@khantthiha777: " မိစ္ဆာအာဇီဝ " ၁။ လက်နက် ရောင်းဝယ်မှု။ ၂။ လူကုန်ကူးမှု။ ပြည့်တန်ဆာများကို မွေးပြီး ခေါင်းလုပ်မှု။ ၃။ နွား၊ ကျွဲ၊ ဝက်၊ ဆိတ်၊ ကြက်၊ ငှက် စသော သက်ရှိသတ္တဝါများကို မွေး၍ အသားစားဖို့ရာ သတ်ဖြတ်သူအား ရောင်းမှု ၊ မွေးမြူရေးလုပ်ငန်းတွေကို ပြောတာနော်။ တချို့ပြောကြတယ်။ တပည့်တော်တို့က မွေးမြူရေး လုပ်တယ်ဘုရား။ ကိုယ်တိုင်တော့ မသတ်ပါဘူးဘုရား။ ကိုယ်တိုင်မသတ်ပေမယ့် သတ်ဖို့ ရောင်းတာပဲ မဟုတ်လား။ သတ်ဖို့ မွေးထားတာပဲလေ။ ကိုယ်တိုင်တော့ မသတ်ဘူး၊ သားသတ်ရုံကို ပို့တယ်၊ ငါးစိမ်းသည်တွေဆီကို ရောင်းတယ်။ ဒါတွေအားလုံးက သူတစ်ပါး အသက်ကို ရင်းနှီးပြီးတော့ စီးပွားရှာရတာတွေလေ။ မလုပ်ရဘူးနော်။ ၄။ ထန်းရည်၊ အရက်၊ ဘိန်း စသော မူးယစ်ဆေးဝါးများ ရောင်းချမှု။ ဘုံဆိုင်တည်မှုပေါ့နော်။ ယနေ့အရက်ဆိုင်တွေ ရောင်းတယ်၊ ဘီယာဆိုင်တွေ ရောင်းတယ်။ အဲဒါ မိစ္ဆာအာဇီဝထဲ ပါတယ်နော်။ ၅။ အဆိပ် ရောင်းချမှု။ အဆိပ် ဆိုတာကလည်း သူတစ်ပါးကို သေစေတာပဲ မဟုတ်လား ။ ထို (၅) မျိုးကို ရတနာသုံးပါး ကိုးကွယ်သူ ဥပါသကာဥပါသိကာမတို့ မပြုရဘူးလို့ ဆိုပါတယ်။ ထို့ပြင် မြင်းလောင်း၊ နွားလောင်း၊ ကြက်တိုက်၊ ဖဲရိုက်၍ ပစ္စည်းရှာဖွေခြင်းကလည်း မိစ္ဆာဇီဝပဲတဲ့။ ဆိုလိုတာက လောင်းကစားလုပ်ငန်းနဲ့ စီးပွားရှာရင်လည်း မိစ္ဆာဇီဝပဲ။ ယနေ့ခေတ် ဘောလုံးပွဲ လောင်းတာတို့၊ နှစ်လုံးသုံးလုံး လောင်းတာတို့ အကုန် ပါတာပေါ့နော်။ မိမိကိုယ်တိုင် မိစ္ဆာဇီဝအမှုဖြင့် စီးပွားမရှာပါသော်လည်း စီးပွားတူဖြစ်သော ညီအစ်ကို မောင်နှမတို့၏ မိစ္ဆာဇီဝကို ဝမ်းမြောက် သဘောတူရင်လည်းမိစ္ဆာဇီ၀ပဲတဲ့။ ကိုယ်လုပ်မှ မဟုတ်ဘူးနော်။ တစ်အိမ်တည်း အတူနေပြီး သူလုပ်တာကို စိတ်ထဲမှာ သဘောတူ ကျေနပ်နေတယ်၊ ခွင့်ပြုထားတယ်ဆိုရင် ကိုယ်လည်း မိစ္ဆာဇီဝ ဖြစ်တာပဲ။ မိမိက သဘောမတူဘူး ဆိုရင်တော့ မိစ္ဆာဇီဝ မဖြစ်ဘူး။ မန္တလေးက ဒကာကြီး တစ်ယောက်ကတော့ ဆရာတော် တရားကို နားထောင်ပြီးတဲ့ နေ့ကစပြီး သူ့ရဲ့မိစ္ဆာဇီဝလုပ်ငန်းတွေ အကုန် စွန့်လိုက်တယ်လို့ သူက ပြောတယ်။ သူရဲ့ ငါးမွေးမြူရေးလုပ်ငန်းကို သိန်းထောင်ပေါင်းများစွာ အဆုံးရှုံးခံပြီးတော့ စွန့်လွှတ်လိုက်တယ်တဲ့။ တရားလည်း တကယ်နာတယ်၊ လက်တွေ့လည်း တကယ်ကျင့်တာနော်။ အဲဒါမျိုးဆို အလွန် သာဓုခေါ်ဖို့ ကောင်းတယ် ဟုတ်လား။ မိစ္ဆာဇီဝအကြောင်း ဆရာတော်တရား နာပြီးတဲ့နောက် မိစ္ဆာဇီဝ လုပ်ငန်းတွေ လုပ်နေဦးမယ်ဆိုရင် သူ့ဘက်က မကောင်းဘူးပေါ့နော်။ အဲဒါနဲ့ သူရှောင်ကြဉ်လိုက်တယ်လို့ ပြောတယ်။ ငါးတွေ အကုန်လုံးကို ဧရာဝတီမြစ်ထဲမှာ သွားပြီးတော့ လွှတ်လိုက်တယ်တဲ့။ အရှင် အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ) #အရှင်အဘယာလင်္ကာရ #တရားအသိဖြင့်ဘ၀တွေအေးချမ်းကြပါစေ @Theingi(ఇ ◝‿◜ ఇ)💛 #foryou #fyp #creatorsearchinsights
Khant
Region: MM
Tuesday 02 June 2026 04:32:42 GMT
Music
Download
Comments
SOeMim09793880025 :
🙏🙏🙏🙏🙏
2026-07-23 07:55:11
1
DawSoeThida :
🙏🙏🙏
2026-07-20 05:03:19
1
monan556 :
🙏
2026-08-01 05:16:02
1
Daw Hla San :
🙏
2026-08-22 02:27:54
1
Ma Sable :
🙏🙏🙏မှန်လှပါဘုရား
2026-06-05 22:23:58
2
Daw Nge :
သာဓု သာဓု သာဓု ပါဘုရား🙏🙏🙏
2026-06-03 00:17:42
2
user39336988652984 :
ဆရာတော်ကျမ်းမာသက်ရှည်ပါစေဘုရား
2026-06-02 10:55:45
2
ULayAung :
🙏
2026-06-27 03:01:59
1
𝐌𝐎𝐑𝐍𝐈𝐍𝐆 ☀️✔️ :
ဆရာတော်ကို လွမ်းတယ် ငယ်ငယ်က ၄နှစ်ဝတ်ဖူးတယ်🥺🥺
2026-06-20 06:28:44
2
🌹ROSE🌹 :
🙏🙏🙏🙏🙏🙏
2026-06-20 11:37:48
2
kyisan :
🙏🙏🙏🙏🙏
2026-06-02 05:11:47
1
myo. 31ဘုံ သတ္တ ဝါ ကျန်းမာပါစေ :
🙏🙏🙏
2026-06-02 04:58:22
1
Myat Myat Mon :
🙏🙏🙏
2026-06-04 01:44:58
1
😈မောင် တာတေ😈👿👿 :
🙏🙏🙏
2026-06-02 05:06:01
1
Ning Ning Soe :
🪷🌹🪷🙏🙏🙏🪷🌷🪷
2026-06-02 07:27:44
2
maythat lwin89 :
🙏🙏🙏
2026-08-04 10:53:17
1
soesoe80725 :
🙏🙏🙏
2026-07-06 15:07:22
1
H🥰w🥰p💞..Phyo..phyo 🍓🍓💕 :
🙏🙏🙏
2026-08-04 14:11:05
1
ဦးသန်းထိုက် :
🙏🙏🙏
2026-06-02 09:11:08
2
Tai Tai :
🙏🙏🙏
2026-06-27 09:07:24
1
ပလောင် พุทธวจน พุทธวจน พุทธวจน :
🙏🙏🙏
2026-08-09 10:59:05
1
Than Tha Yar Khayee Thwarr :
🌿🌷🌷🌷🌿🙏🙏🙏🌿🌷🌷🌷🌿
2026-06-14 10:22:43
1
301BK18 :
🙏🙏🙏
2026-06-19 13:59:22
1
kyaw🥰 :
😁😁😁
2026-06-02 04:34:11
1
To see more videos from user @khantthiha777, please go to the Tikwm
homepage.