@mamalay275199: ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီ တုန်းက အဲလိုမလုပ်ခဲ့ရင်..." ဆိုပြီး တစ်ချိန်လုံး ပြန်မ တွေးပါနဲ့။ တွေးလည်း အပိုပါပဲ၊ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲမသွားစေပါဘူး။ ရှေ့ဆက် မမှားဖို့ပဲ လိုတာပါ။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ် ပါ။ မှတ်ထားပါ... မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ၊ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။ ခွဲခွာခြင်းကို လက်ခံပါ လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့၊ အများကြီးလည်း ဝမ်း မနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက် ကိုတစ်ယောက် အလင်းရောင်ပေးနိုင်ဖို့ပါ။ အဲလို မှ မဟုတ်ရင်လည်း တစ်ယောက်တည်း ထမင်းစား၊ တစ်ယောက်တည်း လမ်းလျှောက်တာ အဆင်ပြေပါ တယ်။ ဘယ်ပစ္စည်းမှ တစ်သက်လုံး မတည်မြဲသလို လူတွေလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင် ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်းဆိုတာ လည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။ ကြိုတင်မစိုးရိမ်ပါနဲ့အတွေးလွန်ခြင်းကြောင့် လက်ရှိစိတ်အခြေအနေကို အဖျက်ဆီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာ တာပါပဲ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ၊ အဲဒီ တုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခု လည်း အားလုံး အဆင်ပြေသွားမှာပါ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်ပါ အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိဘူး၊ အကောင်းဆုံး စိတ်ထားပဲ ရှိတာပါ။ လူတိုင်းရဲ့ ဘဝပေး အခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေး နေသူရှိသလို၊ သင့်လောက် မပြေးနိုင်သူလည်း ရှိပါ တယ်။ ဒါကြောင့် ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန် နဲ့ လိုက်တိုင်းစရာမလိုဘူး။ အရေးကြီးတာက သင့် အလုပ်ကို သင်မရပ်ဘဲ ဆက်လုပ်သွားဖို့ပါပဲ။ ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို ဦးစားပေးပါ လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါ လို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေး တွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့် လာတတ်တာပါ။ ပျော်ရင် ရယ်ပါ၊ ပင်ပန်းရင် အိပ်ပါ၊ ဝမ်းနည်းရင် အားတင်းထားပါ။ စိတ်အဆင်မပြေတိုင်း၊ စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီ စာကို ခဏခဏ ပြန်ဖတ်ပါ။ ဘဝထဲမှာ မိမိစိတ်ကို နိုင် အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေ ထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။ #crd #motivation_

ရှာဟေးနား
ရှာဟေးနား
Open In TikTok:
Region: SG
Wednesday 03 June 2026 07:47:01 GMT
227509
12941
308
1051

Music

Download

Comments

hnineieiwai633
Hnin Ei Ei Wai😉😉 :
ပြန်တင်မယ်နော်😊
2026-06-05 13:51:17
2
shweyaminmyat48
👑DawPlay👑 :
ပြန်တင်ပါရစေ
2026-06-05 08:43:09
2
julia77154
🇲🇲Shwe Zin🇹🇭 :
တင်ခွင့်ပြုပါနော်
2026-06-05 12:31:51
1
daw.cho478
Mar lay :
ပြန်တင်ခွင့်ပြုပါရှင့်
2026-06-05 07:17:29
3
htdp16
Hnin Thidar Phyo :
အမှန်ဘဲရှင် copyလေးပေးပါရှင်
2026-06-04 14:11:00
6
ei99330
🍃®"🍂~°`H"~🍁®”🍃 :
ဒါပေါ့🥰🥰🥰
2026-06-05 08:10:12
2
caro.line2001
Lu Lu💦 :
ပြန်တင်ခွင့်ပြုပါ🥰
2026-06-05 10:47:35
1
december.hnin0594
December Hnin :
ပြန်လည်မျှဝေခွင့်ပြုပါ
2026-06-05 10:34:51
2
char.char.noble.noble
Noe Mee :
Copy ယူပါရစေ🥰
2026-06-05 04:12:49
2
ei.kyaw.nay.lin
🍀Ma pont🍀🌸 :
သိပ်မှန်ပါတယ်ရှင်🥰
2026-06-05 09:09:45
1
waiwai2366
Wai Wai :
copyလေးယူပါရစေ
2026-06-05 06:32:06
2
pan.lay445
သမီးလေးမေမေ :
အမှန်ပါပဲ
2026-06-05 04:17:24
2
eilay55230
Ya Min Lay May May :
copyပေးပါလား
2026-06-05 13:53:19
0
ahiahicaw
မွန်မြတ်(fashion&design)🧵🧶👚 :
ပြန်တင်ပါရစေ🥰
2026-06-05 03:38:18
2
nyo6041
💐💐💐 :
ပြန်တင်ပါရစေ
2026-06-05 08:23:19
1
phoe.htike07
Phoe Htike :
ဒါအမှန်ဘဲ🥰
2026-06-05 08:01:00
1
chanlay.07
🍒🎀Chan lay🎀🍒 :
ပြန်တင်ခွင့်ပြုပါရှင့်🙏🙏🙏
2026-06-05 06:42:59
1
myat.yatanar3
NANG.SHWE.SAW :
အရမ်းမှန်တယ်ရှင့်🥰🥰🥰
2026-06-05 06:40:00
1
chan.myae2070
Sandi☘️ :
ပြန်တင်ပရစေနော်
2026-06-05 05:32:56
2
mamaoo532
🐉T🐉 :
ယူသုံးမယ်နော်
2026-06-05 02:32:34
2
lunalay551
🦭 :
ယူသုံးအုန်းမရှင့်🥰
2026-06-05 13:42:38
2
user819793107117
ကိုကိုကလေး :
စိတ်ညစ်နေတာ အခုမှာ့ပဲဘယ်လိုလုပ်ရမလဲသိတော့တယ်ကျေးဇူးပါ🥰🥰🥰
2026-06-05 13:26:37
2
khaing8731
khaing :
အမှန်ပဲရှင်👍👍👍👍👍
2026-06-05 03:34:02
2
thandar.chit41
Thandar Chit :
မှန်ပါတယ်ခ
2026-06-05 05:39:14
2
To see more videos from user @mamalay275199, please go to the Tikwm homepage.

Other Videos


About