@khun.nc198810: #အပြန် ____________ သစ္စာပိုင်စိုး ရတနာရှာဖို့ ထွက်ခဲ့တာ တူးနေမိတာ မိုက်တွင်းတွေ နွားနို့လိုချင်တာ ဂျိုသွားညှစ်တော့ ဂြိုဟ်သားမဖြစ်ပဲ ဂြိုဟ်ကောင်ဖြစ်လာတယ် ဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က လက်အုပ်မချီဖြစ်တာလည်း လက်နှစ်ဖက်စာ နှစ်များကြာ နေဝင်စငှက်တွေ အိပ်တန်းတက်တာမြင်တော့ မဆီမဆိုင် အိမ်လွမ်းတတ်လာတယ် မျှော်လင့်ခြင်းတွေ လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ် ကိုယ်အညွန့်လေးတလူလူတက်ဖို့ အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ "ဒီလောက်တောင်ပဲလားသားရယ် ပြန်ခဲ့ပါ"တဲ့ "အမေ...ယုံကြည်ချက်နဲ့မာနတရားဆိုတာဒီလိုရှိပါတယ်"ဆိုပြီး ရသမျှဒုက္ခတွေ အမေ့ဆီ ခဏခဏ ပြန်ရောင်းခဲ့ အမေပေးသမျှတွေက ဟောင်းနွမ်း ပျောက်ရှ ပျက်စီး ဆွေးမြေ့ပြီး ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ ညနေတိုင်ရင် လမ်းမထွက်တဲ့မျက်ရည်တွေဖြစ် အခုတော့ စိတ်ညစ်ညစ်ရှိတိုင်း အမေပုခက်နဲ့ လွှဲသိပ်သလို မူးပြီးမှ အိပ်ပျော်တတ်လာတယ် တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့ ဘာမှမယူနိုင်လည်း နေပါစေ အမေကြိုက်တတ်တဲ့ ဆံပင်ပုံလေးညှပ်ပြီး သပ်သပ်ရပ်ရပ် ပြန်လာတယ်ဆိုရင်ပဲ ရင်ဘတ်ကလေး လက်နဲ့ဖိပြီး ပြုံးပြုံးကြီး ရပ်ကြည့်နေမယ်ဆိုတာ သားသိပါတယ် အမေ။ #သစ္စာပိုင်စိုး #အပြန် #Credit #foryou

Khun NC
Khun NC
Open In TikTok:
Region: MM
Sunday 07 June 2026 15:28:46 GMT
61318
3520
150
161

Music

Download

Comments

thurain.win41
Uthurein :
ရောက်ရာ.ဘုံဘဝမှာ.အမေအေးချမ်းပါစေ အမေပျော်ရွှင်ပါစေ.နှလုံးစိတ်ဝမ်းအေးချမ်းပါစေ..အမေ🙏🙏🙏
2026-06-08 02:14:48
18
user612594488
Tik Toker :
2026-06-10 11:34:02
1
tinzawmoe666
💫 tin zaw moe 666 💫 :
copy ယူသုံး🥰ခွင့်ပြုပါ
2026-06-09 05:39:10
3
venom.venom590
Wãñ Sõ :
copy crd 🥰
2026-06-10 14:35:36
1
zawmin6436
Zin yaw :
အရမ်းကောင်းတဲ့ခံစားချက်ပါပဲ
2026-06-08 06:04:43
4
user4523366270879
naing🥰🥰 :
အသံနဲ့ဆိုတာကိုအရမ်းသဘောကျတာ
2026-06-07 16:27:06
4
hotekyi
Hope. Gyi :
2026-06-08 00:53:03
1
aungaung71450
OHN CHAW CYCLIST [ MDY STAR] :
2026-06-08 12:01:15
1
u.thein.han350
U Thein Han :
2026-06-08 01:18:08
1
khun.nc198810
Khun NC :
အပြန် ____________ သစ္စာပိုင်စိုး ရတနာရှာဖို့ ထွက်ခဲ့တာ တူးနေမိတာ မိုက်တွင်းတွေ နွားနို့လိုချင်တာ ဂျိုသွားညှစ်တော့ ဂြိုဟ်သားမဖြစ်ပဲ ဂြိုဟ်ကောင်ဖြစ်လာတယ် ဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က လက်အုပ်မချီဖြစ်တာလည်း လက်နှစ်ဖက်စာ နှစ်များကြာ နေဝင်စငှက်တွေ အိပ်တန်းတက်တာမြင်တော့ မဆီမဆိုင် အိမ်လွမ်းတတ်လာတယ် မျှော်လင့်ခြင်းတွေ လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ် ကိုယ်အညွန့်လေးတလူလူတက်ဖို့ အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ "ဒီလောက်တောင်ပဲလားသားရယ် ပြန်ခဲ့ပါ"တဲ့ "အမေ...ယုံကြည်ချက်နဲ့မာနတရားဆိုတာဒီလိုရှိပါတယ်"ဆိုပြီး ရသမျှဒုက္ခတွေ အမေ့ဆီ ခဏခဏ ပြန်ရောင်းခဲ့ အမေပေးသမျှတွေက ဟောင်းနွမ်း ပျောက်ရှ ပျက်စီး ဆွေးမြေ့ပြီး ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ ညနေတိုင်ရင် လမ်းမထွက်တဲ့မျက်ရည်တွေဖြစ် အခုတော့ စိတ်ညစ်ညစ်ရှိတိုင်း အမေပုခက်နဲ့ လွှဲသိပ်သလို မူးပြီးမှ အိပ်ပျော်တတ်လာတယ် တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့ ဘာမှမယူနိုင်လည်း နေပါစေ အမေကြိုက်တတ်တဲ့ ဆံပင်ပုံလေးညှပ်ပြီး သပ်သပ်ရပ်ရပ် ပြန်လာတယ်ဆိုရင်ပဲ ရင်ဘတ်ကလေး လက်နဲ့ဖိပြီး ပြုံးပြုံးကြီး ရပ်ကြည့်နေမယ်ဆိုတာ သားသိပါတယ် အမေ။ #သစ္စာပိုင်စိုး
2026-06-07 15:31:24
24
myo.min.ant
Myo Min Ant :
နှမျောတဲ့ကဗျာဆရာ ဖက်ရတာမျက်ရည်ကျရတယ်🥹🥹🥹😭😭😭😊😊
2026-06-07 23:58:54
1
nwaynge195
နွေငယ် :
"အပြန်" ကဗျာရဲ့ မူရင်းက ဒီလိုပါ အကို " အပြန် " ___________________ ဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က လက်အုပ်မချီဖြစ်တာလည်း လက်နှစ်ဖက်စာ နှစ်များကြာ အမျှော်တွေ လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ် ကိုယ့်အညွန့်လေး တလူလူအတွက် အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ "ဒီလောက်တောင်ပဲလား သားရယ် ပြန်ခဲ့ပါ" တဲ့ "အမေ ... ယုံကြည်ချက်နဲ့ မာနတရားဆိုတာ ဒီလိုရှိပါတယ်" ဆိုပြီး ရသမျှဒုက္ခတွေ အမေ့ဆီ ခဏခဏပြန်ရောင်းခဲ့ အမေ ပေးခဲ့သမျှတွေက ဟောင်းနွမ်း၊ ပျောက်ရှ၊ ပျက်စီး၊ ဆွေးမြေ့ပြီ ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ ညနေတိုင်ရင် လမ်းမ ထွက်တဲ့မျက်ရည်တွေဖြစ် ခုတော့ စိတ်ညစ်ညစ်ရှိတိုင်း အမေ့ပုခက်နဲ့ လွှဲသိပ်သလို မူးပြီးမှ အိပ်ပျော်တတ်တာပဲ။ တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့ ဘာမှ မယူနိုင်လည်း နေပါစေ အမေကြိုက်တတ်တဲ့ ဆံပင်ပုံလေးညှပ်ပြီး သပ်သပ်ရပ်ရပ် ပြန်လာတယ်ဆိုရင်ပဲ ရင်ဘတ်ကလေး လက်နဲ့ဖိပြီး ပြုံးပြုံးကြီးကြည့်နေမှာ သားသိပါတယ်အမေ ။ ။ သစ္စာပိုင်စိုး
2026-06-09 15:56:58
0
0asis...0panda.........0
0panda........0 :
မျက်ရည်ကျတယ်ကွာ
2026-06-08 07:56:38
2
teen_angle
Teen_angle :
သူရွတ်ပြတာက ပိုပြီးခံစားရတယ် 🥺🥺🥺
2026-06-08 01:40:26
1
nganaung207
Mg Nga Naung :
ကဗျာအစနှစ်ပိုဒ်ကစာသားမပါဘူးဗျ ဘာမှ မဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က ကနေ ကဗျာစတာပါ
2026-06-08 05:14:20
1
maynang181
maynang181 :
❤️ရသမျှဒုက္ခ တွေ အ မေ့ဆီခဏခဏ ပြန် ရောင်းခဲ့❤️
2026-06-07 15:57:27
3
naing.naing3890
Naing Naing :
အဲ့ကဗျာရွတ်တာ နားထောင်ဖူးတယ်...အမေ့ကို သတိရပြီး ငိုခဲ့ရတာ လက်နှစ်ဖက်စာ နှစ်များစွာ
2026-06-09 04:57:30
1
ng_wei0
b a d g e r :
ဒီစာတွေ မြင်တိုင်း ငါဟာလည်း မျက်ရည်မခိုင်ဘူး ငါ့မျက်ရည်တွေ မည်သူမှ မတွေ့စေရ!
2026-06-07 16:24:29
3
nang.htein.htein4
Naìng Htein Htein Linn :
ကြွေ
2026-06-09 11:17:03
1
user703784576
R Pai 2. (အာပေတူး) :
ပြောရရင်တော့ ဖတ်ကြည့်ပြီးအရာအားလုံးကိုလွမ်းသွားတယ်ဗျာ စာကောင်းကဗျာကောင်းကဖတ်ရခဲတယ်ဗျ ကျေးဇူးတင်ပါတယ်ဗျာ
2026-06-09 11:18:32
1
khinmaytun89
K :
ကောင်းလိုက်တာကွယ်🥰
2026-06-09 02:07:58
1
user862086666
Kyi Thar 🇲🇲 (Official) :
ထိရှ 🥹🥹🥹
2026-06-09 05:09:53
1
To see more videos from user @khun.nc198810, please go to the Tikwm homepage.

Other Videos


About