@magway.news.channe: တတိယအကြိမ် ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး ( ဒုတိယနေ့ )ကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ အဆိုပါ အစည်းအဝေးပွဲကို အစီအစဥ် ( ၁၄ )ရပ်ဖြင့် ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အရေအတွက် (၆၀) ဦး တက်ရောက်ခဲ့ကြတယ် ။ တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ် ။ အဆိုပါကြယ်ပွင့်ပြ မေးခွန်းများထဲမှ တောင်သူများနှင့် ကုန်သည်ပွဲစားများအကြား စပါးဝယ်ယူရောင်းချရာတွင် မြန်မာ့အလေးချိန် အခြင်အဝင်နှင့်အညီ တင်းတောင်းဖြင့်ဝယ်ယူရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ ၊ မရှိ နှင့် စပ်လျဥ်းသည့်မေးခွန်းကို ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ် ( ၁ ) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်စိုး မှ မေးမြန်းခဲ့ပါတယ် ။ မကွေး ဇွန်လ ၄ ရက် #သုတမကွေး #သတင်းရုပ်သံ #Magway #News #Channel

Magway News Channel
Magway News Channel
Open In TikTok:
Region: MM
Thursday 04 June 2026 10:39:19 GMT
34237
1640
75
143

Music

Download

Comments

hanzawtun949
h.z.t :
စပါးဈေးကွပ်တခုတော့ကောင်းကောင်းထိန်းချုပ်နိုင်ကြပါတယ်
2026-06-04 15:07:14
3
myatsoe303
Myat Soe :
အဲ လောက်မအ တော့ပါဘူးဗျာ
2026-06-04 13:32:52
1
koyewintaung145
Ko Ye Wint Aung :
အခုဆို စပါးဝယ်ရင် ၁၄ ပိသာ ယူနေကြတုန်းပါခင်ဗျ ပွင့်ဖြူ စံပြ မှာပါ
2026-06-05 03:02:32
3
soe.ei563
Soe Ei🍀🌹 :
good
2026-06-05 11:00:28
0
b974464
B :
ကတ်တားကလဲ အဆင်ပြေ ပါတယ် အဆင်မပြေ တာက စပါး စျေးပါ
2026-06-05 02:30:59
2
soetun282
U Soe Tun :
လေးစားပါတယ်
2026-06-05 12:38:22
0
dawyinyinaye86
DawYinYinAye :
ဉီး🥰🥰🥰🥰🥰🥰🥰
2026-06-05 01:19:53
1
ukhingmyint39
U Khing Myint :
လေးစားလျှာက်ပါညီလေ
2026-06-05 11:21:10
0
vear263
爱•|Maxx✰ :
စပါးအဟောင်းလဲ14ပိသာာနဲ့ဝယ်နေတာပါ
2026-06-05 10:17:46
0
naythurein8015
Nay Thurein :
မြေဩဇာ လဲပြောပေးပါခင်ဗျာ
2026-06-05 10:24:53
0
ko.zaw.myint762
Ko Zaw Myint :
ကျွန်တော် တို့ပွင့်ဖြူမြို့နယ်မှာတော့ကတ်တားက၁တင်း၁၄ပိသာ၃၀သါးနဲရောင်းရပါတယ်
2026-06-05 03:45:59
0
999ngyi
Ko Maung Naing :
၁၈,၁၉ပိဿာနဲ့ ဝယ်နေကြတာပါ
2026-06-05 06:29:18
0
gen.pone
Gen Pone :
ကျေးဇူးပဲဥိးလေးမိရိုးဖလာပဲကောင်းပါတယ်ရှင့်
2026-06-05 06:21:10
0
user3723112023343
Rose Rose :
ကတ်တားကနားလည်တယ် စပါစျေးကိုနှိမ်ဝယ်နေတာပါ
2026-06-05 06:56:27
0
zaw.one371
Zaw One :
ပွဲစားတွေဝယ်တဲ့တင်းတောင်းက၁၈ပြည်တတင်းတဲ့ဗျ
2026-06-05 05:10:10
0
pyaesonehtet819
pyae sone htet :
ပွင့်ဖြူ၁မြို့ထဲပဲ ကွက်မလုပ်ပါနဲ့လို့ ။
2026-06-05 02:57:07
0
win.naing7784
Win Naing :
thatright
2026-06-04 17:43:24
0
u.zaw.lwin892
U Zaw Lwin :
ကုန်သယ် များမှ ဈေးကစားချင်းမခံရမှာပါ
2026-06-05 02:30:55
0
chocho08361
chocho :
ဦးရန်နိုင်စိုး🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-04 18:18:44
0
dar.dar2185
Dar Dar :
good
2026-06-04 20:28:57
0
zoegyi827
zoegyi827 :
ဒါကြီးကြ နောက်အလွန်ပြန်လွန်းနေတယ်ဗျာ။
2026-06-05 11:12:25
0
phoenyi69
phoenyi42 :
တို့အစ်ကိုကြီးပလား💞💞💞
2026-06-05 02:13:27
0
userkhet
Mya Khet :
စပါးအခြောက်လည်း ကတ္တားချိန်၂၈ကေျာ်အနည်းနဲ့ပဲကုန်သည်တွေကဝယ်ကြတာ
2026-06-05 01:50:18
0
ulaymyint94
layNge :
ဂွတ်သဟ
2026-06-05 01:21:01
0
st62635
ST :
တောင်းကြီးတွေနဲ့ ဝယ် တော့ ခံရတယ် တောင်းသေးတော့ ဝယ်သူက မဝယ်ချင် ကီလိုနဲ့ ဝယ်တာ အမှန်ပါ နောက်ပြန်ချင်နေတာ ပိဿာ နဲ့နားလည်ပါတယ်
2026-06-04 14:56:12
4
To see more videos from user @magway.news.channe, please go to the Tikwm homepage.

Other Videos


About