@o747008: တစ်စုံတစ်ယောက် ကိုယ့်အနားမှာ နေဖို့၊ မနေဖို့ဆိုတာ သူ့ရဲ့ ရွေးချယ်မှုပါပဲ သစ်ရွက်တစ်ရွက်က အပင်ပေါ်မှာ ဆက်ရှိနေမလား၊ ကြွေကျသွားမလားဆိုတာ လေပြည်ညင်းက ဆုံးဖြတ်တာ မဟုတ်ဘူး။ အဲ့ဒီ သစ်ရွက်ရဲ့ သဘာဝပါပဲ။ လူတစ်ယောက်က ကိုယ့်အနားမှာ ဆက်ရှိနေဖို့၊ မနေဖို့ဆိုတာလည်း... သူ့စိတ်နဲ့သူ ရွေးချယ်ရမယ့် ကိစ္စတစ်ခုပဲလေ။ ငါတို့တွေက ချစ်မိသွားတဲ့အခါ အရာရာကို အပိုင်ရပြီလို့ ထင်တတ်ကြတယ်။ ကိုယ့်ဘက်က ကောင်းပေးရင်၊ အလိုက်သိပေးရင်၊ သည်းခံပေးရင် သူလည်း ငါ့နားမှာ ရေရှည်ရှိနေမှာပဲလို့ ရိုးရိုးလေး မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့... သံယောဇဉ်ဆိုတာ အတင်းချည်ထားလို့ရတဲ့ ကြိုးမှမဟုတ်တာ။ ထွက်သွားချင်နေတဲ့လူတစ်ယောက်ကို အတင်းဆွဲထားတာဟာ ရိုးရိုးလေး လွင့်မျောချင်နေတဲ့ တိမ်တွေကို အခန်းထဲမှာ ပိတ်လှောင်ဖို့ ကြိုးစားနေသလိုပဲ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ နွေးထွေးအောင် လုပ်ပေးလုပ်ပေး သူကတော့ မွန်းကျပ်တယ်လို့ပဲ မြင်နေလိမ့်မယ်။ အဲ့ဒီတော့... သွားချင်တယ်ဆိုရင်လည်း ပြုံးပြုံးလေးပဲ လမ်းဖွင့်ပေးလိုက်ပါ။ သူ့ကို ပျော်အောင် မထားနိုင်ခဲ့တာ ငါ့ကြောင့်ပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာမနေနဲ့တော့။ မင်းက မင်းပေးနိုင်တဲ့ အချစ်နဲ့ စေတနာတွေကို အကောင်းဆုံး ပုံပေးခဲ့ပြီးပြီပဲ။ သူက ကိုယ့်ကမ္ဘာလေးထဲမှာ ခေတ္တနားခိုသွားတဲ့ ဧည့်သည်တစ်ယောက်ပဲလို့ သဘောထားလိုက်ပေါ့။ မင်း မရှိလည်း ညနေစောင်းရင် မိုးချုပ်သွားမှာပဲ၊ မနက်ဖြန်ဆိုတာလည်း ထုံးစံအတိုင်း အချိန်တန်ရင် ရောက်လာဦးမှာပဲ။ ကိုယ့်ဘဝလေးနဲ့ကိုယ် ကော်ဖီတစ်ခွက်သောက်၊ သီချင်းအေးအေးလေးနားထောင်ပြီး အေးချမ်းစွာပဲ ရှေ့ဆက်လိုက်ရအောင်။ ဘယ်သူ့ကိုမှ အပူကပ်ပြီး အတင်းတောင်းဆိုရမယ့် အချစ်မျိုးက ငါတို့နဲ့ မထိုက်တန်ပါဘူး။ #crd
ᴅᴇмoɴ ツ
Region: MM
Friday 05 June 2026 12:31:19 GMT
Music
Download
Comments
kyarphyuthin :
စာသားလေးရချင်မိ
2026-06-05 16:33:52
1
Nann Cherry Yate.Official 9.4M :
တကယိချစ်တဲ့သူကတော့အရိပ်တကြည့်ကြည့်နဲ့မစွန့်ခွာဘူးတကယ်မချစ်သစ္စာမရှိသူကတော့စွန့်ခွာမှာပဲ🥺🥺
2026-07-09 12:39:14
1
Htoo Htoo :
ကူးယူခွင့်ပြုပါ
2026-06-05 23:37:24
1
SUMON :
မင်္ဂလာပါ
2026-07-14 01:35:44
0
Pwasein :
nice song
2026-07-14 15:48:32
0
San ei :
your choice
2026-06-15 08:29:43
1
ရင်ဝှက်ပန်း :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-07-11 13:20:48
0
Nway Nway Aung :
copy ခွင့်ပြုပါရှင်
2026-06-07 13:47:00
1
Waddy⭐️⭐️⭐️ :
Copy မယ်နော်
2026-06-09 05:19:06
1
San Thet Win :
Right 👍👍
2026-07-14 01:51:24
0
Ah Saw (အိမ်ခြံမြေအကျိုးဆောင်) :
ရင်နာတယ် ကံကို ကိုယ်မယုံချင်ဘူး......
2026-06-06 02:21:28
1
Aye Aye :
[Sticker] ❤️❤️❤️
2026-07-10 09:48:33
0
Wãñ Sõ :
copy crd🥰
2026-06-06 08:12:52
1
Rose :
မှန်တာပေါ့ရှင်🥰🥰🥰
2026-06-05 21:54:56
1
May❤🍁 :
မှန်တာပေါ့ ရှင် ☺
2026-06-05 15:03:28
1
Min Thu :
စာသားပုံလေးယူအသုံးပြူပါရစေခင်ဗျာ☺️
2026-07-09 15:28:41
0
လင်းလင်းစိုး :
မှန်လိုက်တာရှင်🥰🥰🥰
2026-06-06 05:59:18
1
Oo Khin Mg Myint :
2026-06-24 14:29:55
0
Mu Lay :
မှန်တာပေါ့ရှင်🥰🥰
2026-06-19 09:32:14
0
🇲🇲ကျွန်းအိမ်🇲🇲 :
😳ဟုတ်တာ
2026-07-16 15:20:54
0
Min Taw Win :
မှန်
2026-06-07 11:06:58
1
Nyo Nyo :
မှန်တာပေါ့👍
2026-06-07 08:43:15
1
U Zaw Min Oo :
ဒီသချင်းကိုငါအမြဲးကြားနေရတယ်မင်းဘယ်သူဆိုတာငါသိတယ်ငါမခံစားနိူင်တော့ဘူးပြန်တွေ့တဲအချိန်ကသချင်းငါ့ကိုမုန်းလိုက်ပါတော့ငါမခံစားနိူင်တောဘူးငါ့အပြစ်နဲ့ငါရှိပါစေတော့မင်းထင်သလိုမဟုတ်ဘူး
2026-06-07 15:16:49
1
To see more videos from user @o747008, please go to the Tikwm
homepage.