@photography1305: မိုးရာသီရဲ့ အစဆုံး ညလေးတစ်ည အရှေ့ဖတ် တောင်တန်းကြီးပေါ်ကနေ ဖြတ်ကျော်လာတဲ့ လမင်းကြီးဟာ တိမ်မည်းတွေ မြူတွေကြား ပေါ်လိုက်ပျော်လိုက်နဲ့ ခရီးနင်နေရှာတယ် ။ ညရဲ့ တိက်ဆိတ်မှုတွေကြား အဝေးက လွင့်မျော်လာတဲ့ မိခင်တစ်ယောက်ရဲ့ သား ချော့တေးဟာ ဆွေးဆွေးမြေ့မြေ့ ပါပဲ ။ မိုးရာသီဆို ဒီမြို့လေးရဲ့ ရာသီဥတုဟာ မိုးကောင်းနေ့ရက်တွေဆို လေးရက်လောက် " နေ " မမြင်ရဘူး တစ်ခါတစ်လေကျတော့ မိုးမရွာပဲ မိုးနှင်းတွေ ပိတ်နေအောင်ကျပြီး ရာသီဥတု အုံ့မှိုင်းမှိုင်းနဲ့ အေး နေတော့ အပြင်သွားရင် ဟူဒီ တွေ အနွေးထည်တွေ ဝတ်ပြီး သွားကြတာပေါ့ ။ အဲ့ဒါကြောင့်လည်း ဆရာဝန်တစ်ယောက် ပြောပါတယ် တောင်ကြီးက လူတွေက နေရောင်ခြည် သိပ်မရတော့ Vitamin - D အားနည်းတယ်တဲ့ ထားပါတော့လေ ။ မိုးရာသီဆို စိမ်းဆိုနေတဲ့ တောင်တန်းတွေရယ် ယာခင်းတွေ တောထဲ တောင်ထဲက စမ်းချောင်းလေးတွေ ရေတံခွန်လေးတွေ တောပန်းတွေ နဲ့ တော်တော်မိုက်တယ် ။ တစ်ခါတစ်လေ မိုးရွာပြီးတဲ့ အချိန်တွေဆို တိမ်လွှာ တိမ်စိုင်တွေက စိမ်းဆိုနေတဲ့ တောင်တန်းတွေကို တစ်ပိုင်းတစ်စ လွှမ်းခြုံထားတဲ့ မြင်ကွင်းဟာလည်း တောင်ပေါ်သားတွေအဖို့ ခဏခဏ မြင်နေရပေ့မယ် ဘယ်တော့မှ မရိုးနိုင်တဲ့ သဘာဝ အလှတစ်ခု.... ။ ပြီးတော့ ....ရေးမိရေးရာ.... 😅 အယ်စေး🍁 #taunggyi #shanstate #taunggyicity🍃🤍 #မိုးရာသီ #fyi
Saw Eh Say (T.G.I)
Region: MM
Monday 01 June 2026 15:35:18 GMT
Music
Download
Comments
Linn Moe :
❤️❤️❤️❤️❤️
2026-06-22 14:16:04
0
Ku Ku :
လွမ်ရတယ်ရှင့်😭😭
2026-06-14 11:15:27
1
Ba Gyi Aung :
🥰🥰🥰
2026-06-02 12:27:31
2
soe oo :
🥰🥰🥰
2026-06-19 02:37:44
0
SOE Lay :
🥰🥰
2026-06-07 16:32:23
2
ပိုကရင်မလေး :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-23 16:27:06
0
To see more videos from user @photography1305, please go to the Tikwm
homepage.