@kong.baung.dynasty: အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စတင်ခဲ့သော တတိယ မြန်မာနိုင်ငံတော်ကြီး မြန်မာ့သမိုင်းမှာ အတောက်ပဆုံး နှင့် ဂုဏ်အယူရဆုံး မဟာအင်ပါယာကြီး ကြီးကျယ်မြင့်မြတ် ခမ်းနားပြီး ဘုန်းတန်ခိုး ထည်ဝါခန့်ညားခဲ့တဲ့ ကုန်းဘောင်ခေတ် မြန်မာသူရဲကောင်းဘုရင်များ ဒီလိုကြီးကျယ်ခမ်းနာလှတဲ့သမိုင်းကြောင်းကို မမေ့မလျော့ပဲ အမြဲသိရှိ ဂုဏ်ယူနေကြရမယ့် Kong Baung Dynasty #ကုန်းဘောင်မင်းဆက် #myanmarmovieproject #မြန်မာ့သမိုင်း #KonbaungDynasty #fyp

Kong Baung Dynasty (Official)
Kong Baung Dynasty (Official)
Open In TikTok:
Region: MM
Thursday 04 June 2026 09:07:56 GMT
184311
18518
59
375

Music

Download

Comments

risha_rio7
TenTa A :
Series ဘာလို့မရိုက်ကြတာလဲ movie နဲ့ဆို rush ဖြစ်လွန်းမလားလို့
2026-06-04 10:47:35
135
myatphonekhant904
R!cky :
သိချင်တာက Series လား Chapter နဲ့လား
2026-06-04 10:22:17
26
u.satt17887
U satt Libra ♎︎ :
ဒါက official account မဟုဘူးထင်တယ်.. official account လဲ မရှိလောက်သေးဘူး
2026-06-04 16:27:45
8
.elio448
🛰️ Elio 🛰️ :
အများကြီးမျှော်လင့်ထား🥺🥺
2026-06-05 12:40:44
0
waddy5081
Arthar Waddy :
ဘယ်တော့ကြည့်ရမှာလည်း
2026-06-05 07:22:33
0
yushi698
ÝúShí ♎️ :
အခုခေတ် ကံကောင်းတယ် ရုပ်ရှင်ကြည့်ယုံ စာရပြီ💕
2026-06-05 09:58:00
0
thi.hi351
Thi Hi :
2026-06-04 15:43:10
4
....20217
ဆုံမှတ် မူကထ :
ကြည့်ချင်နေပီ🥰🥰
2026-06-05 07:12:29
0
user2874447415130
Big Boss :
ကြည့်ချင်လှပီ
2026-06-04 13:54:42
0
waiyan7541
waiyan7541 :
ကြည့်ချင်နေပီ
2026-06-04 10:27:16
0
naingyethu2001
Naing Ye Thu :
''-
2026-06-04 09:31:24
0
myatphonekhant904
R!cky :
ကြည့်ချင်နေလို့ စိတ်လှုပ်ရှားနေပီ
2026-06-04 10:21:36
0
zann_664
L💞 :
first
2026-06-04 09:15:21
0
alisarallish
Thaw🌸 :
Setting ကောင်းကောင်း ကို focus ထားပေးပါ အဝတ်အထည် ပိုင်းကိုလဲ ပိုဂရုစိုက်ပေးပါ ထိုင်းဟန်မရောပါနဲ့ အရောင်အတောက်တွေ မသုံးပါနဲ့ တော်ဝန်ဆန်ပြီး မျက်စိအေးစေတဲ့အရောင်တွေရွေးချယ်ပါ စစ်သည်ရဲမက်တွေရဲ့ ဝတ်ဆုံတွေ အထူးဂရုစိုက်ပေးပါ ကြောင်"ကျား"တွေမဖြစ်ပါစေနဲ့ အရှိန်အဝါ တစ်ခုရနေပါစေ သံချပ်ကာတွေကို သေချာ ပြုလုပ်ပေးပါ ဖြစ်နိုင်ရင် လှံတွေ ဓားတွေ လက်နက်တွေကို အစစ်တွေ သုံးပေးပါ ဓားအကောင်းစားတွေအသုံးပြုပေးပါ အတုတွေမလုပ်ပါနဲ့ မြန်မာ့နန်းတွင်းသုံးဓားပုံစံတွေ သေချာလေ့လာပြီးဖန်တီးပါ မိဖုရားတွေကို လက်ဝတ်ရတနာတွေမှာ ရွှေတွေပဲ မဆင်ပဲ ကျောက်မျက်ရတနာအစုံဆင်ပါ ခေတ်အစဉ်အဆက် မြန်မာတော်ဝင် မျိုးနွယ်တွေဟာ မဝတ်ဖူးတဲ့ရတနာကျောက် မရှိပါဘူး Burmese Ruby တို့ မြန်မာ့တွင်းထွက်တွေ ပို promote လုပ်ပေးပါ ဆံပင်အပြင်အဆင်လဲ သတိထားပေးပါ ယောင်္ကျားလေးဆိုလဲ ယောင်္ကျားလေးမိန်းကလေးဆိုလဲ မိန်းကလေး သူ့အဆင့်အတန်းအလိုက် ဆံပင်ပုံစံတွေ ရှိပါတယ် အဲ့တာတွေလဲ promote များ" လုပ်ပေးပါ နောက်ပြီး ကျန်သေးတယ် မိဖုရားခေါင် ကစလို့ ကျန်တဲ့ မိဖုရားတွေ ရော မင်းသမီးတွေပါ ဝတ်ရတဲ့ ရာထူးအလိုက် အဆောင်တော်တွေပါ သေချာဖန်တီးပေးပါ သေချာ promote လုပ်ပေးပါ ကြည့်လိုက်တာနဲ့ ခမ်းနားမှုနဲ့ အရှိန်အဝါကိုရရှိ နိုင်ပါစေ အသုံးအဆောင်ပစ္စည်းတွေကအစ အဲ့ခေတ်အတိုင်း သေချာလုပ်ပါ အဲ့ခေတ်ရဲ့ မင်းသမီးတွေ မိဖုရားတွေ အလှပြင်ပုံတွေ details ကအစ မလွဲပါစေနဲ့ အရေးကြီးဆုံးက စစ်ချီတဲ့ အခန်းတွေရိုက်တဲ့အခါ လူအင်အားများများသုံးပေးပါ အထူးသဖြင့် အယုဒ္ဓယနဲ့တိုက်တဲ့အခန်း တွေမှာ လူအင်အားများများသုံးပြီး သူတို့ကို ဘယ်လိုအနိုင်ပိုင်းခဲ့ကြောင်းသေသေချာချာ ရိုက်ပြပါ✨🫶 အခုပြောတဲ့အချက်တွေ တစ်ချက်မှ မမေ့ပါစေနဲ့နော် မေတ္တာရပ်ခံတာပါ အကောင်းဆုံး ရုပ်ရှင်တကားဖြစ်စေချင်လို့ပါ အရမ်းမျှော်လင့်ခဲ့ရတာမို့ပါ🫶🫶
2026-06-04 16:37:43
32
cdramamyanmarfan
ဘာဘာညာညာ :
ကျွန်တော့်အနေနဲ့သာ ကုန်းဘောင်မင်းဆက် ရုပ်ရှင်ဖန်တီးမယ့် အဖွဲ့သားတွေ (ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ VFX ပညာရှင်တွေ) ကို အကြံဉာဏ် ပေးခွင့်ရမယ်ဆိုရင် နည်းပညာပိုင်းရော၊ အနုပညာပိုင်းပါ အောင်မြင်မှုရစေဖို့အတွက် အဓိကအချက် ၄ ချက် ကို အလေးအနက်ထားပြီး အကြံပြုချင်ပါတယ်ဗျ။ ၁။ "သမိုင်းသုတေသန" ကို အခြေခံကျောက်အုတ်အဖြစ် အရင်ချပါ (Historical Research First) VFX/CGI ဆိုတာ ပရိသတ်ကို စွဲမက်စေမယ့် အပေါ်ယံအလှဆင်မှု (Makeup) သာ ဖြစ်ပြီး၊ ဇာတ်လမ်းနဲ့ သမိုင်းနောက်ခံကတော့ ရုပ်ရှင်ရဲ့ အရိုးအဆစ် ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ပါ: ကုန်းဘောင်ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း ဝတ်စားဆင်ယင်မှု၊ နန်းတော်ဗိသုကာလက်ရာ၊ သုံးစွဲခဲ့တဲ့ စကားအသုံးအနှုန်းနဲ့ လက်နက်ကိရိယာတွေ မလွဲချော်စေဖို့ သမိုင်းပညာရှင်တွေ၊ ယဉ်ကျေးမှုပညာရှင်တွေနဲ့ သေချာ Pattern ချပြီးမှ 3D Model တွေ စဆောက်စေချင်ပါတယ်။ အသေးစိတ်ကို အသက်သွင်းပါ: နန်းတော်တိုင်က ကနုတ်ပန်းတွေ၊ ရွှေချထားတဲ့ အရောင်အဝါတွေကအစ သမိုင်းဝင်မှတ်တမ်းတွေအတိုင်း တိကျလေလေ၊ ပရိသတ်က ရုပ်ရှင်ထဲကို ပိုပြီး စီးမျောသွားလေလေ ဖြစ်မှာပါ။ ၂။ "Hollywood Style" အတိုင်း Pre-Visualization (Pre-viz) ကို သေချာလုပ်ပါ VFX ရုပ်ရှင်တွေရဲ့ အသက်က ကြိုတင်ပြင်ဆင်မှု (Planning) ပါပဲ။ စတူဒီယိုထဲ Green Screen ရှေ့ရောက်မှ "ဘယ်လိုလုပ်ကြမလဲ" ဆိုပြီး စဉ်းစားရင် ဘတ်ဂျက်ရော အချိန်ပါ ကုန်ဆုံးသွားပါလိမ့်မယ်။ Pre-viz လုပ်ခြင်း: မရိုက်ကူးခင် ကွန်ပျူတာထဲမှာ ရိုးရှင်းတဲ့ 3D ကာရိုက်တာ အကြမ်းထည်တွေနဲ့ ကင်မရာအလှည့်အပြောင်း၊ မင်းသားမင်းသမီးတွေရဲ့ တည်နေရာ (Blocking) ကို အကြမ်းဖျင်း အရင်စမ်းသပ်မောင်းကြည့်တာမျိုးပါ။ ဒါမှ အပြင်မှာ တကယ်ရိုက်တဲ့အခါ ဘယ်နေရာမှာ အစိမ်းရောင်ပိတ်ကားထောင်ရမလဲ၊ ကင်မရာမန်းက ဘယ်လိုရွေ့ရမလဲဆိုတာ ကွက်တိသိမှာ ဖြစ်ပါတယ်။ ၃။ နည်းပညာနောက်ပဲ မလိုက်ဘဲ "မင်းသား/မင်းသမီးများ၏ သရုပ်ဆောင်ချက်" ကို အလေးပေးပါ VFX တွေ ဘယ်လောက်ခမ်းနားနေပါစေ၊ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ သရုပ်ဆောင်မှု ညံ့နေရင် အဲဒီရုပ်ရှင်က ပရိသတ်ရင်ထဲ မရောက်နိုင်ပါဘူး။ Green Screen သရုပ်ဆောင်မှု လေ့ကျင့်ပေးပါ: အနောက်မှာ ဘာမှမရှိတဲ့ အစိမ်းရောင်ပိတ်ကားရှေ့မှာ ရှေ့က နန်းတော်ကြီး သို့မဟုတ် စစ်တပ်ကြီး ရှိနေသယောင် စိတ်ကူးယဉ်ပြီး သရုပ်ဆောင်ရတာ မင်းသားမင်းသမီးတွေအတွက် အလွန်ခက်ခဲပါတယ်။ သူတို့ကို အဆောက်အအုံပုံစံတူ အကြမ်းထည်တွေ ပြပေးတာမျိုး၊ စိတ်ခံစားမှု ရလာအောင် ကြိုတင်အလုပ်ရုံဆွေးနွေးပွဲ (Workshop) တွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။
2026-06-05 07:11:52
2
thaelay17437
ငါဆိုတာဘောင်မဝင်ဘူး😒😒😒 :
အင်ပါယာကြီးဆုံးကတောင်ငုခေတ်ဘုရင့်နောင်ပါဗျာ
2026-06-05 05:40:17
0
cdramamyanmarfan
ဘာဘာညာညာ :
ကုန်းဘောင်မင်းဆက် ၁၁ ဆက်လုံး (အလောင်းမင်းတရားကနေ သီပေါမင်းအထိ နှစ်ပေါင်း ၁၃၀ ကျော် သမိုင်းကြောင်း) ကို ၅ ပိုင်း (5 Episodes သို့မဟုတ် 5 Parts) တည်းနဲ့ အပြီးရိုက်မယ်ဆိုတာကတော့ ဖန်တီးမယ့်အဖွဲ့သားတွေအတွက် အလွန်စွန့်စားရပြီး စိန်ခေါ်မှု အကြီးမားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်ဗျ။ ကုန်းဘောင်ခေတ်မှာ ခေတ်အပြောင်းအလဲတွေ၊ စစ်ပွဲတွေ၊ နိုင်ငံခြားရေးရာ ပဋိပက္ခတွေနဲ့ နန်းတွင်းရေး ရှုပ်ထွေးမှုတွေက အလွန်များပါတယ်။ ၅ ပိုင်းတည်းနဲ့ ရိုက်မယ်ဆိုရင် မင်းဆက်တစ်ခုချင်းစီကို ပြေးကြည့်ရသလို ဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းရင်း၊ ခံစားချက်တွေကို အသေးစိတ် ချပြဖို့ အချိန်မလောက်နိုင်ပါဘူး။ ရုပ်ရှင်ရဲ့ အသက်က ဇာတ်အိမ်ဆွဲဆောင်မှုပါ။ အချိန်တိုတိုအတွင်း မင်းဆက် ၁၁ ဆက်လုံးကို သိမ်းကျုံးပြောရရင် ဇာတ်လမ်းက မြန်ဆန်လွန်းပြီး ပရိသတ်အနေနဲ့ ဇာတ်ကောင်တွေအပေါ် သံယောဇဉ်တွယ်ဖို့ နေနေသာသာ၊ ဘယ်သူက ဘယ်မင်းဆက်ဆိုတာတောင် လိုက်မှတ်ရတာနဲ့တင် ခေါင်းရှုပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်နဲ့ အချိန်ကန့်သတ်ချက်ကြောင့် ၅ ပိုင်းပဲ ရိုက်ရမယ်ဆိုရင်တော့ "မင်းဆက် ၁၁ ဆက်လုံးကို တစ်ပြေးညီ လိုက်မရိုက်ဘဲ" ကုန်းဘောင်ခေတ်ရဲ့ အချိုးအကွေ့ အဓိက အခန်းကဏ္ဍ ၅ ခု ကိုပဲ ရွေးထုတ်ပြီး Anthology (ဇာတ်လမ်းတိုစုစည်းမှု) စတိုင် ရိုက်ကူးတာက ပိုပြီး ထိရောက်ပါလိမ့်မယ်။ ဥပမာအားဖြင့် - အပိုင်း (၁) ခေတ်ဦး (The Rise): အလောင်းမင်းတရားကြီး၏ ဟံသာဝတီကို အောင်နိုင်ပြီး ကုန်းဘောင်အင်ပါယာကို စတင်တည်ထောင်ပုံ။ အပိုင်း (၂) စစ်မက်ခေတ် (The Empire): ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားစစ်ပွဲနှင့် တရုတ်-မြန်မာစစ်ပွဲကြီးများကို CGI/VFX ခမ်းခမ်းနားနားဖြင့် ပုံဖော်ပုံ။ အပိုင်း (၃) ယဉ်ကျေးမှုနှင့် အထွတ်အထိပ် (The Golden Era): ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် ဓညဝတီမဟာမြတ်မုနိရုပ်ပွားတော် ပင့်ဆောင်ခြင်းနှင့် အနုပညာ၊ ဗိသုကာ ထွန်းကားပုံ။ အပိုင်း (၄) အလှည့်အပြောင်းနှင့် ပြုပြင်ပြောင်းလဲရေး (The Modernization): မင်းတုန်းမင်းတရားကြီး၏ ရတနာပုံမြို့တည်ပုံနှင့် အနောက်တိုင်းနည်းပညာများ သွင်းကာ နိုင်ငံကို ခေတ်မီအောင် ကြိုးပမ်းပုံ။ အပိုင်း (၅) ခေတ်နှောင်း (The Fall): သီပေါမင်းလက်ထက် ပါတော်မူခန်းနှင့် ကုန်းဘောင်မင်းဆက် နိဋ္ဌိတံပုံ (အလွန် စိတ်မကောင်းစရာကောင်းပြီး ဒရမ်မာဆန်ဆန် ရိုက်ကူးနိုင်မည့်အပိုင်း)။မင်းဆက် ၁၁ ဆက်လုံးရဲ့ သမိုင်းစာအုပ်ကြီးအတိုင်း လိုက်ရိုက်ဖို့ကတော့ ၅ ပိုင်းနဲ့ လုံးဝ မလုံလောက်ပါဘူး။ ကြည့်ရတာ အရသာပေါ့သွားပါလိမ့်မယ်။
2026-06-05 07:18:39
2
user66099871416717
user66099871416717 :
ဘုရင့်နောင်လောက်မခမ်းနားပါဘူး
2026-06-04 14:01:01
1
dudeyuan526
Yum Yum :
ဘယ် streaming service မှာတင်လို့ရမှာလဲ။ မြန်မာက ဟာတွေက telegram ကဘဲအချောင်ကြည့်ကြမှာ
2026-06-04 18:25:34
0
p1w2h3
Phyo Wai Htet :
ကိုယ်တော့တော်တော်ကြိုက်နေပီ မျှော်လင့်နေခဲ့တာလည်းကြာပီ
2026-06-04 10:59:11
1
urmanyan
Yair Yan :
အများကြီးမမျှော်လင့်ဘူး ဂျူမုံလို k-seriesလောက်ကောင်းရင်ကို မနဲဟုတ်နေပြီ🥹
2026-06-05 05:24:36
0
whydoyouwanttocheckmypfp
☁️ :
ဒါမျိုးလုပ်တာ ဘယ်သူ့ရဲ့ အဓိက idea လဲ
2026-06-05 11:00:56
0
To see more videos from user @kong.baung.dynasty, please go to the Tikwm homepage.

Other Videos


About