@suumon307385: " ရပိုင်ခွင့်ရှိသလောက်လေးနဲ့ပဲ ကျေနပ်ပြီး ပျော်အောင်နေလိုက်တယ် " 🍂........................🍂...........................🍂 လိုအပ်ချက်တွေများလာလေ အဟန့်အတားတွေများလာလေ ဆိုတာက ကြုံရတတ်တဲ့သဘာဝပါပဲ ရယူခြင်းနဲ့ ဆုံးရှုံးခြင်း အဆင်ပြေတစ်လှည့် အဆင်မပြေတစ်လှည့်ဆိုတာလည်း လူ့ဘဝရဲ့ ပုံမှန်အနေအထားပါပဲ ငယ်ငယ်တုန်းကတော့ ငါ ဒါလေးရရင် ပျော်မယ်ထင်ခဲ့ပေမယ့် တကယ်ရလာတဲ့အချိန်ကျ ထင်သလောက်လည်း မပျော်နိုင်ခဲ့ရတာတွေရှိပါတယ် အရင်က အရမ်းလိုချင်နေတဲ့အရာတွေ အရင်က မရှိမဖြစ်ဆိုတဲ့ လူတွေလည်း အခု အနားမှာ တကယ်မရှိကြတော့သလို မရှိတော့ဘူးဆိုပြီးတော့လည်း ဘဝက အများကြီးတော့ ထိခိုက်မသွားခဲ့ပါဘူး နေပျော်တဲ့ဘဝဆိုတာ ပြည့်စုံနေမှ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူနေရမှ အခက်အခဲတွေ မရှိမှ အကောင်းစားတွေကို ရနေမှလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျ နေပျော်တဲ့ဘဝဆိုတာ ရင့်ကျက်နားလည်တဲ့စိတ်ထားလေးနဲ့ ကိုယ်ရထားတဲ့ လက်ရှိဘဝလေးမှာ ပျော်အောင်နေတတ်ခြင်းဖြစ်တယ်ဆိုတာ တစ်ဖြည်းဖြည်း သဘောပေါက်လာတယ် ဆုံးရှုံးမှုတစ်ခုကြုံလာတဲ့အခါ ငိုချတတ်တဲ့ကလေးအရွယ်ကနေ ဆုံးရှုံးမှုတစ်ခုကြုံလာတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ လက်လွှတ်တတ်တဲ့အရွယ်ကိုရောက်နေပြီလေ အလှမ်းဝေးတဲ့အရာတွေဆို အရမ်းကြီး တောင်းတ မနေချင်တော့ဘူး ဘဝမှာ ဘာလေးပဲရရပေါ့ ရလာတဲ့အခါ ဒါ ငါ့ရပိုင်ခွင့်လေးပဲဆိုပြီး ကျေနပ်လိုက်တယ် လိုချင်နေပေမယ့် မရနိုင်မှန်းသိတဲ့အရာတွေကျတော့လည်း သြော် ဒါ ငါ့ရပိုင်ခွင့်မဟုတ်ဘူးလေလို့တွေးပြီး အသာတကြည်ပဲ လက်ခံလိုက်တယ် ရေခဲမုန့်အကောင်းစားကြီးတစ်ခွက်စားရမှ ပျော်ဖို့ကောင်းတာမဟုတ်ပါဘူးနော် ကော်ဖီပူပူလေးတစ်ခွက်သောက်ရရင်လည်း ပျော်လိုက်လို့ရပါတယ် တောင်တန်းတွေဆီ ခရီးထွက်ရမှ အေးချမ်းမယ်လို့မထင်ပါနဲ့ ကိုယ့်စိတ်လေးကို ရှင်းအောင်ထားနိုင်ရင်လည်း အမြဲအေးချမ်းနိုင်ပါတယ်နော် တကယ်တော့ သာမာန်ရိုးရှင်းတဲ့လူတစ်ယောက်ဖြစ်ရတာ အရမ်းကောင်းပါတယ် တစ်နေ့မယ် နှစ်ဆယ့်လေးနာရီ နွေ မိုး ဆောင်း ဥတုသုံးပါးမှာ တစ်နေ့ကို ထမင်းနှစ်နပ် "သို့မဟုတ်" သုံးနပ် ပုံမှန်အလုပ်လေးရှိနေမယ် ပုံမှန်ဝင်ငွေလေးရှိနေမယ် ကိုယ်ဟာ စကားနဲ့လဲ မရှုပ်ဘူး လူတွေနဲ့လည်း မရှုပ်ဘူး တွယ်တာမှု့တွေလည်း ခပ်များများ မထားဘူး ကျန်းမာရေးကို ဦးစားပေးနေထိုင်မယ် ကိုယ့်စိတ်လေးကို ပျော်အောင်ထားတတ်ရမယ် အနားမှာလည်း လူတွေအများကြီးရှိနေဖို့ မတောင်းတဘူး ကိုယ့်ကိုယ် တကယ်ချစ်တဲ့သူအနည်းစုရယ် ကိုယ်ကလည်း တကယ်ချစ်တဲ့သူ အနည်းစုရယ် မလိုအပ်ပဲ စကားတွေ မများဘူး ပူလောင်စရာတွေဆို ကြာကြာလက်မခံဘူး သူများဘဝတွေကိုလည်း အားမကျဘူး ကိုယ့်ဘဝလေးကိုပဲ ကိုယ် အကောင်းဆုံးတည်ဆောက်မယ် ဒီ လောက် ပါ ပဲ မရနိုင်တာတွေအတွက်နဲ့လည်း စိတ်မောခံမနေတော့ဘူး ကိုယ့်ရပိုင်ခွင့် ရှိသလောက်လေးနဲ့ပဲ ကျေနပ်ပြီး ပျော်အောင်နေလိုက်တော့တယ်။ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ #Suu #Lifelessonforwomen

Suu's Voice Library
Suu's Voice Library
Open In TikTok:
Region: MM
Wednesday 03 June 2026 16:47:34 GMT
16072
1436
50
111

Music

Download

Comments

sandar.win0154
Sandar win :
ဟုတ်တယ်
2026-06-04 00:20:51
1
zin.mar7978
🇲🇲🇲🇴 Zin Mar :
မင်္ဂလာပါ ရှင် 🙏🥰🥰🥰🥰🥰🥰
2026-06-04 07:01:16
1
thin.thin4031
Thin Thin :
မှန်တယ်ဗျာ
2026-06-04 14:46:39
1
chit.seaser
chit seaser :
🥰🥰🥰🌹🌹🌹😊😊😊 အရမ်းကြိုက်တဲ့ခွန်အားဖြစ်စာသားလေးပါပဲ ကျေး ဇူးပါရှင်🌹🌹🌹
2026-06-11 14:25:04
0
user4618686009908
ဘွားဘွား မေမေ :
2026-06-06 13:12:42
0
user7539580497793
user7539580497793 :
🥰🥰🥰❤️❤️❤️🥰🥰🥰
2026-06-05 01:05:27
1
user3706707764688
ᏖᏂᏬ ᏖᏂᏬ🇲🇲✈️🇯🇵 :
အရန်မှန်ပါတယ်🥰🥰🥰
2026-06-08 16:29:36
0
yukiover10
May That :
ဟုတ်ပါတယ်မှန်ပါတယ်ရှင်❤️
2026-06-04 06:05:31
0
khaing8731
khaing :
ဟုက်တယ်☺️
2026-06-04 07:28:14
1
t.t.a469
🦋T.T.A❤️💜💙 :
❤️❤️❤️
2026-06-04 00:26:13
1
thithi.khaing92
Innocent person :
👍🤎🤎💞💙💙👍
2026-06-03 18:58:33
1
nyunt459
💚💚Nyunt Nyunt 🇲🇲🇲🇲 :
👍👍👍👍👍👍👍👍👍
2026-06-03 17:33:00
1
khin.13143
🌸Khin🌸 :
🥰🥰🥰🙏🙏
2026-06-15 08:49:22
0
aungye3080
NAING :
🥰🥰🥰
2026-06-07 23:57:00
1
thwethwe9501
thwethwe9501 :
💕💕🥰🥰🥰
2026-06-06 14:49:38
1
nunu809060
🪷😚🌸မွန်မလေး🌷🥰😜😝😝 :
🥰🥰🥰
2026-06-13 14:50:27
0
thaethae41111
Thae Thae :
❤️❤️❤️
2026-06-05 04:51:33
1
swe.zin.win747
Swe.Zin.Win :
👍👍👍
2026-06-09 15:44:35
1
swe.zin.win747
Swe.Zin.Win :
💙💙💙
2026-06-09 15:44:33
0
daw.lwin.lwin.oo79
Aunty Aye :
❤️❤️❤️❤️❤️
2026-06-05 01:35:00
1
swe.zin.win747
Swe.Zin.Win :
👍👍👍
2026-06-09 15:44:32
1
koko839588
Koko :
🥰🥰🥰
2026-06-04 07:45:00
1
sueipyoe
Su Ei Phyo :
🥰🥰🥰
2026-06-04 13:38:32
1
glass6090
Glass609 :
👍👍👍
2026-06-10 02:26:31
1
To see more videos from user @suumon307385, please go to the Tikwm homepage.

Other Videos


About