@joyyy200027: တစ်ခါတလေ လူတစ်ယောက်ကို သဘောကျမိသွားတာက အကြောင်းပြချက် အများကြီးမလိုဘူး...။ စကားအများကြီး ပြောဖူးမှ မဟုတ်ဘူး... နေ့တိုင်း တွေ့နေရမှလည်း မဟုတ်ဘူး... ရိုးရိုးလေး Message လေးတစ်စောင်... ယဉ်ကျေးတဲ့ Reply လေးတစ်ခု... အပြုံးလေးတစ်ပွင့်... အကြည့်လေးတချက်.... အဲ့ဒီလောက်နဲ့တောင် လူတစ်ယောက်က ကိုယ့်စိတ်ထဲ တဖြည်းဖြည်း နေရာယူသွားနိုင်တယ်။ တကယ်တော့... မင်းကို ကျွန်တော် သိပ်မသိသေးပါဘူး။ မင်းကြိုက်တာ ဘာလဲ... မင်းမကြိုက်တာ ဘာလဲ... မင်းပျော်တဲ့အချိန် ဘယ်လိုနေတတ်လဲ... ဝမ်းနည်းတဲ့အချိန် ဘယ်လိုဖြတ်သန်းတတ်လဲ... ဘာမှ မသိသေးဘူး။ ဒါပေမယ့်... မြင်လိုက်ရင် ပြုံးမိတယ်။ မင်း Online ဖြစ်နေတာ မြင်လိုက်ရင် စာလေးပို့မိတယ်။ မင်း Reply ပြန်လာတဲ့ Message လေးတွေကိုတောင် အခါခါ ပြန်ဖတ်မိတယ်။တခါတလေ မင်းအနားရှိရတဲ့အချိန် မျိုး.... မင်းနဲ့စကားတွေ မျက်နှာခြင်းဆိုင်ပြောမိတဲ့အခါမျိုးပေါ့....ကျွန်တော့မှာအလိုကြည်နူးနေရတာမျိုး... ရယ်စရာတော့ ကောင်းမှာပေါ့... မင်းကတော့ သာမန် စကားပြောမိတာလို့ ထင်နေနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲ့ဒီ စကားလေးတွေက တန်ဖိုးရှိနေတယ်။ ကျွန်တော် မင်းကို ချစ်တယ်လို့ မပြောရဲသေးဘူး... ကြိုက်တယ်လို့လည်း မပြောရဲသေးဘူး... ဘာလို့လဲဆိုတော့ မင်းဘဝထဲမှာ တခြားတစ်ယောက် ရှိနေပြီလား မသိဘူး... ကျွန်တော့်အတွက် နေရာလေးတစ်နေရာ ရှိမရှိလည်း မသိဘူး... ဒါပေမယ့် သေချာတာတစ်ခုက... လူတစ်ယောက်ကို တိတ်တိတ်လေး သဘောကျနေမိတဲ့ ခံစားချက်က တကယ်လှတယ်။ ပိုင်ဆိုင်ဖို့ မဟုတ်သေးရင်တောင်... မျှော်လင့်ခွင့်လေးတော့ ရှိချင်သေးတယ်။ တစ်နေ့နေ့မှာ... သတ္တိတွေလုံလောက်လာရင်... ဒီစာကို ရည်ရွယ်ပြီး ရေးထားတဲ့သူက ဘယ်သူလဲဆိုတာ မင်းကို ပြောပြချင်ပါတယ်...။💭 SilentCrush 🫶💚 #Joy #poetry #ခံစားချက် #fypage
JOY
Region: TH
Wednesday 03 June 2026 17:19:49 GMT
Music
Download
Comments
Nubdao♡_ :
လူတစ်ယောက်ကို8နှစ်လုံးသဘောကျခဲ့တာခုထိဘဲအဲ့တာသဘောကျရုံဘဲလာဟင်ဘာမှမဆိုင်ခဲ့ဘူးနဲ့လဲ့မေ့မရခဲ့ဘူး🥺။မေ့ချင်ပေမဲ့မေ့မရခဲ့တဲ့ခံစားချက်။အဝေကနေဘဲငေးကြည့်ခွင့်ရှိတာ
2026-06-27 15:13:49
71
JL < MO🌼🥟♐ :
တိတ်တိတ်လေးကိုယ့်ဘက်က သဘောကျလိုက် သဝန်တိုလိုက်နဲ့သူကတော့အေးဆေးဘဲဘာမှကိုမသိဘူး💔
2026-06-29 13:22:41
63
Charlotte + peace 🍃 :
ဒါမဲ့ မပိုင်ဆိုင်ရရင် နာကျင်ရတယ်ဟာ
2026-06-24 15:40:56
34
🌷@n.sol☀️♏ :
ဒီစာလေးကို ဖတ်လိုက်တော့ စာက ငါကိုပြောနေသလိုပဲ သူကကျွန်တော်ကိုမသိဘူး ကျွန်တော်ကပဲသိတဲ့ခံစားချက်လေး သူ online ပေါ်မှာဆိုတာလေးမြင်ရင် စာတွေ အမြဲပို့မိတယ် သူဆီက reply ပြန်လာရင်လည်း အရမ်းပျော်နေမိတဲ့အချိန်လေး သူအတွက်တော့ ငါပို့တဲ့စာတွေက ရိုး"လေးပဲလို့ ထင်ရပေမဲ့ သူအတွက်အမြဲရည်ရွယ်ပြီးပို့ထားတာတွေ သူအကြိုက်ကိုလည်းမသိဘူး ဒါပေမဲ့ သူပြန်ပို့တဲ့စာတိုင်းက ငါအတွက်တော့ နေ့တိုင်းရယ်မောအောင် လုပ်ပေးတဲ့အားဖြည့်စာလေးတွေပါ အခုလည်း အဲ့တိုင်းလေးပဲမို့ အရမ်းကြည်နူးရပါတယ်💞🫶
2026-06-29 12:38:00
15
Account Deleted :
သဘောကျတာထက်ပိုရပါသော
2026-06-30 02:21:10
9
Tone Lay :
တိတ်လေးပဲကောင်းပါတယ်🥹
2026-06-30 07:02:40
5
Account not found :
ချစ်တယ်ဆိုတာမဟုတ်တဲ့ မြတ်နိုးတဲ့မေတ္တာ
သူအဆင်ပြေချိန် ရှိနေဖို့မသေခြာပေမဲ့
သူ့အဆင်မပြေချိန်ကိုယ်ကအနီးဆုံးရှိနေချင်တယ်။
ပျော်စေချင်တဲ့စိတ်ချမ်းသာစေချင်တယ်ကျန်းမာစေချင်တယ်။
ပိုင်ရှင်ရှိတာသိတယ်။ကိုယ်ဟန်သူလိုချင်တတ်မှတ်စိတ်နဲ့မဟုတ်ဘူး ။ ဒီတိုင်းလေးတွေရိုးရိုးလေးနဲ့သူ့ကိုမေတ္တာရှိတာ
သူ့မှာပိုင်ရှင်ရှိနဲ့ကိုယ်ကဝမ်းမနည်းဘူး။ သူချစ်တဲ့သူနဲ့အဆင်ပြေရင်သူပြောရရင်ကိုယ်ဟာကျေနပ်တယ်။
မေတ္တာတွေက ရိုးသားတယ်💞
2026-06-26 05:04:45
10
🌱 Ⓛⓤⓒⓐⓢ 🌱 :
တိတ်တိတ်လေး သဘောကျခဲ့တာ ၁၀ နှစ် ရှိခဲ့ဖူးပါတယ်ခင်ဗျာ ... ဒါပေမယ့်
သူ မသိခဲ့ဘူး ။
I had secretly liked her for 10 years, but he didn't know it.
2026-06-29 05:29:45
5
Myo Myo :
ယူသုံးလို့ရလားဗျ😊
2026-07-01 04:04:18
1
Nway Hnin Aye♈ :
စာသားလေးယူသုံးချင်တယ်🥰
2026-07-10 12:50:43
1
✿︎🎀♡︎✿︎✨✿︎♡︎🇾✨ y̆̈✨🎀✨♡︎✨✿︎ :
မလှဘူး" ခံစားရလွန်းလို့သော်ကေမတက်ခံစားရတာနင်တို့မသိတာလားဟာ❤️🩹😔
2026-06-27 03:24:05
2
Ĵùé Ĵùé Naìng :
သဘောကျမိတာကိုယ့် သူငယ်ချင်းဖစ်နေတယ်😌
2026-07-05 04:26:52
2
Wendy Cross♉ :
အဝေးကပဲချစ်ရတာကျေနပ်ပါတယ်
2026-07-01 12:08:13
1
M💞💗 :
တိတ်တိတ်လေးပါဘဲ😌
2026-07-01 01:06:12
1
MeenPing fan girl🐥🌙🏳️🌈 :
တိတ်တိတ်လေး သဘောကျနေတာ ပဲကောင်းပါတေ😊
2026-06-30 14:59:58
1
Thu 🍁♑ :
မshareရဲဘူးမေးခွန်းတေမဖြေချင်လို့🥰
2026-06-29 02:29:15
1
wai lin :
ကိုယ်က သဘောကျနေမိတယ် သူရဲ့အပြုအမူအာလုံးကို စတောင်မစရသေးဘူး ဆုံးရှုံးရတော့မယ်🥺🥺🥺
2026-06-29 09:09:00
1
ร้านดอกไม้ซี :
ဒါမဲ့ မပိုင်ဆိုင်ရရင် နာကျင်ရတယ်ဟာ
2026-06-29 13:52:53
1
Po Po chit♈ :
အမှန်ပါပဲရှင့် ဆိုင်ကိုအမြဲဈေးလာဝယ်တာန့
မြင်နေရရင်ကိုကျေနပ်နေသူပါ
2026-07-01 01:22:48
2
Yann :
တိတ်တိတ်လေး သဘောကျနေရတာလည်း
လှတာတော့ အမှန်ပဲ... ဒါပေမဲ့ တကယ်တမ်း
ရှေ့ဆက်ခွင့်ရရင် ပိုလှသွားမှာ 🪐🤍💫
2026-06-30 17:07:44
2
Aye Mya Mya Moe 😍😍😍😍😍😍 :
ဒါပေါ့🥺
2026-06-30 14:21:14
1
Htet :
ကိုယ်ကသာဖြစ်နေရတာပါဗျာသူကတော့သူမမှသူမတဲ့🥺🥺😭
2026-06-30 12:12:55
2
To see more videos from user @joyyy200027, please go to the Tikwm
homepage.