@myatmyatmon687: #သီရိမာ ကွယ်လွန်ခြင်း       ထိုနေ့၌သာလျှင် ညချမ်းအခါ သီရိမာသည် စုတေ သေရှာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ဇီဝက၏ နှမငယ်ဖြစ်သော သီရိမာသည် စုတေ သေလွန်ရှာပါပြီဘုရား”ဟု သတင်းစကား စေလွှတ်လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ထိုစကားကို ကြားတော်မူရလျှင် မင်းကြီး၏အထံသို့ “သီရိမာအလောင်းကို သင်္ဂြိုဟ်ဖွယ် ကိစ္စမရှိ၊ လူသေပစ်စွန့်ရာ သုသာန်တစပြင်၌ သီရိမာအလောင်းကို ကျီးတို့သည် မစားနိုင်သော အခြင်းအရာဖြင့် တုံးလုံးအိပ်ထားစေ၍ စောင့်ရှောက်စေကြကုန်ဦးလော့”ဟု သတင်းစကား ပြန်ကြားစေလွှတ်လိုက်လေ၏။ မင်းကြီးသည်လည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ အစဉ်အတိုင်း သုံးရက်တို့သည် လွန်ကုန်သည်ဖြစ်၍ လေးရက်မြောက်သောနေ့၌ ကိုယ်သည် ဖူးဖူးရောင်လေ၏။ ကိုးပေါက်သော ဒွါရအမာဝတို့မှ ပိုးလောက်တို့သည် ယိုထွက်လေကုန်၏ ကိုယ်အလုံးသည် ကွဲပျက်သဖြင့် သလေးထမင်းချက်အိုး ဆူဝေခြင်းကဲ့သို့ ဖြစ်လေ၏။ ရဟန်းရှင်လူပရိသတ်တို့ သီရိမာအလောင်းကို ကြည့်ရှု       ဗိမ္ဗိသာရမင်းကြီးသည်လည်း ရာဇဂြိုဟ်မြို့ကြီး၌ “အိမ်စောင့်သူငယ်တို့ကိုချန်ထား၍ သီရိမာကို ကြည့်ရှုခြင်းငှာ မလာကုန်သောသူတို့အား ရှစ်သပြာ မင်းဒဏ်သင့်စေရမည်”ဟု စည်လည်စေလေ၏။ ဘုရားရှင်၏ အထံတော်သို့လည်း “မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွလာတော်မူစေချင်ပါသည်ဘုရား” ဟူ၍လည်း စေလွှတ်လိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား “သီရိမာကို ကြည့်ရှုခြင်းငှာ သွားကြကုန်စို့အံ့”ဟု မိန့်ကြားတော်မူလေ၏။ ထိုပဉ္စင်းငယ်သည်လည်း လေးရက်တို့ပတ်လုံး တစ်စုံတစ်ယောက်သောသူ၏ စကားကို မနာယူမူ၍ ဆွမ်းအာဟာရဖြတ်လျက်သာ အိပ်စက်ကာ နေရှာလေ၏။ သပိတ်၌ ဆွမ်းသည် ပုပ်သိုးသည်ဖြစ်၍ သပိတ်၌ အညစ်အကြေး တက်လေ၏။ ထိုအခါ ထိုပဉ္စင်းငယ်ကို ထိုအဆွေခင်ပွန်း ရဟန်းသည် ချဉ်းကပ်၍ “ငါ့ရှင် - မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွတော်မူ၏”ဟု ပြောဆိုလေ၏။ ထိုရဟန်းငယ်သည် ထိုသို့သော အခြင်းအရာဖြင့် မွတ်သိပ်ဆာလောင်ခြင်း သဘောရှိသော်လည်း “သီရိမာ”ဟု ဆိုအပ်သော စကားအပိုဒ်၌သာလျှင် အဆောတလျင်ထတဲ့၍ “အဘယ်စကားကို ဆိုလေဘိသနည်း”ဟု မေးလေ၏။ “မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွသွားတော်မူ၏။ သင်သည်လည်း လိုက်ပါသွားအံ့လော”ဟု မေးသည်ရှိသော် “လိုက်ပါဦးမည်”ဟု ဆို၍ ဆွမ်းကိုစွန့်သဖြင့် သပိတ်ကိုဆေးပြီးလျှင် သပိတ်အိတ်၌ ထည့်သွင်းပြီးမှ ရဟန်းသံဃာတော်အပေါင်းနှင့် အတူတကွ လိုက်လာလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် နံပါးတစ်ဖက်၌ ရပ်တော်မူ၏။ ရဟန်းသံဃာ အပေါင်းသည်လည်းကောင်း၊ မင်းပရိသတ်သည်လည်းကောင်း၊ ဒါယကာ ပရိသတ်သည်လည်းကောင်း နံပါးတစ်ဖက် တစ်ဖက်၌ ရပ်တည်ကြလေကုန်၏။ သီရိမာကို ယူလိုသူ မရှိတော့       မြတ်စွာဘုရားသည် မင်းကြီးကို “မြတ်သောမင်းကြီး - ဤမိန်းမကား အဘယ်သူနည်း”ဟု မေးမြန်းတော်မူလေ၏။ “မြတ်စွာဘုရား - ဇီဝက၏နှမ သီရိမာအမည်ရှိသော မိန်းမပါဘုရား”ဟု လျှောက်ကြားလေသော် “ဤမိန်းမကား သီရိမာလော”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား - သီရိမာဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်ဆိုပြန်လေသော် “ထိုသို့ဖြစ်မူ တစ်ထောင်သော ဥစ္စာကိုပေး၍ သီရိမာကို ယူကြကုန်လော့ဟု မြို့တော်၌ စည်လည်စေလော့”ဟု မိန့်တော်မူလေ၏။ မင်းကြီးသည် ထိုဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်လေ၏။ တစ်စုံတစ်ယောက်သောသူမျှလည်း ငါယူမည် ဟူ၍လည်းကောင်း၊ ငါတို့သာဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား - မယူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုသို့ဖြစ်မူ မြတ်သောမင်းကြီး - အဖိုးကို လျှော့ချဦးလော့”ဟု မိန့်တော်မူပြန်လေ၏။ မင်းကြီးသည် “အသပြာငါးရာပေး၍ ယူကြကုန်လော့”ဟု စည်လည်စေပြန်သော်လည်း ယူလိုသောသူ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရသဖြင့် နှစ်ရာ့ငါးဆယ်၊ နှစ်ရာ၊ တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ့်ငါးသပြာ၊ ဆယ်သပြာ၊ ငါးသပြာ၊ တစ်သပြာ၊ ငါးမူး၊ တစ်မတ်၊ တစ်ပဲ၊ တစ်ချင်ရွေးပေး၍ သီရိမာကို ယူကြစေကုန်သတည်းဟု စည်လည်စေပြန်သော်လည်း တစ်စုံတစ်ယောက်သောသူမျှ ထိုသီရိမာကို အလိုမရှိ။ “အဖိုးအခမရှိ၊ အချည်းနှီး ယူကြစေကုန်သတည်း”ဟု စည်လည်စေပြန်လေ၏။ ငါယူပါမည် ဟူ၍လည်းကောင်း၊ ငါတို့သာ ဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် “မြတ်စွာဘုရား - အချည်းနှီး အလကားဖြင့်သော်လည်း ယူလိုသူမရှိပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့ - ကြည့်ရှုကြစမ်းလော့၊ များစွာသော လူအပေါင်းသည် ချစ်ခင်စုံမက်အပ်သော မာတုဂါမကို ဤရာဇဂြိုဟ်မြို့၌သာလျှင် တစ်ထောင်ပေးမှ ရှေးအခါ၌ တစ်နေ့သာ ရကြလေကုန်၏။ ယခုအခါ အချည်းနှီး အဖိုးအခ မရှိခြင်းအားဖြင့် ယူလိုသောသူမျှလည်း မရှိ၊ ချစ်သားရဟန်းတို့ - ဤသို့သဘောရှိသည်မည်သော ရုပ်အဆင်းသည် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ဘိသေး၏။ အခါခပ်သိမ်း နာကျင်လျက်ရှိသော အတ္တဘောကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏#သံဝေဂရကြပါစေ#

Babylay🇲🇲🇯🇵(Myat Myat Mon)
Babylay🇲🇲🇯🇵(Myat Myat Mon)
Open In TikTok:
Region: JP
Sunday 07 June 2026 13:18:15 GMT
332473
24591
309
349

Music

Download

Comments

nay.zar.shine
Nay Zar Shine :
ကောင်းတဲ့စိတ်လေးရှိလိုက်တာ
2026-06-08 02:23:13
16
uthantzaw24
Than Zaw :
မျက်မှန်လေးနဲ့လှလိုက်တာလို့ ပြောမလို့ရှိသေး ဘုရားဘုရားမရဏာနုဿတိ🥰🥰🥰🥰🥰
2026-06-12 12:34:17
1
useroys6b3f2av
ဝိုင် :
မျက်မှန်နဲ့ပိုလှလာတယ် ❤️❤️❤️
2026-06-13 13:54:35
0
aungsanlinkorea
Aungsanlin၉/သား (Korea) :
ငါလဲ အသိတရား ရတော့မှ ရမယ်
2026-06-10 14:05:56
0
cow5537111331506
cowမောင်လေး5537111331506 :
စာဖတ်အားကောင်းတဲ့သူလေးပဲ.. လေးစားပါတယ်နော်
2026-06-10 14:23:52
0
user018092826
Aung Aung :
🥰🥰🥰🥰🥰🥰စလုံးကအားပေးနေတယ်ဗျ🥰🥰🥰🥰🥰
2026-06-10 13:39:24
0
user9459245200532
Zaw 966 :
ချောတာ
2026-06-11 13:48:28
0
user7803778795745
Kyawsan@123 :
သံဝေဂ ရစရာပါဘဲ လေးစားပါတယ်နော် ညီမလေး
2026-06-11 11:36:59
0
thida.lay33
Thida Lay :
သီချင်းအဆိုရှင်နာမည်လေးသိချင်ပါတယ်ရှင်🙏
2026-06-11 14:01:38
0
user1125968260691
ချမ်းမြေ့ပါစေ :
ချစ်စရာလေးရိုးရိုးလေး🥰🥰
2026-06-10 02:06:20
0
am7032
AM :
ဒိလိုတင်ပေးတာကုသိုလ်အများကြိးရစေပါတယ် များများတင်ပေးပါဗျာ
2026-06-08 09:44:24
1
aung.htet.phyo11
aung htet phyo :
လွမ်းရပီ
2026-06-10 01:24:16
0
yenyi959
YenyiNyizaw🚐( Car Rental ) :
အသိတစ်ခုရခဲ့ပါတယ် သီချင်းကြိုက်လို့နားထောင်ရင်း
2026-06-09 04:01:10
0
user3373130578395
☺မမွန် 😊 :
🥰🥰🥰🥰🥰🥰🥰အရမ်းကောင်းတဲ့စာပေတွေတင်ပေးလို့ကျေးဇူးပါရှင်
2026-06-09 02:09:24
0
nyein.chan.789
Nyein Chan 789 :
အလကာပေးလဲ ယူမဲ့သူမရှိပေမဲ့ သောတပန်ဖြစ်ခဲ့ အမိ ကျွန်တော်တို့သာ ဘယ်လို ဘယ်ဘဝရောက်မယ်မသိရတဲ့ဘဝအခြေနေ
2026-06-08 13:14:51
7
ko.than.min06
Ko Ko :
အကောင် ဆုံးစာသားလေးတွေပါ
2026-06-10 09:48:46
3
nu.nu.yin409
Nu Nu Yin :
စာသားလေးကူးပါရစေရှင့်
2026-06-12 04:07:06
1
user671549122320
ဥိးကိုကို :
🙏🙏🙏 လေးစားစွာဂါရဝပြုပါသည်နှမငယ်
2026-06-08 10:37:41
0
daw.ohnmar989
Daw Ohnmar :
ဘယ်အရာမှ မမြဲ ပါတကား
2026-06-08 09:45:04
0
aungkyaw.u3
aungkyaw u :
တကယ်တော့ ယူတတ်ရင်မမြဲသောသဘောတရားကြီးကိုသိရှိပြီးတဲ့အခါသံဝေဂရစရာတွေအများကြီးပါ ကျေးဇူးလဲတင်ပါတယ်အခုလိုလေးတွေကိုပြန်တင်ပေးတဲ့အတွက်လဲ
2026-06-08 13:41:06
0
user2528104238300
phyo lay :
လူနဲ့ သီချင်းလေးနဲ့လိုက်ဗျာ မထင်ရဘူးနော် ကျွန်တော့်လိုဘဲ😉☺
2026-06-08 17:03:42
2
zaw.gyi3443
Zaw Gyi :
ချစ်စရာလေးဟ
2026-06-08 04:24:22
0
su_su_thein_92
❣️ ဇွန်နယုန်အောင် ❣️ :
ကျေးဇူးပါ သတိသံဝေဂ ရမိပါတယ်🥰
2026-06-12 16:02:16
1
hero24624
Maung Yin Kyi :
သီချင်းခေါင်းစဥ်လေးသိခြင်ပါတယ်
2026-06-08 13:11:52
2
To see more videos from user @myatmyatmon687, please go to the Tikwm homepage.

Other Videos


About