@hermaryverse: ဒီတစ်လော စိတ်ထဲပြန်တွေးဖြစ်နေတာလေးတစ်ခုက... အရင်ကဆို တစ်ခြားသူတွေနဲ့လိုက်ယှဉ်ပြီး ငါနောက်ကျကျန်နေခဲ့ပြီဆိုတဲ့ ခံစားချက်ကြီးနဲ့ ကိုယ့်ဘဝကို အားမလိုအားမရ မကျေမနပ်တွေဖြစ်ခဲ့ဖူးတယ်။ တခြားသူတွေအားလုံးကတော့ ဘဝကို ဘာပြီးဘာလုပ်မယ်သိပြီး လျှောက်လှမ်းနေကြတာ၊ ငါတစ်ယောက်တည်းပဲ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတာလို့ ထင်ခဲ့မိတယ်။ အခု အသက်လေးနည်းနည်းရလာပြီး လူအမျိုးမျိုးနဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့တော့မှ... အဲ့ဒီအတွေးကြီးက လုံးဝမှားနေမှန်း သိလာရတော့တယ်။ ကိုယ့်စိတ်ထဲ အားကျအတုယူခဲ့ရတဲ့သူတွေတောင် သူတို့ကိုယ်သူတို့ သံသယဝင်ပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိခဲ့တာပဲ။ ကိုယ့်ရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ ရှိနေခဲ့တဲ့သူတွေလည်း တကယ်တော့ ရင်ဆိုင်ရင်းနဲ့ပဲ လေ့လာသင်ယူနေကြတာပဲ။ ဘဝကြီးက ပြီးပြည့်စုံနေပါပြီဆိုတဲ့သူတွေမှာလည်း ကိုယ်မမြင်နိုင်တဲ့ ခက်ခဲရုန်းကန်မှုတွေ အများကြီး ရှိနေခဲ့ကြတာပဲ။ ဘဝဆိုတာ အသက် ၂၀ ကျော်တုန်းက တွေးခဲ့သလိုမျိုး မျဉ်းဖြောင့်အတိုင်း တန်းတန်းမတ်မတ် သွားနေတာမျိုးမှ မဟုတ်တာ။ ပြောရရင်တော့... ဒါကို နားလည်သဘောပေါက်သွားတဲ့အချိန် ဘယ်သူ့ကိုမှလိုက်အားကျပြီး စိတ်အားငယ်တာတွေမဖြစ်တော့ပဲ မနေ့ကထက် ပိုတော်၊ပိုကောင်းတဲ့ကိုယ် ဖြစ်ဖို့ကိုပဲ အာရုံစိုက်မိလာတယ်။ #selflove #selfgrowth #findingjoy #ReflectiveThoughts #growingup
hermaryverse
Region: TH
Thursday 04 June 2026 05:07:14 GMT
Music
Download
Comments
အီမင်ဟျောင်းပါးပေါ်ကမှဲ့ကလေး :
ကျေးဇူးတင်ပါတယ် အခုတလောအယ့်လိုခံစားနေရတာ ခံစားချက်ကတော့အဆိုးဝါးဆုံးပဲ ဒါလေးမြင်တော့မကောင်းတာထက်ကောင်းတာပဲတွေးပီးရှင်သန်ပါတော့မယ်
2026-06-04 14:39:06
12
Aung Min :
သူငယ်ချင်းနေတိုးကျေးဇူးပါဗျာ
2026-06-05 16:10:13
0
blhablha31 :
ကျေးဇူးပါနော် ♥️
2026-06-04 13:23:49
2
tony19876 :
ဘယ်နေရာလည်းကွယ်
2026-06-05 04:28:06
0
🌻 :
ကိုယ်ကတော့အမြဲသူများထက် 10နှစ်နောက်ကျတယ်လို့ပဲအတွေးရှိခဲ့တာ အခုလိုအတွေးကိုလည်း အသက်30နားကပ်မှဝင်ခဲ့တာမို့🥺
2026-06-04 13:24:14
1
Joseph :
i love that vibe so much
2026-06-05 11:59:34
1
shark :
ရင့်ကျက်လို့ ဖြစ်လာတဲ့အရာတွေများလားဗျာ🥺😔
2026-06-05 14:07:03
1
Phyo Lwin :
Arigato 🥰
2026-06-05 02:46:36
1
A Gu Tang🐰🖤🖤 :
2026-06-06 01:56:47
0
Knight :
ကျေးဇူးပါ🖤
2026-06-04 23:16:06
1
KyawMyintKyaw ♏ :
တူတူပါပဲ အဲ့စိတ်ကြီးဖြစ်နေတာ ၂၀၂၀ တည်းကပဲ ။ ခုတော့ အမြင်တွေပြောင်းလဲသွားပါပြီ 🥰
2026-06-06 01:17:58
1
ကြက်ခြေထောက်မာလာ :
ခု19မှာ တကယ်အဲ့လိုတွေးမိနေတာ
တကယ်ကျေးဇူးပါရှင်
2026-06-04 17:03:22
1
ဝမ်လင်ကိုး⚡️ :
တကယ်တော့ ဘာမှလဲမဟုတ်ခဲ့ပါဘူး
2026-06-04 21:22:50
1
♡K♡ :
ဟုတ်တယ် မမရာ
ကျေးဇူးပါရှင် 😞💕
2026-06-04 16:13:54
1
Shwe La Young :
🥰
2026-06-05 12:13:03
0
Lauren :
Location lyy pyw pya pyy loh ya m lrr shin🫶🏻✨
2026-06-05 08:09:34
0
AITO :
🥰🥰🥰
2026-06-05 05:51:01
1
thidaraye8347 :
🥰🥰🥰
2026-06-04 09:09:58
1
Clover✨🍀 :
✨🍀🥰
2026-06-05 19:21:12
0
That Paing :
🥰🥰🥰
2026-06-07 03:13:53
0
To see more videos from user @hermaryverse, please go to the Tikwm
homepage.