@nyi.zay14: "အစားအစာကို ဘယ်​လိုစားကြမလဲ" ( ပါချုပ်​ဆရာ​တော်​ဘုရားကြီး - ရသတဏှာတရားတော် ) "ရသတဏှာ" အစားအစာနဲ.ပတ်သက်ပြီး အရသာကို တွယ်တာတဲ့ တဏှာကို ရသတဏှာလို့ ခေါ်ပါတယ်။ ရသတဏှာဟာ ကျန်တဲ့တဏှာတွေထက် ပိုဆိုးပါတယ်။ အခြားတဏှာတွေက ရိုးသွားတတ်ကြတယ်။ ရသတဏှာ ကျတော့ ရှောင်နိုင်တဲ့ပုဂ္ဂိုလ်အလွန်နည်းတယ်။ အသက်ရှင်ရေး ... လူတွေဟာ နေ့စဉ်နှင့်အမျှ အသက်ရှင် ရပ်တည်ရေးအတွက် အာဟာရနဲ့ကင်းပြီးတော့ မဖြစ်နိုင်ဘူး။ ဘဝရပ်တည်ရေးအာဟာရလိုအပ်တယ်။ ဒါကြောင့် ရသတဏှာဟာ ပယ်နိုင်ခဲတယ်။ အဲ့ဒီလို မဖြစ်ရလေအောင် ... ရသတဏှာ မဖြစ်ရလေအောင် မြတ်စွာဘုရားက အထူးဟောထားတာရှိပါတယ်။ ပဋိကူလသညာကမ္မဋ္ဌာန်း ရွံစရာလို့ ထင်လာအောင် အမှတ်ထားရမယ်။ ရွံစရာလို့ ထင်လာရင် တဏှာမဖြစ်တော့ဘူးလေ။ ဒီကမ္မဋ္ဌာန်းလေးကို လက်ကိုင်ထားသင့်တယ်။ မထားဘူးဆိုရင် ရသတဏှာကိုမထိန်းနိုင်တော့ဘူး။ မထိန်းနိုင်ရင် ဒီဘဝတွင်မကဘူး နောက်ဘဝမှာပါ ဒုက္ခရောက်နိုင်တယ်။ အစာစားတိုင်း ဆင်ခြင်... စားစရာနဲ့ပါတ်သက်ရင် ရည်ရွယ်ချက်ထားရမယ်။ဆင်ခြင်သုံးသပ်ပြီးမှ စားရမယ်။ "မထားရမဲ့ရည်ရွယ်ချက်များ" ပျော်ဖို့ပါးဖို့ ၊ကစားနိုင်ဖို့ မစားရဘူး။ မာန်မာနတွေတက်ဖို့ မစားရဘူး။ အသားအရေစိုပြေပြီး လှပအောင်၊အသားအရေ ပြည့်ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မစားရဘူး။ အဲ့လိုစားရင် ကိုယ့်သန္တာန်မှာ သံယောဇဉ်တွေဖြစ်လို့ အကုသိုလ်တွေ တိုးပွားစေပါတယ်။ "ထားရမည့်ရည်ရွယ်ချက်များ" အသက်ရှင်ဖို့အတွက်ပဲ စားရပါမယ်။ မျှမျှတတ နေလို့ထိုင်လို့ကောင်းအောင်စားမယ်။ မြင့်မြတ်တဲ့အကျင့်တွေ ကျင့်ကြံနိုင်ဖို့ စားမယ်။ ပင်ပန်းဆင်းရဲမှုတွေ ဖျောက်ဖို့ စားမယ်။ အစာစားခြင်းအကျိုးတွေကို ဆင်ခြင် စားပြီးတဲ့အခါ နှလုံးသွင်းပုံတွေက - ဆာလောင်မှုကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာ ဟောင်းပျောက်ဖို့ စားရခြင်းဖြစ်တယ်။ - အလွန်အကျွံစားတာမျိုးမဟုတ်ပဲ ဝေဒနာအသစ်ကို မဖြစ်စေရအောင်စားရခြင်းဖြစ်တယ်။ - ချမ်းချမ်းသာသာ နေလို့ရအောင်စားရခြင်းဖြစ်တယ်။ ဒီခေတ်ထဲမှာ ... - ဟင်းချိုမှုန့်၊ ကြက်သားမှုန့်တွေကို အသည်းက မချေဖျက်နိုင်လို့ ရောဂါရပေမဲ့တဏှာကို မလွန်ဆန်နိုင်လို့ စားနေကြတယ်။ - အသည်းကွဲတယ်ဆိုတာ ဒါကမှအစစ်။ - တညင်းသီးက ကျောက်ကပ်နဲ့ လုံးဝမတည့်ဘူး။ ဒီဘဝမှာ ... ဒီဘဝမှာ ဒီအကျင့်ဆိုးတွေကို မချိုးနှိမ်ရင် နောက်ဘဝအထိ ပါသွားမှဖြစ်တယ်။ အကျင့်ကနေ ဝါသနာ ဖြစ်သွားမယ်။ "ပဋိကူလသညာနဲ့ ဆင်ခြင်" ပါးစပ်​က စားလိုက်​တယ်​၊ ကိုး​ပေါက်​ဒွါရကထွက်​လာတာကြ​တော့ အားလုံးကချေး​တွေချည်းပဲ။ လည်​​ချောင်းရောက်​ပြီးလို့  ​ပြန်ထွေးထုတ်ကြည့်မယ်ဆို ရွံစရာက ဖြစ်​​နေပြီမလား။ လျှာ​ပေါ်မှာရှိချိန်​ မိနစ်​ပိုင်းသာ အရသာရှိတာနော်။ ဒါတွေကို ဆင်ခြင်ပြီး အကျင့်လေးလုပ်ထားကြဖို့ အလွန်အရေးကြီးပါတယ်။ သတိ၊အသိလေးနဲ့ ရသာတဏှာကို ပယ်​ရှားနိုင်ကြပါစေခင်ဗျာ။ မူရင်းစာစီထားသူအား ကျေးဇူးတင်ပါတယ်။ ထပ်မံဖြည့်စွက်ပြင်ဆင်ထားပါတယ်။ 🙏🙏🙏 #BuddhaDhamma #ပါချုပ်ဆရာတော်ဘုရာကြီး #ရသတဏှာ

Nyi Zay
Nyi Zay
Open In TikTok:
Region: EG
Sunday 07 June 2026 10:16:04 GMT
94
18
2
0

Music

Download

Comments

la.pyae.23456
💓La💞 :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-06-07 10:39:55
1
To see more videos from user @nyi.zay14, please go to the Tikwm homepage.

Other Videos


About