@yelinthant91: ၁။ ကမ္ဘာတစ်ဝန်းက ဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္ပိတဘုရား အဖြစ် တကြိမ်တရားဟောမည်။ ၂။ တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။ ၃။တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။ ၄။ထိုအချိန်တွင် လူသက်တမ်းက ၁၀ နှစ်သာရှိတော့ပြီး ၅ နှစ်တွင် အိမ်ထောင်ပြုကြမည်။ ၅။ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိအားကြီးမည်။ ၆။မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သက်ဖြတ်ကြပြီး တရားဥပဒေ ကင်းမဲ့မည်။ ၇။တစ်ကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။ ၈။ စစ်ဘေး ကပ်ဘေး ရန်ဘေး များကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။ ၉။ကမ္ဘာတစ်ခုလုံး လူသားများ စစ်ဘေး ကပ်ဘေး များကြောင့် သေဆုံးကြသောအခါ တောနက်ထဲက သူတော်ကောင်း အနည်းစုသာကျန်မည်။ ၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာ လူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။ ၁၁။ သူတော်ကောင်းတို့ နေသောတောနက်များသည် သန့်ရှင်းစင်ကြယ်သော မြို့သစ်များ မြို့ကြီးများ ဖြစ်လာမည်။ ၁၂။ သူတော်ကောင်းများသာ ရှိ၍ ကမ္ဘာတွင်အေးချမ်းသာယာမည်။ တက်ကပ်ပြန်ဖြစ်လာမည်။ ၁၃။ လူ့သက်တမ်း ၁၀ နှစ် မှသည် တဖြည်းဖြည်းပြန်ရှည်ကာ အသခ်ျေသက်တမ်းအထိရှည်မည်။ ၁၄။ အသခ်ျေသက်တမ်းမှ ဆုတ်ကပ်ပြန်ဖြစ်ကာ အနှစ်တစ်သိန်းတန်းတွင် အရိမေတ္တယျ မြတ်စွာဘုရားပွင့်လိမ့်မည်။ အရိမေတ္တယျဘုရား၏ သက်တော်သည် ၈ သောင်း ရှိမည်။ ၁၅။အရိမေတ္တယ ဘုရားသည် လည်း သာသနာတော် နှစ် သုံးသိန်းခြောက်သောင်း ထားခဲ့လိမ့်မည်။ ၁၆။ထိုသုံးသိန်းခြောက်သောင်းပြည့်သော် ဘုရားငါးဆူပြည့်၍ ဤ ဘဒ္ဒကမ္ဘာကြီးပျက်စီးသွားမည်။ ၁၇။ ပျက်စီးပြီးနောက် ဘုရားမပွင့်သည် ကမ္ဘာတစ်သိန်း ဖြစ်တည်ပြီး ထိုကမ္ဘာတစ်သိန်းလွန်သော် မဏ္ဍ"ကမ္ဘာအသစ်ပြန်ဖြစ်မည်။ ၁၈။ ထိုကမ္ဘာတွင် ရာမသမ္ဗုဒ္ဓဘုရားနဲ့ ဓမ္မရာဇာဘုရား နှစ်ဆူ ပွင့်မည်။ #သာသနာနှစ်#(၅၀၀၀)ပြည့်ပြီးနောက်ပိုင်းဖြစ်လာမည့် တရားတော် အနာဂတဝင် ကျမ်းဆိုင်ရာများတို့မှ ထုတ်နုတ်၍ ဘုရားအလောင်း အဇိတရဟန်း၏ ဂုဏ်ဒြပ်သတ္တိကို ဖော်ပြခြင်း သာသနာ(၅)မျိုးကွယ်ခြင်း နိမ္မိတဘုရားတရားဟောခြင်း ၅-နှစ်သားအရွယ် သားသမီးများအိမ်ထောင်ကျခြင်း ကပ်ကြီးသုံးပါး ဖြစ်ပေါ်လာခြင်း။ နတ် သိကြား ဖန်ဆင်းပေးထား ကေတုမတီပြည်၏ ပြည့်စုံပုံအကြောင်း ဘုရားလောင်းစံရာ စည်းစိမ်များကို ဖော်ပြခြင်း နေ့ညခွဲမရအောင် ထိန်လင်းခြင်း ဘုရားရှင် တရားသံနှင့် ရုပ်တော်ကိုပါဖူးမြော်ရခြင်း လူ့တို့သည် နတ်တို့၏ စည်းစိမ်ကဲ့သို့ ပြည့်စုံစွာ ခံစားရခြင်း။ ကမ္ဘာဦးတည်စ ဘုရားငါးဆူ ကြာနိမိတ်ထင်ခြင်း အရိမေတ္တေယျဘုရားရှင်ကိုဖူးကြသူများပြုရမည့်ကုသိုလ်များကို ဟောကြားထားခြင်း ဂေါတမဘုရားပရိနိဗ္ဗာန်မဆံမည် ရှင်မဟာကဿပကြီးအား သာသနာ့တာဝန်ကိစ္စများကိုလွှဲအပ်ခြင်း စသည်တို့ဖြင့် ပြည့်စုံစွာ ဟောကြားထားပါ သဖြင့်-- #မူရင်းစာရေးသူအားcrdပေးပါတယ်ဗျ🙏🙏🙏#ဦးမင်းသူ ဒု ဦးစီးမှူး တိုင်းသာသနာရေးဦးစီးရုံး ပဲခူးတိုင်း(အနောက်ခြမ်း)ပြည်မြို့#မူရင်စာရေသူအား#ဂါဝါရပြုပါသည်🙏🙏🙏Buddha Buddhist buddhism ftyMyanmar 🇲🇲

저는 탄산민 그 넣습니다 미먄마 사란입니다
저는 탄산민 그 넣습니다 미먄마 사란입니다
Open In TikTok:
Region: MM
Sunday 07 June 2026 07:13:33 GMT
96446
12841
114
613

Music

Download

Comments

gjjgcjjbvh
yellow :
ဘုရားနှစ်ဆူပွင့်တာမဟုတ်ဘူး တစ်ဆူထည့်ပါ နှစ်ဆူစိုတော့ဘယ်ဘုရားကိုကိုးကွယ်ရမှာတုန်း
2026-08-18 23:05:14
0
nyinyinaing3431
🇲🇲Ko Htwe Khin🇹🇭 :
အခုက သာသနာ နှစ် ဘယ်နှစ် ခုရှိပြီလဲဗျ
2026-07-12 14:01:12
6
zawhtoo..1
Z.H.(Trader ( 📊) :
တာဆိုရင် ငါတို့လူသားတွေ့က သံသရာ လည်းနေတာပေါ့နော်😳
2026-08-10 16:47:03
1
hendrix99999
Hendrix :
မဖြစ်နိုင်ဘူးထင်နေတဲ့သူတွေ အရိမေတ္တေယျဘုရားသမိုင်း (သို့) ခေါင်းဖြီးထားမှ ပန်လို့ရဆိုတဲ့ တရားတော်ကို You Tubeမှာ ရှာကြည့်ပါနော် ပဲခူးဆရာတော် အရှင်ဘဒ္ဒန္တ တေဇောသာရ ဟောကြားတော်မူထားတဲ့ 4နာရီနီးပါးရှိတဲ့ တရားတော်ကို နာယူမှတ်သားကြပါ ၁။ ပရိယတ္တိသာသနာ ၂။ ပဋိပတ္တိသာသနာ ၃။ ပဋိဝေဓသာသနာ ၄။ လိင်္ဂသာသနာ ၅။ ဓာတုသာသနာဆိုတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော် (၅)ရပ် ကွယ်သည်ကစလို့ အရိမေတ္တေယျဘုရားရဲ့ ဘဝဇာတ်ကြောင်းပါ ဟောကြားထားလို့ အရမ်းသံဝေဂရစရာကောင်းပြီး နာကြားလို့ကောင်းတဲ့ တရားတော်ပါ🙏🙏🙏
2026-08-05 01:25:57
4
svrzwekhant
z khant🤪 :
no.4 ကတော့မဖြစ်နိုင်ပါဘူး
2026-07-30 11:07:48
1
koart300
🖕KO HEIN (YSO)🖕 :
တခုသိချင်တာကလေ ကျွတ်တမ်းဝင်တယ်ဆိုတာ ၃၁ဘုံ ဘာဆိုဘာမှမဖြစ်ဘဲ ကွယ်ပျောက်သွားတာကိုပြောတာလား
2026-08-03 12:31:33
0
khinmgchit01
KHIN MAUNG CHIT :
သာသနာနစ် မကြည့်ပဲ ခုလက်ရှိ မြန်မာပြည်ကိုသာကြည့်ပါ အ့တာအစပဲရှိသေးတယ်
2026-07-28 14:49:38
4
yatihtuntiktok2
Oak Soe Khant (ya ti tun )👰 :
သာဓု သာဓု သာဓု ဗျာ🙏🙏🙏
2026-06-07 08:58:55
2
lovelove28759
( ͝° ͜ʖ͡°)ᕤ :
( 人   •͈ ᴗ •͈ )
2026-06-07 08:26:48
1
zin.gyi6263
Prince of Pathein :
ဘယ်လိုသိတာလဲ
2026-08-01 02:13:16
0
khin.zin3825
khing zin ..official # :
သာဿနာပြုမင်းပေါ်ပြီး အနှစ် 5000 ပြည့်အောင် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 😌🙏
2026-07-15 06:08:37
2
chit.san.mung14
Chit San Mung? :
ဓာတ်တော်များစုဝေးခါတရားဟောချိန်တွင်မည်သည့်လူသားမှမပါဟုအရီမ ေတ္တးရတရားတော်မှာနားကျားရဘူးပါတယ်ဗျနတ်တွေသာလျင်ကျွတ်တန်းဝင်ကြပါလိမ်မယ်လို့သိရပါတယ်ဗျ အဲ့အချိန်တွင်လောကကြီးအမောင်ဖုန်းသွားပီဆိုပီးနတ်တွေကငိုကြပါလိမ့်မယ်လို့သိရပါတယ်ဗျ🙏
2026-08-08 12:58:57
1
saw.htoo6668
Saw Htoo :
သာဓု သာဓု သာဓု🥰
2026-06-11 10:10:35
1
khunpansein715
Khun Pan Sein :
များများတင်ပေးပါသာစုသာစုသာစု🥰🥰
2026-07-04 09:48:32
2
ama61056
new life💞💞💞 :
သာဓုသာဓုသာဓုပါ
2026-07-03 04:35:54
1
yoonwadia
yoon wadi :
သာသနာကွယ်တဲ့အချိန် လူသက်တမ်းက နှစ်၅၀မဟုတ်ဘူးလား ပီးမှထပ်လျော့မှာမဟုတ်ဘူးလား
2026-07-15 08:36:48
0
www.tiktok.comlazyboy2
lazy..🐼🐼🐼 :
လူတွေ လူတွေ ဒီလောက်ကပ်ဆိုဒ်နေတာကို လောဘ/ဒေါသ/မောဟတွေကဖုံး လွှမ်းနေဆဲ .....😞😞😞
2026-08-13 17:07:50
0
mg.htay.ln
ကျွန်တော်ချစ်သောမြကျေးတမာ :
သံဝေဂရပါတယ်အချိန်သိမ့်မရှိတော့ဘူးကြိုးစားမှရတော့မယ်🙏🙏🙏🙏🙏🙏🙏
2026-08-15 15:56:42
0
htetnaingp3
ရန်ကြီးအောင် :
သာဓု သာဓု သာဓုပါဗျာ
2026-08-17 02:26:46
0
mgtxant01
9/Yin pro :
🙏🙏🙏
2026-08-17 05:20:02
0
panja.gg
panja Gg :
🙏🙏🙏🙏🙏တရားကိုချစ်တာထက်အနက်ဖစ်အောင်သာ ရှာဖွေကျင့်သူံးသူတစ်ဦးပါ ဘာအရာမဆို ကိုယ်ပိုင်ညဏ်နှင့်မြင်မိရင် ဘာသနာ၅ထောင်ကို အလယ်လတ်သာကျွန်ုပ်အကောင်းဆိုးြမင်မိသည်🙏🙏🙏 🌻
2026-08-17 07:44:04
0
jgg.gg53
🎀ชื่อน้ามาค่ะ🌷 :
သာဓုသာဓုသာဓု
2026-08-17 06:43:46
0
aung11078tiktok.com
ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ :
🙏🙏🙏🙏🙏
2026-07-15 16:06:48
0
To see more videos from user @yelinthant91, please go to the Tikwm homepage.

Other Videos


About