@kaunghein380: #လက်ဗလာနဲ့ပဲ ပြန်မသွားပါနဲ့ ငယ်ငယ်က အရုပ်တစ်ခုရရင် ပျော်ခဲ့တယ် မုန့်တစ်ထုပ်ရရင် ကျေနပ်ခဲ့တယ်။ ရိုးရိုးလေးနဲ့ စိတ်ချမ်းသာနိုင်ခဲ့တဲ့ ဘဝပေါ့။ အပူပင်ဆိုတာလည်း မသိတဲ့အရွယ်ဆိုတော့ ဘဝက ငြိမ်းချမ်းတယ်လေ။ လူငယ်ဘဝ ရောက်လာတော့ အိပ်မက်တွေ များလာတယ်။ လိုချင်တာတွေ များလာတယ်။ ပိုက်ဆံ၊ အချစ်၊ အောင်မြင်မှု အရာအားလုံးကို ရဖို့ နေ့ညမနား ရုန်းကန်ခဲ့ကြတယ်။ လိုချင်တာတွေ လိုအပ်ချက်တွေများလေ ပိုပြီး ပူပင်ရလေပါပဲ။ အသက်ကြီးလာတော့ ခန္ဓာကိုယ်က လိုက်မနိုင်တော့ဘူး။ ပင်ပန်းလာတယ်။ အင်အားတွေ ကုန်ခမ်းလာတယ်။ စိတ်ကလည်း တဖြည်းဖြည်း မောလာတယ်။ အရင်က အရေးကြီးတယ် ထင်ခဲ့တဲ့ အရာတွေက တဖြည်းဖြည်းနဲ့ သိပ်အရေးမပါတော့မှန်း သိခဲ့ရတယ်။ နောက်ဆုံးတော့ ငယ်ဘဝ၊ လူငယ်ဘဝ၊ အိုမင်းခြင်း အားလုံးက ခဏတာ ဖြတ်သန်းရတဲ့ သင်္ခါရတရားတွေပဲ ဖြစ်နေတယ်။ လူ့ဘဝဆိုတာ မနက်မိုးလင်းတာနဲ့ အသက်ရှင်ဖို့ ရုန်းကန် ညမိုးချုပ်လာတော့ ပင်ပန်းမှုတွေနဲ့ အိပ်စက် ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ေ,သခြင်းဖက်ကို နီးကပ်သွားနေကြတာ။ တချို့က ပိုက်ဆံနောက် လိုက်ရင်း ဘဝကို မေ့သွားကြတယ်။ တချို့က မာန်မာနတွေကြားမှာ အချိန်တွေ ကုန်ဆုံးသွားကြတယ်။ ဘဝရဲ့ အနှစ်သာရကို သိချိန်ကျတော့ အိုမင်းခဲ့ပြီ။ ေ,သခြင်းဆိုတာကတော့ ဆင်းရဲသူကိုလည်း မချန်ထားဘူး။ ချမ်းသာသူကိုလည်း မျက်နှာ မလိုက်ဘူး။ အားလုံး မလွဲမသွေ ရင်ဆိုင်ကြရမှာပဲလေ။ ဒါကြောင့် အချိန်ရှိတုန်း မေတ္တာထား နိုင်ကြပါစေ မကောင်းမှုတွေ လျော့နိုင်ကြပါစေ။ တရားသတိလေးနဲ့ နေထိုင်နိုင်ကြပါစေ ဘာတွေပဲ ပိုင်ဆိုင်ထားထား နောက်ဆုံးတော့ လက်ဗလာနဲ့ပဲ ပြန်သွားရမှာပါ။ ဒါကြောင့် ဘာမှ မပါပဲ ပြန်သွားရတာမျိုး မဖြစ်အောင် ကုသိုလ်ကောင်းမှုတွေကို တတ်နိုင်သလောက် လုပ်ပေးပါ။ သူတပါးအပေါ် မကောင်းတဲ့စိတ် မထားပါနဲ့။ သံသရာအတွက် ကုသိုလ် ရိက္ခာထုပ်တွေ သယ်သွားနိုင်ဖို့ ကြိုးစားပါ.....။ #motivation #fypシ゚viral🖤tiktok

kyaw
kyaw
Open In TikTok:
Region: KR
Wednesday 03 June 2026 12:51:27 GMT
7399
1228
10
72

Music

Download

Comments

u.htoo.lay45
Aung Kyaw Htoo :
Very. good 🥰
2026-06-15 13:06:17
1
myint.myint.khing743
♍💯S T A ရဲ့အပိုင်လေး💯👻 :
တကယ်ပညာရပါတယ်
2026-07-27 07:41:47
0
ngmozhai2
Ng Mo Zhai 😍 :
ကောင်းလိုက်တဲ့စာသား🥰🥰
2026-07-25 13:25:33
0
kyaw.lin.tun9013
Shwe Mime :
🥰🥰🥰🥰
2026-06-27 13:02:37
0
yuzanahlaing046
Yuzana Hlaing :
🥰🥰🥰🥰❤️
2026-06-29 15:58:49
0
100.vs.1.hanzo
🕴 :
🥰🥰🥰
2026-06-03 14:52:54
0
htoolay66011
Htoo lay :
🥰🥰🥰
2026-06-03 13:14:00
0
user380081978771
ကိုရှိုင်းဖေဖေ :
🥰🥰🥰🥰🥰🥰
2026-06-03 13:08:04
0
chaw6970
khuntunyin :
🥰🥰🥰
2026-06-04 15:20:41
0
To see more videos from user @kaunghein380, please go to the Tikwm homepage.

Other Videos


About