@iprd.kawthaung.new: ကော့သောင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ် ကော့သောင်း၊ ဇွန် ၅ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့အဏ္ဏဝါရပ်ကွက်ရှိ မဥ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲမြတ်တင့် မှ "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ ပြောကြား၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းဆောင်ရွက်စို့" "A Global Call for Climate Action" ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်သည် လူသားတိုင်းအတွက် ပိုမိုလုံခြုံကျန်းမာပြီး ကောင်းမွန်မျှတသော အနာဂတ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ဆောင်ပုဒ်ပါ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာလှုပ်ရှား ဆောင်ရွက်မှုများအား အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးသည့် အနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းနှင့်အတူ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း " အမှာစကားပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏သဝဏ်လွှာ ဗီဒီယိုများ ပြသခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ခရိုင်အဆင့်၊တိုင်းဒေသကြီးအဆင့်နှင့် အမျိုးသားအဆင့် Clean & Green School သန့်ရှင်းရေး၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရရှိသော ကော့သောင်းမြို့၊အထက(၁)ကျောင်းနှင့် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ) ဆုရရှိသော ကော့သောင်းမြို့နယ်၊ဘန်းကချွန်ကျေးရွာအုပ်စု၊စိုင်ဒင်းကျေးရွာတို့အား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပြီး ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့ အသိပညာပေးဗီဒီယို၊ ၂၀၂၆ခုနှစ် ခရိုင်အဆင့်၊တိုင်းဒေသကြီးအဆင့်နှင့် အမျိုးသားအဆင့်Clean & Green School သန့်ရှင်းရေး၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရ ကော့သောင်းမြို့၊အထက(၁)ကျောင်း၏ ပြိုင်ပွဲဝင်ဗီဒီယို၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ) ဆုရ ကော့သောင်းမြို့နယ်၊ဘန်းကချွန်ကျေးရွာအုပ်စု၊စိုင်ဒင်းကျေးရွာ၏ ပြိုင်ပွဲဝင်ဗီဒီယိုများ ပြသခဲ့ပြီး အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ဆုရကျောင်းသား ကျောင်းသူလေးများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ #kawthaung #news #fyp #environment #foryou
IPRD Kawthaung News
Region: MM
Friday 05 June 2026 06:40:46 GMT
Music
Download
Comments
Song :
ဘယ်တုံးက
2026-06-05 15:35:17
0
To see more videos from user @iprd.kawthaung.new, please go to the Tikwm
homepage.