@userupyinnyar: ဟောဒီဘဒ္ဒကမ္ဘာမှာ ..... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံး အမျိုးသမီး ၊ ခွင့်လွှတ်နားလည်မှုအပေးနိုင်ဆုံးအမျိုးသမီး ၊ စွန့်လွှတ်အနစ်နာခံတတ်ဆုံးအမျိုးသမီး ၊ ပေးဆပ်နိုင်ဆုံးအမျိုးသမီးက ..... ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာတော် ရာဟုလာမင်းသားရဲ့ မယ်တော် ယသော်ဓရာဒေဝီပဲ ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင် တစ်ဆူလက်ထက်မှာကထဲက … ပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့ လည်း ... သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ … ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။ Platonic Love နောက်ဆုံးဘဝမှာ ... ကြင်ယာတော်သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့အခါ ... အထောက်တော်တွေကို လွှတ်ပြီးစုံစမ်းခိုင်းတယ် သိဒ္ဓတ္ထမင်းသားက ထမင်းကို တစ်နပ်ပဲ စားတော့တယ်ဆိုရင် သူလဲ တစ်နပ်ပဲ စားတယ် ။ သိဒ္ဓတ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သူလဲ သစ်သီးကိုပဲ စားတော့တယ်။ မြေမှာအိပ်တယ်လို့ သိရရင် … သူလည်း သလွန်ပေါ်က ဆင်းပြီး မြေမှာပဲ အိပ်တော့တယ် ။ ပါရမီဖြည့်ဖက် ပီသစွာ ... နေထိုင်ခဲ့တယ် ။ ပထမဆုံးအကြိမ် ဘုရားရှင်က ကပ္ပိလဝတ်ကို ကြွ တော်မူလာတော့ ... ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ ပွတ်ပြီး သည်းထန် စွာငိုကြွေးတယ် ။ ခွဲခွာခဲ့ရတာ (၈) နှစ်လောက်ကြာခဲ့ပြီကိုး... သားတော်ရာဟုလာကို ဒါ.....မင်းအဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။ တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့ စေတနာလို့ ထင်တယ် ။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေ ကိုနာကြားပြီး ရဟန္တာဖြစ်တော်မူတယ် ။ ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန်ပြုမယ့်ဆိုတာ သိပြီ ဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီး ဘုရားဆီကိုလာတယ် ။ " အရှင်ဘုရား ဒီနေ့ ... တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်ဘုရား " လို့ လျှောက်တယ် ။ ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပတ်လုံး ဘဝပေါင်း များစွာ ... များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို ... နောက်ဆုံးကြည့်ခြင်းနဲ့ … ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန် ကြည့်တယ် ပြီးတော့ ... နောက်ဆုံးစကား ... သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာ မဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) ကို ဆိုတယ် ... " အရှင်ဘုရား ... တပည့်တော်မဟာ ... အရှင်ဘုရားကို ဘဝ...အဆက်ဆက် သံသရာ...အဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲအတူရှိနေခဲ့ပါတယ်ဘုရား"။ ကြီးကျယ်မြင့်မြတ်တဲ့ ဘဝတွေကို အေးအတူပူအမျှ ခံစားစံစားခဲ့သလို ... နိမ့်ကျတဲ့ဘဝတွေမှာလဲ ဆင်းရဲဒုက္ခတွေကို အတူတကွ ခံစားခဲ့ပါတယ်ဘုရား။ ချမ်းသာခြင်းကို အတူခံစားခဲ့သလို … ဆင်းရဲဒုက္ခကြုံ ရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘုရား " လို့ လျှောက် တယ် ။ ပြီးတော့ ကောင်းကင်ကို ဈာန်နဲ့ပျံကြွပြီး ဆင်ရုပ်၊ မြင်းရုပ်၊ သိကြားမင်းရုပ်၊ နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို တန်ခိုးနဲ့ဖန်ဆင်းပြီး ပူဇော်တယ် ။ ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်လောင်တယ် ။ ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်း များနဲ့ သံသရာတစ်လျောက်လုံး ချစ်ခဲ့တဲ့သူ ... ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူ မငြိုမငြင် ပါရမီဖြည့်ခဲ့တဲ့ ... အချစ်တတ်ဆုံး ..... ရိုမန်တစ်အဆန်ဆုံး ..... ခွင့်လွှတ်နားလည်နိုင်ဆုံး ..... စွန့်လွှတ်အနစ်နာခံတတ်ဆုံး ..... အကောင်းဆုံး ပေးဆပ်နိုင်သူ ..... ပါရမီဖြည့်ဘက် အမျိုးသမီး ပုဂ္ဂိုလ်ကြီးပါ ။ ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကို ယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မ တွက်ပဲ ချစ်သွားခဲ့တဲ့ ..... အချစ်တတ်ဆုံး အမျိုးသမီးပါ ။ #fyp #အချစ်တတ်ဆုံးအမျိုးသမီး #ယသော်ဓရာ #ဆရာကြီးရွှေဥဒေါင်း (ဗုဒ္ဓစာပန်းချီ)#buddha
🌿U Pyin Nyar🌹
Region: MM
Wednesday 03 June 2026 11:51:04 GMT
Music
Download
Comments
Maung Maung Soe :
မတွေ့မမြင်၇တော့ကျနော့၇ဲ့အချစ်၇ဆုံးသူလဲအခုလိုပါ ဘဲ နောင်သံသ၇ာဘ၀အဆက်ဆက်ပြန်လည်ဆုံတွေ့ပါ၇စေဘု၇ားတပြည့်တော်ကဘဲပြန်လည်ပေးဆပ်ပါ၇စေလို့ဆုတောင်းပါတယ်
2026-06-05 11:36:21
0
WahZinSoe :
copyယူမယ်နော်
2026-06-05 05:35:07
0
Aster Aye🍃 :
အခုမသီရတယ်
2026-06-04 02:24:41
0
myo :
ကောင်းလိုက်တာ
2026-06-03 12:13:03
0
U Phonc :
ယသော်ဓရာ(ခ)ဘဒ္ဒကဉ္စနာဟာ ပါရမီဖြည့်ဖက်ပီသလွန်းပါတယ်
2026-06-04 11:18:14
0
Mg Nyount :
ဪ
ဒီတရားတွေကိုအစောကြီးကနေ့တိုင်းနာယူသင့်တယ်
သာဓုသာဓုသာဓုပါဘုရား
2026-06-03 14:20:52
0
Lay Lay Nawe :
သံဝေကတရားလေးတွေများများတင်ပေးပါကျေးဇူးတင်ပါတယ်
2026-06-03 14:42:52
0
user29599960348601 :
အမြင့်မြတ်ဆုံးသောတရားစကားတွေကိုလူအများနားလည်သဘောပေါက်ကြပါစေ။
2026-06-03 12:46:04
0
U Zaw :
တင်ပေးသည့်အတွက်ကျေးဇူးအထူးတင်ရှိပါသည်
2026-06-03 12:37:00
0
Tin Naing :
မိန်းမသား ထဲးမှာ ယသော်ဓရာ အမှန်ဆုံးပါ
2026-06-03 14:40:09
0
ဆရာလေး :
😳😳😳
2026-06-04 01:23:59
0
ကိုထက် :
🥰🥰🥰🥰🥰🥰🥰🥰
2026-06-03 23:16:24
0
@KoNanDaAung :
🥰🥰🥰
2026-06-04 08:52:06
0
Bo Win :
🥰🥰🥰🥰🥰🥰
2026-06-03 13:46:10
0
Maung Boon Without love :
🥰🥰🥰
2026-06-03 13:45:54
0
dawdaw dawdaw :
🥰🥰🥰
2026-06-03 12:10:35
0
ချမ်းသာသုခအေချမ်းသာယာပါစေ :
🥰🥰🥰
2026-06-03 12:07:00
0
U Chit :
🥰
2026-06-05 02:10:28
0
To see more videos from user @userupyinnyar, please go to the Tikwm
homepage.