@deenar154: မိန်းကလေးတစ်ယောက်အပေါ် တကယ် မေတ္တာစစ်တဲ့ အမျိုးသားတွေက 🪬သူ့ငွေကြေး အခက်အခဲတွေကို ကိုယ့်အပေါ် တာဝန် မပိစေဘူး။ ကိုယ်မျက်နှာငယ်ရမယ့် အချေးအငှါးတွေ မလုပ်ခိုင်းဘူး။ ( တခါတလေ အပြန်အလှန် Support ပေးတာကလွဲလို့) 🪬သူ့အပေါင်းအသင်းတွေရှေ့ဆို ကိုယ့်ရဲ့ကောင်းခြင်းကိုပဲ ဂုဏ်ဖော်ပြောပေးပါတယ်။ 🪬တခြားသူတွေနဲ့ ယှဉ်လာရင် ကိုယ့်ခံစားချက်က်ိုပဲ ဦးစားပေးတယ်။ 🪬ကိုယ့်ရဲ့ Dark side အကျင့်မှားတွေကို ပြုပြင်ပေးတယ်။ 🪬ကိုယ့်ပြဿနာတွေက်ို နားထောင်ပေး အကြံပေးတယ်။ တတ်နိုင်သလောက် ဖြေရှင်းကူတယ်။ 🪬ဘယ်တော့မှ ကိုယ့်သံသယကို လျစ်လျူမရှုဘူး။ ညတွေကို ငိုရင်းနဲ့ မဖြတ်သန်းစေဘူး။ သံသယမရှိအောင် ဖြေရှင်းပေးတယ်။ 🪬ကိုယ့်ဂုဏ်သိက္ခာကို လေးစားတယ်။ 🪬တရားလွန်ပျော်ပါးမူးယစ်ခြင်းတွေကိုလည်း တားလိမ့်မယ်။ လက်မခံဘူး။ 🪬 တဖက်မိန်းကလေးတွေနဲ့ သံသယဖြစ်နေရင် ဆင်ခြင်ပေးတယ်။ 🪬ကောင်းတဲ့အရာတွေ ကောင်းသောသင်ကြားမှုတွေကို လမ်းညွှန် အားပေးတယ်။ 🪬မိမိနဲ့ အနာဂတ် ပလန်ရှိတယ်။ 🪬တတ်နိုင်တာလေးတွေနဲ့ support ပေးတယ်။ အဲ့လို ယောကျာ်းတွေဟာ သူ့ မိသားစုကိုလည်း ဆက်ဆံမှုသိမ်မွေ့လေ့ရှိတယ်။ ရှေ့ထွက်တာဝန်ယူတတ်တဲ့စိတ်ရှိပြီး ဘာအလုပ်မဆို မပျင်းမရိ လုပ်ကိုင်တတ်တဲ့ စိတ်ကလည်း အရေးကြီးတယ်။ ဒီအချက်လေးတွေမှတ်ပြီး ယောကျာ်းတစ်ယောက် ကိုယ့် အပေါ် မေတ္တာစစ် မစစ်နဲ့ ရှေ့ဆက်လို့ ရမရ လေ့လာနိုင်ပါတယ်။ #foryoupage❤️❤️ #fouryou #fy #crd_to_owner_with_respect #foryoupage❤️❤️
𝘿𝙀𝙀-𝙉𝘼𝙍🌻☘️
Region: MM
Wednesday 03 June 2026 16:21:29 GMT
Music
Download
Comments
...... :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-04 07:01:49
1
ဘဝသစ်😊 :
🥰
2026-06-05 00:27:13
1
minminnthun :
💯💯💯
2026-06-03 23:04:45
1
Kyaw Oo :
👍👍👍👍👍
2026-06-07 11:02:45
1
မောင်စိန် :
❤️❤️❤️
2026-06-04 01:24:32
1
To see more videos from user @deenar154, please go to the Tikwm
homepage.