
2026-06-12 10:59:12
0
💚ငယ်💚 :
အရမ်းကိုသဘောကြမိတယ်🥰
2026-06-12 19:55:08
0
Linn Khat :
စာသားလေးကြိုက်လိုယူပရစေနော်🥰🥰
2026-06-12 04:11:55
0
lofi :
မုန်လိုက်တာဗျာ ကျ နော့်ကောင်မလေးဆို ကျနော့်ပုံကိုအခုထိမမြင်ဖူးသေးဘူးဗျာ့ သူလေးလဲကျနော့်ကို မငြိုမငြင်ချစ်ပေးတယ်ဗျာ 🥰
2026-06-13 11:50:58
0
💘T🏳️🌈Z(thar thar)P🏳️🌈🫶 :
စာသားလေးကြိုက်လိုယူဗျစေ🫶
2026-06-14 03:32:20
0
𝚃𝚑𝚞 𝚁𝚊 𝙾𝚘 :
ပြတ်ပါတယ်နော် ဘယ်လိုပဲပေးဆပ်ချစ်ချစ်ပါ
2026-06-16 01:47:07
0
🏳️🌈P💜H💜Y💜O🏳️🌈 :
ဟုတ်တယ်နော်❤️❤️❤️
2026-06-12 02:50:51
0
Chitkoko :
သတိယနေတယ်ချစ်တုံးရေပြန်လာပေးလို့မရတော့ဘူးလား🥺🥺🥺🥺🥺
2026-06-12 23:31:44
0
☬𝑱𝒐𝒚 𝑲𝒊𝒔𝒔☬💙🏳️🌈❦➺𝒀➳ :
copy ယူပါရစေ🥺
2026-06-11 10:26:00
0
🇲🇲Lwin Myo Htet🇨🇷 :
ယူခွင့်ပြုပါနော်
2026-06-08 05:20:36
0
Ah Nyar Thar :
အချစ်က စစ်ခဲ့ပါတယ် 😥
2026-06-15 11:37:53
0
🦋Wai Wai Hlaing☺️ :
ဘ၀တူတွေပါ 🥺ခေါ်တဲ့နာမည်ကအစတူနေတာ🥺
2026-06-10 07:29:00
0
thandarmyo6191 :
aaasasasasasasas🥰asasaaasasas
2026-06-10 14:50:23
0
Sunday :
မြတ်နိူးလေး ရှိနေရင်
မြတ်နိူး အသံလေးကြားရရင်
အကို့ရင်ထဲ အလိုလို နွေးနေရပါတယ်
ဒီဘဝတော့
မြတ်နိူး အနား နေချင်တယ်
မြတ်နိူး လက်ပေါ်ပဲ သေချင်မိတယ်🥰
2026-06-12 14:35:04
1
🇲🇲Kyaw Myo Oo🇹🇭💟🌐 :
တင်းခွင်းပြု
2026-06-07 04:39:57
0
To see more videos from user @user2780075591559, please go to the Tikwm
homepage.