@kun.sai92: ဖူးခက်မြို့ရှိ တန်းလျားတခု မီးလောင်ပြီး မြန်မာလုပ်သားတွေ ထွက်ပြေးရ ဇွန်၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့၊ ဘန်ဂျိုရပ်ကွင်ရှိ အလုပ်သမားတန်းလျားအဆာင်တွင် ယနေ့ ဇွန်လ ၅ ရက်နေ့ ၊ နံနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်(၀၀:၁၅ နာရီ)ခန့်၌ မီးလောင်ကျွမ်းခဲ့ပြီး အလုပ်သမား ၅၀၀ ကျော် ဘေးလွတ်ရာသို့ အသက်လုထွက်ပြေးခဲ့ရကြောင်း ဖူးခက်သတင်းကဖော်ပြသည်။ ၎င်းမီးအား မီးသတ်ကား ၁၀ စီးကျော်ဖြင့် တစ်နာရီကျော်ကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ကနဦးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသည်ကျယ်ဝန်းပြီး ပတ်ပတ်လည်ကို သွပ်ပြားများဖြင့် ခြံစည်းရိုးခတ်ထားသော အလုပ်သမားတန်းလျားတစ်ခုဖြစ်သည်။တန်းလျား အတွင်း၌ အခန်းများစွာ တွဲလျက်ဆောက်လုပ်ထားပြီး လူနေရပ်ကွက်နှင့် နီးကပ်စွာ တည်ရှိသည်။ ၎င်းတန်းလျားတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲသံများလည်း အလျင်းသင့်သလို ထွက်ပေါ်ခဲ့ကြောင်း မီးသတ်သမားများကပြောသည်။ ထိုတန်းလျားအတွင်း နေထိုင်သည့် အလုပ်သမား ၅၀၀ ကျော်သည် ပိုင်ဆိုင်မှုများနှင့် လိုအပ်သော ပစ္စည်းများကို အလျင်အမြန် သယ်ဆောင်၍ အသက်လုကာ ထိုနေရာမှ ထွက်ပြေးခဲ့ကြကြောင်းသိရသည်။ ရဲတပ်ဖွဲ့က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးအရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားသည်။ ၎င်းတန်းလျားတွင်နေထိုင်ခဲ့သည့် မြန်မာအလုပ်သမားများသည် လက်ရှိတွင်ယာယီခိုလှုံရာနေရာ၌ နေထိုင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်ထည်များလိုအပ်နေကြောင်း ဖူးခက်ဘန်ထောင် ပရဟိတအဖွဲ့ကလည်း အကူအညီတောင်းထားသည်။ Photo - Phuket Hotnews / ဖူးခက်ဘန်ထောင် ပရဟိတအဖွဲ့ #ထိုင်းရောက်ရွှေမြန်မာ #ထိုင်းရောက်ရွှေမြန်မာ🇲🇲🇲🇲🇲🇲 #ထိုင်းရောက်📌မြန်မာများအတွက် #ထိုင်းအလုပ်ရှာဖွေရေး #foryou

Kun Sai
Kun Sai
Open In TikTok:
Region: TH
Friday 05 June 2026 05:01:44 GMT
3392
80
1
4

Music

Download

Comments

user36160136136067
အဝေးရောက် ချစ်သူ :
🥰🥰🥰
2026-06-05 05:11:48
0
To see more videos from user @kun.sai92, please go to the Tikwm homepage.

Other Videos


About